ဘုရား(၂၄) ဂရုဓမ္မအတွက် နိုင်ငံရေး အုပ်ချူပ်ရေးဖြစ်ရ

ဒီဂရုဓမ္မကို စောင့်ရှောင့်ဖို့  အုပ်ချူပ်သူ မင်းဆိုတာ ပေါ်ခဲ့ရတာ။ မင်းက “ဒီဓမ္မတွေ ဖောက်ဖျက်သူကို သေဒဏ်၊ ချုပ်ဒဏ်၊ တုတ်ဒဏ် အစစတွေ ပေးပြီး အုပ်ချုပ်တယ်။ ဒါနဲ့  မရလို့  အတွေးအခေါ်တွေပါတဲ့ အုပ်ချုပ်ရေးတွေ ပြောင်းလဲ အုပ်ချုပ်တယ်။ ဟိန္ဒူမင်းတွေ ဖြစ်တဲ့ ရာမ၊ ခရစ်ရှနတို့ ပေါ့။ သူတို့ ဟာ ဘုရားတွေလို့ လဲ အမှတ်ခံရသွားတယ်။ အမှန်က မင်းတွေပေါ့။ သူတို့ ဟာ ဒီဂရုဓမ္မကို လူတွေ စောင့်ရှောင့် အောင် သဘောတရားရော အာဏာရော ပိုင်ကြတယ်။ ယေရှုခရစ်တို့ ၊ မိုဟာမက်တို့ လည်း သဘောတရားတစ်ရပ်ကို ကိုင်စွဲပြီး ဂရုဓမ္မကို လူ တွေ စောင့်ဖို့  အတွက် သူတို့  သဘောတရားနဲ့  အုပ်ချုပ်မှုဟာ မလုံလောက်ဘူးဆိုပြီး လူတွေက သူတို့ ကို အုပ်ချုပ်ရေး နေရာက ဖယ်ရှား ပစ်တာ။




နိုင်ငံရေး ကျဆုံးတော့ ဘာသာရေးဖြစ်
ဒီလိုဖယ်ရှားသူနဲ့  နန်ကျတွေ ဆိုတော့ ဒါမှမဟုတ်အာဏာရှင်ဟောင်းတွေ ဆိုတော့ သြဇာမကျဘူး။ သူတို့  ကို ယုံကြည်သူတွေ ဆည်းကပ် သူတွေ ဒုနဲ့  ဒေးရှိတယ်။ ဒီတော့ သူတို့ ဟာ နိုင်ငံရေး အာဏာ မရပေမယ့် ဘာသာရေးလို့  ဖြစ်ပြီး အထင်အရှား တည်ရှိနေကြတယ်။ အခု လည်း သူတို့ ဟာ လူတွေကို ဒီဂရုဓမ္မတွေကို လိုက်နာကြဖို့ ပဲ လုပ်နေကြတယ်။

ဂရုဓမ္မသီလရဲ့ လေးနက်မှုပမာဏ
ဒီဂရုဓမ္မဟာ ဂရုဓမ္မဆိုတဲ့ အတိုင်း အလွန် အလေးထားအပ်တဲ့ လူ့ ဆောင်စရာ ဓမ္မဖြစ်တယ်။ ဒီဓမ္မကို လူတိုင်း မပစ်ပယ်နိုင်ကြဘူး။ တလောကလုံး ဦးညွှတ်ကြရတယ်။ ဒါကို လူတိုင်း လိုက်နာအောင် နည်း အမျိုးမျိုးတွေ ဖော်ကြတယ်။ ရှေးက မင်းတွေရော၊ ဟိန္ဒူ ဗြဟ္မဏ တွေရော၊ ခရစ်ယာန်တွေရော မွတ်စလင် တွေရော၊သဘောတရား အမျိုးမျိုးတွေ တည်ဆောက်ကြတယ်။ ဒီသဘောတရားတွေဟာ ဂရုဓမ္မ ခိုင်မြဲအောင် ထောက်ကန်ပေးတဲ့ ဒိုင်းတို့  မြှားတို့  ကျားတို့ ပဲ။ လူတွေ ငြိမ်းချမ်းဖို့  ဆိုရင် လူအားလုံး ဒီဂရုဓမ္မကို လိုက်နာကြဖို့  လိုတယ်။
ဒီကနေ့  လောကတိုးတတ်မှု အထွတ်အထိပ်ရောက်နေတဲ့ လူတွေ အထိ ဒီဂရုဓမ္မကို လက်လှမ်းမမီကြသေးဘူး။ ဒါကို ကမ္ဘာ့ ဖြစ်ရပ်တွေက အထင်အရှား ပြနေတယ်။
ဒါကြောင့် ပြောခဲ့တဲ့ ဂရုဓမ္မနဲ့  စပ်ပြီး ဘုရား မဟောပုံ ရှေးက လူတစ်ယောက်ယောက် ဖော်တာလည်း မူဟုတ်ပုံနှင့် လူအားလုံးတို့ ရဲ့ ဆန္ဒအရ ဖြစ်ပေါ်လာပုံ လေးနက်မှု အတိုင်းအထွာ ကြီးမားပုံတွေကို သိသာဖို့  ပြောလိုက်တာဘဲ။ ဒါမှ ဘုရားရဲ့ ဂရုဓမ္မ အဓိပ္ပါယ်ကောက် လေးနက်မှု ရှိလိမ့်မယ်။

ဂရုဓမ္မသီလ (၅) ပါး
ဂရုဓမ္မမှာ အပိုင်းငါးပိုဒ် ရှိတယ်။
အသက်သတ်ရှောင်မှု
ခိုးယူလုယက်ရှောင်မှု
ကာတွေမှာ အကျင့်မှားရှောင်မှု
လိမ်လည်ခြင်း ရှောင်မှု
မူယစ်ဆေးဝါး မေ့လျော့အောင် သုံးခြင်းရှောင်မှု ဒီငါးခုဘဲ။

ဘုရားတရားနဲ့  ဂရုဓမ္မ
ဘုရားတရားတွေဟာ အစမှာ ဒါတွေ ရှောင်စေပြီး အလယ်မှာ ဒါတွေနဲ့  စပ်ပြီး ရှောင်နိုင်အားတွေ ပွားစေတာ ဖြစ်တယ်။ အဆုံးမှာ ဒါတွေ ရှောင်မှုနဲ့  စပ်ပြီး ဉာဏ်ပေါက်ပွားတာ ဒါတွေမှ ရှောင်ပြီးသား ဖြစ်သွားခြင်းပဲ။
ဒီတော့ ဒီဂရုဓမ္မတွေဟာ ဘုရားတရားရဲ့ အရင်းအမြစ်တွေပဲ။ ဘုရားတရားဖြစ်တဲ့ သဘောတရားတွေဟာလည်း ဂရုဓမ္မကို ထောက်ကန်ထားတဲ့ ဒိုင်း၊ မြှား၊ ကျား၊ တစ်မျိုးထဲကဘဲ ဖြစ်တယ်။ ဘုရားတရားရရင် ဂရုဓမ္မတွေ ရသွားတာဘဲ။ ဒီတော့ ဂရုဓမ္မပျက်လို့  ရောက်တဲ့ ဒုက္ခသိတယ်။ ဒီတော့ ဒီဒုက္ခကို ကောင်းထင်မှု တဏှာကို ပယ်တယ်။ ဒီတော့ ဒုက္ခမဖြစ်ဘဲ ဒုက္ခမှ လွတ်တယ်။ ငြိမ်းချမ်းတယ်ပေါ့။ ဘုရားက ဒီအမှန်လေးချက်ကို ပြသွားတယ်။ အမှန်လေးချက်ရဲ့ ဇာတ်လိုက်ဟာ အလယ်လမ်း ဓမ္မဘဲ။ အဲဒီဓမ္မရဲ့ လိုရင်းဟာ ဂရုဓမ္မ ဖြစ်တယ်။

ဂရုဓမ္မအရကောက် အရေးကြီး
ဒါကြောင့် ဒီဂရုဓမ္မတွေ အနက်မှန်ဖော်နိုင်ဖို့  သိပ်အရေးကြီးတယ်။ ဘုရားတရား တစ်ခုလုံးရဲ့ အခြေခံ တည်ဆောက်ချက်က ဒီဂရုဓမ္မ ဖြစ်တော့ ဂရုဓမ္မအရကောက် အမှန်ရဲ့ အပိုတွေ အလျော့တွေ ဖြစ်မယ်ဆိုရင် ဘုရားတရားရဲ့ ပုံဟာ အများကြီး ပြောင်းသွားစရာ ရှိတယ်။ ဒီတော့ ဂရုဓမ္မရဲ့ အနက်တိကျဘို့  လိုအပ်တာပေါ့။ ဒါတွေကောက်ကြရအောင်။

သက်တတ်လွတ်အဓိပ္ပါယ်
အသက်သတ်မှုက ရှောင်တယ်ဆိုတာကို ဘုရားဘယ်လို ဟောခဲ့သလဲ။ ဒါကို တစ်နေရာမှာ ပြောလောက်တာ သိမထင်ရှားဘူး။ ဟောချက်အနေန နေရာကဟာတွေ စပ်ကြည့်ရင်တော့ သိလာရမှာ ဖြစ်တယ်။
ဘုရားဟာ သူဖော်ခဲ့တဲ့ အလယ်လမ်း မဂ္ဂအရိယာသစ္စာမှာ သမ္မာကမ္မန္တလို့  ဟောထားတယ်။ ပြုလုပ်မှုသမာရမယ်လို့  အဓိပ္ပွါယ်ရတယ်။ မခိုး၊ မသတ်၊ ကာမ မမှားဘူးဆိုရင် အပြုသမာတွေပေါ့။
ဒီမှာ မသတ်ဆိုတာ ဘယ်သူ့ ကို မသတ်ဖြစ်ရမှာလဲ။ ဒါမပေါ်လွင်ဘူး။ သက်ရှိတိုင်းကို မသတ်ရမှာလို့  ယူစရာရှိတယ်။ ဘုရားရဲ့ တရားဟာ ရည်ရွယ်ချက်က ဘာလဲ။ ငြိမ်းချမ်းဘို့  ဖြစ်တယ်။ ဘယ်လို မငြိမ်းချမ်းတာလဲ။ မသမာမှု ဝဲဂရက်ရဲ့ စုပ်မြို တုတ်နှောင်မှုကြောင့် ဘဝပျက်တာ မငြိမ်းချမ်းတာဘဲ။

Website counter

Back to TOP