ဝိနည်းမှာ မသတ်ရမယ့် အသက်နှစ်ခု ခွဲခြင်းကို ကြည့်ပြီး တစ်ခုသာ တရားနဲ့  ပတ်သက်တယ်ဆိုတာ သိသာပါတယ်။ ဒါကြောင့် ဓမ္မမှာ ဘုရား ရဲ့ မသတ်ကောင်းတဲ့ အသက် ဟောချက်ဟာ လူ့ အသက် ဖြစ်ပါတယ်။
ဒါတွေကြောင့် ဘုရားဟောတဲ့ သီလမှာပါတဲ့ မသတ်ရဘူး ဆိုတဲ့ အသက်ဟာ လူ့ အသက်ပဲ ဖြစ်ပါတယ်။ တခြား အကောင်ဗလောင်တွေရဲ့ အသက်တွေ အကျုးံမဝင်ပါဘူး။ လူမဟုတ်သူတွေရဲ့ အသက်သတ်ဖြတ်မှုဟာ ဓမ္မအရာမဝင်တဲ့ အမှုသာ ဖြစ်ပါတယ်။ မပြောပလောက်တဲ့ အမှုပေါ့။ သို့ မဟုတ် အမှုမမြောက်တဲ့ အမှုဖြစ်ပါတယ်။
အသက်မသတ်သိက္ခာ လူ့ လက်ကမ်းမီ
ဘုရားဟာ ဂရုဓမ္မ သီလမှာ ပါတဲ့ အသက်သတ်ရှောင် အဓိပ္ပါယ်ကို အလွန်အချက်ကျကျ ဟောပြောသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟောပြော ချက်ဟာ လူလက်လှမ်း မီပါတယ်။ လူမလိုက်နိုင်အောင် မကျယ်ဝန်းပါဘူး။ ပိုးသတ်ဆေး၊ သားစား တိရိစ္ဆာန် ဒါတွေဟာ လူနဲ့  မကင်းတာတွေ ပဲ။ ဒါတွေကို လူရှောင်ရမယ်ဆိုရင် လူကဏ္ဍဟာ ကျဉ်းမြောင်းလိမ့်မယ်။ ဒါကြောင့် ဒါတွေဟာ လူလက်လှမ်း မမီတာတွေပဲ။
ဘုရားဟောတဲ့ မသတ်ရတဲ့ အသက်ဟာ လူလက်လှမ်းမှီပေမယ့် မနက်နဲတာ မဟုတ်ဘူး။ ဒီအသက်ကို သတ်ခြင်းဟာ ကာယကံရှင် ဘဝကို အနိမ့်အမြင့်တွေ အများကြီးခြားစေလိမ့်မယ်။ သူ့ ဝန်းကျင်က လူ့  လောကကြီးခြားစေလိမ့်မယ်။ သူ့ ဝန်းကျင်က လူ့  လောကကြီးထဲ ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုတွေ အများကြီး ခြားနား ဖြစ်ပွားစေလိမ့်မယ်။ ဒါကြောင့် ဒီအမှုဟာ ဒီလောက်နက်နဲ ပါတယ်။
ဒီအသက်သတ်ပြချက်ဟာ ပြရုပ်လွှာ
ဒီသီလ သိက္ခာပုဒ်ရဲ့ ဘုရား ကောက်နုတ်တဲ့ အနက်ဟာ စိတ္တဇ ကင်းပါတယ်။ လက်တွေ့ ကျပါတယ်။ အကျိုးများပါတယ်။ လိုက်နာဖို့  မခက်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဘုရားရဲ့ ရုပ်လွှာကို ပီပီပြင်ပြင် မြင်ခွင့်ရှိပါတယ်။ ဒီအချက်မှာ ဒီထက် ပီပြင်အောင် မြင်ခွင့် ရှိတဲ့ အချက် တချို့ ရှိပါသေးတယ်။ သိပ်ကျယ်သွားမှာ ဖြစ်ပါတယ်။ ခေါင်းစဉ်လောက် ပြောရအောင်။
ကိုယ့်ကိုယ်ကို ကာကွယ်ရင်း လူ့ အသက် သေသွားစေမှု၊ နောက်တစ်ခု အုပ်စုလိုက်တိုက်ပွဲဝင်ရင်း၊ လူ့  အသက်သေသွားစေမှု၊ ဒါတွေကိုတောင် လူ့ အသက်သတ်မှု၊ စာရင်းထဲ မသွင်းဘဲ ရှိလိမ့်မယ်။ တရားအရ သတ်စေစီရင်မှုနဲ့  စီရင်တဲ့ အတိုင်း သတ်မှုဒါတွေရောပေါ့။ အသက် သတ်မှု ဟောပြောချက်နဲ့  ဘုရားရဲ့ ရုပ်ပုံလွှာကို ဖောက်ကြည့်ချက်ဟာ သိပ်ကြီး ရှည်သွားပြီ တော်ကြတော့စို့ ။
မခိုးရ ဂရုဓမ္မ
ကျန်တဲ့ ဂရုဓမ္မသီလထဲက မပေးဘဲယူမှု၊ ရှောင်ကျဉ်ရမယ့် သိက္ခာပုဒ်နဲ့  စပ်လို့  ဘုရား ဘယ်လို အဓိပ္ပါယ်ယူတယ်လို့  ဖွင့်ကြည့်ပြီး ဘုရား ရုပ်လွှာကို ကြည့်ကြမယ်။ ဘုရားရဲ့ အဆိုအမိန့် တွေဟာ ဘုရားရုပ်လွှာကို ထင်ရှားစေတယ်။ မခိုးရနဲ့  စပ်ပြီး ဘုရား ဘယ်လို မိန့် ကြားသလဲ။
ခိုးမှုရဲ့ အဓိပ္ပါယ်ကို မကြွမ်းဝင်လို့  ယူတာကလွဲပြီး နည်းအမျိုးမျိုးနဲ့  ပိုင်ရှုင် မပေးဘဲ ပိုင်ရှင်ရဲ့ ဥစ္စာကို ရယူတာလို့  သိရပါမယ်။ ဒီအမှုကို အားလုံး ဒီလိုပဲ သိနေကြပါတယ်။ အခိုးမြောက်တဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းဟုတ်မဟုတ်နဲ့  ပိုင်ရှင်က လူဟုတ် မဟုတ် ဒါတွေပဲ ပြောစရာ ရှိပါတယ်။
ခိုးတာရှောင်တိုင်း ဂရုဓမ္မလား
ဘုရားက ခိုးတာတိုင်းကို ရှောင်ကြဉ်ရမယ်လို့  ဂရုဓမ္မ သီလ ခိုးမှု ရှောင်ကြဉ်တဲ့ သိက္ခာပုဒ်ရဲ့ အရလို့  မယူပါဘူး။ ခိုးတာတိုင်းကို မလုပ်ရလို့  မတားဘူးလို့  ဆိုလိုတာပါ။ တချို့ ခိုးတာတွေကို ဘုရား မတားဘူးပေါ့။ ဒါသိဖို့  ကောင်းပါတယ်။ ဂရုဓမ္မရဲ့ အနက်တွေဟာ အတိအကျ သိမှ ကျင့်လို့  ရမှာပါ။ ကျင့်လို့ မရတာကို လွဲမှားသိရင် ကျင့်သူ အခက်ကြုံမှာပေါ့။ ခက်တယ်ဆိုတာ အကျင့်ပြီးဆုံး မဖြစ်တာပဲ။ ဒီလို မဖြစ်ရအောင် ဒီဓမ္မတွေရဲ့ အနက် ဘုရား ဘယ်လို ဟောတယ်လို့  ကြည့်ရမယ်။
ဒီဂရုဓမ္မအဖွင့်နဲ့  ဘုရားဖူးမယ်
ဘုရားခေတ်က ဒီဓမ္မတွေရဲ့ အနက်ဖွင့်ရလောက်အောင် မကွယ်ဝှက်လို့  အနက် အထူးဖော်ပေးတာ ရှိချင်မှာ ရှိမယ်။ ဒါပေမယ့် ဟောချက် အရပ်ရပ်တွေကိုဆက်စပ်လိုက်ရင် ဓမ္မပိုဒ်တွေရဲ့ အနက်ဟာ အားလုံး ရှင်းသွားတာပဲ။ အဲဒီ အလင်းရောင်နဲ့  ဘုရားကို ပြန်မြင်ရတယ်။ ဒီနေရာမှာတော့ ဘုရားရုပ်သွင် မြင်ဖူးဖို့  ဒီဓမ္မတွေရဲ့ အဖွင့် ဘုရားဟောချက်တွေလို ကြည့်ကြမှာ ဖြစ်ပါတယ်။
နည်းနည်းခိုးတာ သီလမပျက်
ဂရုဓမ္မ သီလထဲက မခိုးရ သိက္ခာပုဒ်ရဲ့ အနက်မှာ နည်းနည်းပါးပါး ခိုးယူမှု မပါဝင်ဘူး။ ဒါသိဖို့  လိုတယ်။ ဒါကလေးလောက်တောင် လိုက်နာဖို့  ဖြစ်လာရင် ဒီသီလဟာ လူတွေ မလိုက်နာနိုင် ဖြစ်လာမယ်။ လူမလိုက်နာ နိုင်တဲ့ဟာကို ဘုရားက တရားလို့  မလုပ်ဘူး။ ဒါသိသာဖို့ ဆိုရင် ဝိနည်းမှာ ဘုရားဟောချက်ကို ကြည့်ရမယ်။
ခိုးမှုကို ပါရာဇိက ပုဒ်အဖြစ် ပညတ်တယ်။ အဲဒီမှာ သတ်လောက်တဲ့၊ ဖမ်းဆီးလောက်တဲ့၊ နယ်နှင်ခံရလောက်တဲ့ ပစ္စည်းဟာ အဲဒီခေတ်က တစ်မက်နဲ့  အထက် တန်ဖိုးရှိတဲ့ ပစ္စည်း ဖြစ်တယ်။ အဲဒီ တမက်မှာ ရွှေ၊ ငွေ တစ်ပဲသားစီ ပါဝင်တယ်။ ကာလ တန်ဖိုးနဲ့ ဆိုရင် ရွှေတစ်ပဲသား ကျော်ကျော် တန်ဖိုး ဖြစ်တယ်။ အဲဒီလောက် ခိုးမှ ပါရာဇိက ကျမယ်။
တန်ဖိုးကို ဒီလောက်ရှိရမယ်လို့  အတိအကျ ပြောတာ မဟုတ်ဘူး။ အပြစ်ပေးလောက်တာ ဖြစ်ရမယ်လို့ ပဲ ပြောရမယ်။ အပြစ်ပေးလောက်တာ မဟုတ်တဲ့ ပိုင်ရှင် မပေးတဲ့ ပစ္စည်းယူမှုအတွက် လူတွေမှာ အများအပြား ရှိနိုင်တယ်။ ဒါတွေဟာ ဂရုဓမ္မ သီလ မခိုးရသိက္ခာ မပျက်ဘူး။ ဒါကလေးတွေ ခိုးလို့  သီလ မပျက်ဘူးလို့  ဆိုလိုတာ။ ဒါလည်း သိဖို့  လိုတယ်။
ဘုရား(၂၈) လူမဟုတ်သူ့ အသက်သတ်မှုဟာ အဗ္ဗောဟာရိက
Labels:
ဘုရား