ဘုရား(၂၃) လူငယ်တစ်ယောက်ကို ဘုရားပြောတဲ့ နတ်

လုလင်တစ်ယောက်က ဘုရားကို မေးတယ်။ နတ်ရှိသလား လို့ ပဲ။ ဘုရားက ဖြေတယ်။ ရှိတဲ့နတ်ကို ငါသိတယ်လို့ ဘဲ။ အရှင် ဘုရားဖြေလိုက်တာက ဘယ်လိုလဲလို့  လုလင်က ပြန်မေးတယ်။ ရှိတဲ့ နတ်ကို ငါသိတယ် ဆိုတာ သိပ်ကြီး မထူးပါဘူးလို့  ဘုရားက ပြောတယ်။ လုလင်က နားမလည်ဟန် ရှိတော့ ဒီစကားကို ဘုရားက ထပ်ရှင်းတယ်။ ဘုရား ရှင် ရှင်းချက်ဟာ ဘုရားရဲ့ နတ် အရကောက်ဘဲ။ ရှင်းချက်က နတ်ဆိုတာ မြင့်မြတ်တဲ့ သူတွေရဲ့ အမည်ဖြစ်တယ်လို့  ဖြစ်တယ်။
ဘုရားရဲ့ နတ်အရကောက်ဟာ မိုးကောင်းကင်ပေါ်က သူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။ ဘုရားယူတဲ့ နတ်နဲ့  လူတွေ ယူတဲ့ နတ်မတူတာလည်း ထင်ရှားတယ်။



ဒီလို အပြောမျိုးကို တစ်ခြားတစ်နေရာမှာလည်း ဘုရားကပြောတယ်။ အဲဒါကတော့ ကောသလမင်းကြီးဟာ သူ့ လက်အောက်ခံ မြို့ တစ်မြို့ ကို သူ့ ကိစ္စနဲ့  လာတယ်။ အဲဒီ မြို့ နားက နိဂုဏ်းရွာကြီးမှာ ဘုရားရှိနေတယ်။ မမျှော်လင့်ပဲ တွေ့ တာဆိုတော့ လက်ဆောင်စကား ပြောစရာ သိပ်ရှိဟန် မတူဘူး။ ကြိုးစားပြောလိုက်တာနဲ့  တူတယ်။ သဗ္ဗညူ ငြင်းဆန် တေဝိဇ္ဇလက်မခံ ပြောပုံက ဘုရားကို လူတွေက အားလုံးကို သိတဲ့သူ (သဗ္ဗညု) ဖြစ်တယ်လို့  ပြောနေကြပါ တယ်။ အဲဒါ မေးပါရစေ။ သူတို့  ပြောတာ အမှန်လား။ အမှားလားလို့  ဖြစ်တယ်။ ဘုရားက အမှားဖြစ်တယ်လို့  ဖြေတယ်။ ဒီလိုဆိုရင် ဘယ်လိုပြောမှ ဘုရားကို အမှန်ပြောတာ ဖြစ်မလဲလို့  ကောသလက ထပ်မေးတယ်။ “တေဝိဇ္ဇ” (သုံးထပ်ကွမ်း ဝိဇ္ဇာ) လို့  ပြောမှ အမှန်ပြောတာ ဖြစ်မယ်လို့  ဘုရားက ပြန်ဖြေတယ်။

သဗ္ဗညုတ ငြင်းဆန် တေဝိဇ္ဇလက်ခံ

ဒါနဲ့  စပ်ပြီး ကောသလက မေးစရာကို ဆက်မေးပြန်တယ်။ ဗြဟ္မာဆိုတာ ရှိသလားလို့  ဖြစ်တယ်။ ရှိတဲ့ ဗြဟ္မာကို ငါသိတယ်လို့  ဘုရားက ဖြေတယ်။ အဖြေက ဝေ့မနေဘူးလားလို့  ကောသလက ပြန်မေးတယ်။ ရှိတဲ့ ဗြဟ္မာကို ငါသိတယ် ဆိုတာနဲ့  ဗြဟ္မာရှိတယ် ဆိုတာ သိပ်ကြီး မထူးပါဘူးလို့  ဘုရားက ဖြေပြီး ဗြဟ္မာအရကို ကောက်ပြတာကို ဘုရားက ဆက်ပြောတယ်။ ပြောပုံက ဗြဟ္မာဆိုတာ မြင့်မြတ်တဲ့ လူတွေရဲ့ အမည်လို့ ဘဲ ဖြစ်တယ်။ အဲဒီမှာ ကောသလနဲ့  အတူပါလာတဲ့ ကောသလရဲ့သား ဝိဋဋုပ စစ်သူကြီးက ဘုရားကို ဆက်မေးလိုက်တယ်။ အဲဒီ ဗြဟ္မာတွေ ဒီကို မလာဘူးလားလို့ ဘဲ။ ဝိဋဋုပကို သူ့ အမေးဆုံးတဲ့ အခါ အနန္ဒာက ဝင်တားတယ်။ ဝိဋဋုပ ဘုရားကို ဘုရင်ပြောပါစေ။ စစ်သူကြီးက ဘုရားနဲ့  ပြောမယ်လို့ ဘဲ။ ဝိဋဋုပက ဘုရားမေးတဲ့ မေးခွန်းအတိုင်း အာနန္ဒာကို မေးလိုက်တယ်။ အာနန္ဒာက ဗြဟ္မာကို မင်းမှ မသိဘဲ။ လာတော့ ဘာလုပ်ဖို့ လဲလို့  မေးတယ်။ လာရင် တိုက်ရအောင်ပေါ့လို့  ဖြေတယ်။ တိုက်ဖို့  ထားလို့  မြင်တောင် မမြင်နိုင်ဘူး။ မမြင်ဘဲ ဘယ်လို တိုက်မှာလဲလို့  အာနန္ဒာက ပြောတယ်။
ဒါတွေဟာ ဘုရားပြောတဲ့ နတ်ဒေဝါတွေရဲ့ အရတွေပါပဲ။ လူတွေသိတဲ့ နတ်ဒေဝါမျိုးတွေ မဟုတ်ကြဘူး။ ဘုရားပြောတဲ့ နတ်ဒေဝါဟာ တကယ့်အရှိနဲ့  ဆက်စပ်တယ်။ လူတွေရဲ့ နတ်ဒေဝါက စိတ္တဇတွေဘဲ။ သူတို့  စိတ်ထဲမှာ ရှိတာတွေပေါ့။

ရဟန်းများကို ဘုရားပြတဲ့ ဗြဟ္မာ
ဘုရားဟာ သူ့ ဆီလာနေတဲ့ သူ့  တပည့်ကြီး သာရိပုတ္တရာနဲ့  မောဂ္ဂလန်တို့ ကိုညွှန်ပြပြီး သူ့  အနားမှာရှိနေတဲ့ ရဟန်းတွေကို ပြောဆိုတယ်။ ရဟန်းတို့  ကြည့်ကြ ဟိုမှာ ဗြဟ္မာတွေ လာနေတယ်လို့  ဘဲ။ ဘုရားဟာ နတ်ဗြဟ္မာတွေ လူတွေရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်တွေနဲ့  အမည် တွေအဖြစ် ရယူခဲ့တယ်။ ရှေးက သေပြီးသူတွေရဲ့ ကြွင်းကျန်တဲ့ ဂုဏ်ရည်တွေကိုလည်း နတ်တွေ သုံးနှုန်းတယ်။
ဘုရားရဲ့ အတွေအမြင် အယူအဆတွေဟာ လူနဲ့  အနီးစပ်ဆုံး ဖြစ်တာ ဒီအချက်တွေက အထင်အရှား ပြနေတယ်။ ဒါကို ထပ်ဖြည့်ဖို့  အချက် တစ်ခု ရှိသေးတယ်။ အဲဒါလည်း သိဖို့  ကောင်းတယ်။

ဘုရားဆုတောင်း လက်မခံ

အဲဒါက ဆုယူကိစ္စပဲ။ ဘုရားဟာ လူသားဆိုတော့ လူသားဟာ လူသား တစ်ယောက်ကို ဖြစ်စေဆိုပြီး ဘာကို ဖြစ်စေနိုင်မှာလဲ။ ခုအခါမှာ လူတွေဟာ ဘုရားထံ ဆုတွေတောင်းကြတယ်။ တစ်ခုမက အများအပြားပဲ။ ဘုရားက ဆုပေးနိုင်သလို ဆုလည်း ပေးသလို လူတွေက ထင်နေ ကြတယ်။ အခုခေတ် ပေါက်ဆရာတွေဟာ ဆုပေးကြသလိုပေါ့။ ပေါက်ဆရာတွေက စိတ္တဇ ပုဂ္ဂိုလ်တွေပဲ။ စိတ္တဇ ပုဂ္ဂိုလ်ဟာ လူသား မဆန် ဘူး။ ဘုရားက စိတ္တဇ ပုဂ္ဂိုလ်လား လူသား ဆန်သလား ထင်ရှားလှတယ်။ လူတွေ နားလည်လို့  မရသူက စိတ္တဇဘဲ။ ဘုရားက လူတွေ နားလည်ဖို့  အရဆုံးသူပဲ။ ဒါကို ဆုယူအဖြစ်ဟာ ပေါ်လွင်စေလိမ့်မယ်။ ဘုရား လက်ထက်က ဘုရား တပည့်တွေဟာ ဘုရားဆီမှာ ဆုတောင်း တာတွေ လုပ်ဖူးကြတယ်။ ဘုရား တုန့် ပြန်ချက်က ပါဠိလိုဘဲ ပြောရအောင် “အတိက္ကာ မေဟိ” လို့  ဖြစ်တယ်။
အဲဒီ အချိန်က ဆွမ်းခံလာသူကို အိမ်ရှင်က မပေးလောင်းချင်လို့  ပြောတဲ့ စကားဟ အတိက္ကာ မေဟိ လို့ ပဲ ဖြစ်တယ်။ ကန်တော့ ဆွမ်းပေါ့။
ဘုရားကလည်း ဆုတောင်းတဲ့သူကို အတိက္ကာမေဟိလို့ ပဲ ပြောလိုက်တာချည်းဘဲ။ အဓိပ္ပါယ်ကတော့ သွားပေးဦးရော့ လို့ ပေါ့။ ဘုရားဟာ တကယ်ပဲ မပေးခဲ့ဘူး။ ပစ္စေကဗုဒ္ဓာ တွေဟာ ဆုပဲ ပေးတယ်။ ပေးတဲ့ ဆုကလည်း အမြန်ပြည့်စေလို့ ပဲတဲ့။ ပြည်တယ်လို့ လည်း သိထား ကြတယ်။ မကောင်းတာရော ကောင်းတာရော ပြည့်တယ်လို့ တောင် သိကြတယ်။ အခုခေတ် ဘာသာရေး တွေမှာလည်း ဆုတောင်းတာက ပဓါန လုပ်ငန်း ဖြစ်နေတယ်။ သူတို့ ကလည်း ပြည့်တယ်လို့  ထင်ထားကြတယ်။ ဒါပေမယ့် ဘုရားကတော့ တမူထူးခြားပြီး ဒါတွေကို ဖယ်ရှား ခဲ့တယ်။ ဆုတောင်းသူကို ကန်တော့ဆွမ်းဘဲ ပေးတာပဲ။

ဝိသာခါ ဆုတောင်း ဘုရားပယ်
တစ်ခါက ဘုရားကျောင်းအမကြီး ဝိသာခါဟာ ဘုရားကို ဆုတစ်ခု ပေးဖို့  တောင်းတယ်။ ဘုရားက အတိက္ကာ မေဟိ ဝိသာခါလို့  လှန်လိုက် တယ်။ တကယ်တော့ ဝိသာခါတောင်းတဲ့ ဆုဟာ ဘာတွေ ရပါလို၏ ဆိုတာမျိုး မဟုတ်ဘူး။ ဒါကြောင့် ဝိသာခါက ပြန်လျှောက်တယ်။ တပည့်တော် တောင်းမယ့် ဆုက တစ်ခြား မဟုတ်ပါဘူး။ ရဟန်းမတွေ ရေချိုးတဲ့ အခါ အဝတ်နဲ့  ချိုးနိုင်အောင် ရေသန့် နုတ်ခွင့်ပေးဖို့  ဖြစ်ပါတယ် လို့  လျှောက်ထားတယ်။ ဒါကိုတော့ ဘုရားက လက္ခံလိုက်တယ်။ ရှေးက ရဟန်းမတွေမှာ ရေသန့် နုတ်မရှိဘူး တုံးလုံးချိုးရတယ်။ ဝိသာခါက ဆွမ်းကြွေးတစ်ခုမှာ ရဟန်းမတွေကို ဆွမ်းစားပင့်ဖို့  လူလွှတ်လိုက်တယ်။ သွားတဲ့သူက ကျောင်းမှာ ရဟန်းမ မရှိဘူး။ အဝတ် မဝတ်တဲ့ ပရဗိုဇ်တွေပဲ ရှိတယ်။ ပြန်ပြောတာကို ကြားလိုက်ရတယ်။
ရဟန်းမတွေ အဝတ်မဲ့ ရေချိုးကြောင်း ဝိသာခါသိသွားတယ်။ ဒီလိုမသင့်ဆိုပြီး ဘုရားဆီမှာ သူ ဆုတောင်းတာပဲ။ ဘုရားက တခြား တောင်းဆို တာထင်လို့  အတိက္ကာမေဟိလို့  တားလိုက်တာဘဲ။
ဒါဟာ ဆုတောင်းတာကို ဘုရား လက်မခံကြောင်း သိရမယ့် အချက်ဖြစ်တယ်။ ဘုရားဟာ ဒီအချက်အရ လူနားမလည်စရာ ကောင်းသူ မဟုတ်တာ ထင်ရှားတယ်။
ပေးကမ်း လှူဒါန်းမှုတွေနဲ့  စပ်ပြီး ဘုရားရဲ့ သဘောထားဟာလည်း အလွန်ဘဲလူသားဆန်တာတွေ မြင်တွေ့  ခွင့် ရှိတယ်။ မသိရာတွေဖြစ်တဲ့ နောင် ဘဝတွေကို လက်ညှိုး မထိုးဘူး။ မိုးပေါ်တို့  မြေအောက်တို့ ကိုလည်း လက်ညှိုးမထိုးပြဘူး။ သူရဲ့ ဒါန အကျိုးပြပုံတွေဟာ တကယ်ပဲ လူသားဆန်တယ်။

Website counter

Back to TOP