မင်းတရားတွေကို သွန်သာပစ်လိုက်

အနတ္တနဲ့  ပရမတ္တသစ္စာ၊ ပရမတ္တသစ္စာနဲ့  အနတ္တ တစ်သားတည်း ဖြစ်နေလေတော့- ဗုဒ္ဓမြတ်စွာကလည်း ပရမတ္တသစ္စာကို ဟောတယ်ဆိုပြီး “ဗုဒ္ဓနဲ့  အနတ္တ” “အနတ္တနဲ့  ဗုဒ္ဓ” ။ တစ်သားတည်းလို့  ထင်သွားကြပြန်တယ်။ သည်နေရာမှာ အနတ္တနဲ့  စပ်လျဉ်းပြီး တို့ အတွေ့ အကြုံကလေးကို အမှတ်တရ ပြောရဦး မယ်။

မင်းလွင်ခြံမှာ နေတုန်း ဒကာတစ်ယောက် ရောက်လာတယ်။ တို့  အဆုံးအမကို ရထားတဲ့ လူတစ်ယောက်နဲ့  ဆက်သွယ်ပြီး ရောက်လာတာပဲ။ သူကလည်း လူသစ်ပါ။ မိတ်ဆက် ပေးပါတယ်။ အသက်က နှစ်ဆယ့်ရှစ်နှစ်လောက်ရှိပြီ။ လူငယ်တစ်ယောက်လို့ ပဲ ဆိုရမှာ ပေါ့။ အလျင်ကတော့ သူက ပေတိပေတာ နေခဲ့တယ်- လို့ ဆိုတယ်။ အခုတော့ဖြင့် တရား တွေလိုက်စာပြီး ဓါတ်တွေ- ပရမတ်တွေကို နောကျေနေအောင်သိနေပါပြီ။ စကားလည်း တော်တော်ပြောတတ်တယ်။

တို့ ဆီရောက်လာတော့ တရားတွေပြောလိုက်တာ တရကြမ်းပါပဲ။ တရားတော်ရဲ့ ဓါတ်သ ဘာဝကနေပြီး လူအထိ ရောက်လာပြီးတဲ့နောက်၊ လူဟာ တကယ်အတည်မရှိပုံ အကြောင်းပေါ့လေ။ သည်လိုမျိုးနဲ့  ဓါတ်သဘာဝတွေကို သုညရောက်အောင် ဘယ်လို လုပ်ရမယ် ဆိုတာကို ပြောတော့ ငါက သူ့ ကိုပြန်မေးလိုက်ပါတယ်။
မင်းပြောတဲ့ အရာတွေဟာ နက်လည်း နက်ပါရဲ့။ ခက်လည်း ခက်ခဲပါရဲ့။ အဲသည် အကြောင်းအရာတွေကို ဟုတ်မယ်လို့ လည်း ထင်ပါရဲ့။ ဒါပေမယ့် မေးတော့ မေးဦးမယ်။
မင်းပြောနေတဲ့ အရာတွေကို သိပ်အရှည်ကြီး ပြောနေမယ်ဆိုလျင် တို့ က ဒါတွေကို သင်ကြားထားတာဆိုတော့ မင်းပြောတဲ့အတိုင်း နားလည်ပါတယ်။ မင်း ဘယ်ဆီရောက် အောင် ပြောမယ်ဆိုတာလည်း ရိပ်စားမိပါတယ်။ သည်တော့ သိပ်အရှည်ကြီးလည်း မဖြစ် အောင်၊ မင်းကို ငါ- မေးခွန်းတစ်ခု မေးစမ်းကြည့်ပါ့မယ်။ မင်း ဖြေကြည့်စမ်းပါ- လို့ ပြောပြီး-

မင်းအခုပြောနေတဲ့ တရားတွေဟာ ဘယ်လိုအကျိုးတရားကို ဖြစ်ပွားစေဖို့  အတွက် ကျင့်ကြံကြိုးကုပ် အားထုတ်ရတာတုန်း၊ သည်တရားတွေက မင်းကို ဘာပေးမှာတုန်း၊ ဒါကို ငါ့ကို ဖြေစမ်းပါ- လို့ မေးလိုက်တယ်။

မင့်တရားက မင်းကို နိဗ္ဗာန်ယူပေးမှာ မဟုတ်လား - လို့ ဆိုတော့ ဟုတ်ပါတယ် လို့  ပြန်ဖြေတယ်။ သည်လိုဆိုရင် မင်းတရားတွေကို သွန်သာ ပစ်လိုက်တော့ကွာ၊ အားထုတ် မနေနဲ့ တော့ လို့ ပြောလိုက်တော့၊ သူကလည်း ဘာဖြစ်လို့ တုန်း ဘုန်းကြီးရဲ့ လို့  အလန့်  တကြား ပြန်မေးတယ်။
မင်းမှ မရှိဘဲနဲ့  မင်းကိုပေးလို့ ရနိုင်ပါ့မလား
ငါက မင်းကို မင်းရဲ့တရားတွေ သွန်ပစ်လိုက်လို့  ပြောတာဟာ အလွယ်ပြောတာ မဟုတ်ဘူး။ ငါ မကြိုက်တာနဲ့  ပြောတာလည်း မဟုတ်ဘူး။ အကြောင်းနဲ့  ပြောနေတာပါ။

နိဗ္ဗာန်ကို မင်းရဲ့တရားက တစ်စက်မှ ယူမပေးနိုင်ဘူး။ ဒါကြောင့် မင်းရဲ့တရားတွေကို သွန် သာပစ်လိုက်တော့။ နိဗ္ဗာန်ရချင်တဲ့ ရည်ရွယ်ချက်နဲ့  သည်တရားကို ပွားများနေတာဆိုရင် ဆက်မလုပ်နဲ့ တော့။ သွန်သာပစ်လိုက်တော့- လို့  ငါက ပြောလိုက်တယ်။

သူကလည်း ဘာဖြစ်လို့  သွန်ပစ်ရမှာလဲ ဘုန်းကြီးရဲ့ လို့  မေးလေရဲ့။ သည်လိုနဲ့  တို့  က လည်း ဘာဖြစ်လို့  သွန်ပစ်ရမှာလဲ ဆိုတာသိရအောင် မင်းကို မေးခွန်းတစ်ခု ထပ်မေးရဦး မယ်။ သေသေချာချာ ဖြေကွာ- ဆိုပြီး
မင်း ခုနကပြောသွားတဲ့ တရားက မင်းရှိကြောင်းကို အသိအမှတ်ပြုရဲ့လား- လို့ မေးတော့ အသိအမှတ် မပြုပါဘူး လို့ ပြန်ဖြေတယ်။

မင်းတရားက မင်းရှိတယ် ဆိုတာကိုအသိအမှတ် မပြုဘူးဆိုရင် မင်းတရားက မင်းကို ဘာ ပေးနိုင်မှာဘဲ နိဗ္ဗာန်ဆိုတာကို ဘယ်လိုလုပ်ပေးနိုင်မှာလဲ လို့  ထပ်မေးတော့ ဘာဖြစ်လို့ လဲ ဘုန်ကြီး လို့ ပဲ သူကလည်း ထပ်ပြီးမေးပြန်တယ်။

မင်းမှ မရှိဘဲနဲ့  မင်းကိုပေးလို့  ရနိုင်ပါ့မလား၊ တကယ်တော့ မင်းရဲ့ တရားက မင်းကို တစ်စုံတရာပေးမယ်ဆိုရင် ပေးမယ့် ပစ္စည်း ရှိရုံနဲ့ တင် မပြီးသေးဘူး၊ အပေးခံရမယ့်သူ မင်းကလည်း ရှိနေဦးမှ ဖြစ်မှာပေါ့။ မင်းရဲ့ တရားက မင်း-ရှိကြောင်းကို အသိအမှတ်ပြုပေး ဖို့ လိုတယ်'- လို့  တို့ က ပြန်ဖြေလိုက်တယ်။
မင်းတို့ ဟာ အတော်မိုက်မဲတဲ့သူတွေ
တပည့်တော်ကတော့ တပည့်တော်ရှိတယ် - လို့ အသိအမှတ်ပြုပါတယ်- လို့ သူက လေသံပျော့ပျော့နဲ့  ပြန်ပြီးပြောရှာတယ်။
မင်းက မင်းကိုယ်ကို မင်း-ရှိတယ်လို့ အသိအမှတ်ပြုရုံနဲ့  မပြီးဘူး။ ဘာကြောင့်လို့ လဲဆို တော့ မင်းက နိဗ္ဗာန်ပေးမှာမှ မဟုတ်တာ။ မင်းရဲ့ တရားကသာ နိဗ္ဗာန်ကို ပေးမှာဆိုတော့ နိဗ္ဗာန်ယူပေးမယ့် မင်းရဲတရားက မင်းရှိတယ် ဆိုတာကို အသိအမှတ်ပြုမှ ဖြစ်မှာ။
ဒါတောင်မှ မင်းကလည်း မင်းရဲ့ တရားကို ကောင်းကောင်း မရသေးလို့ သာပါ။ တကယ်မရ သေးလို့  မင်းကိုယ်မင်း ရှိတယ်- လို့  အသိအမှတ် ပြုနိုင်တာ။ မင်းရဲ့ တရားနောက်ကို ကောင်ကောက်ပါအောင် လိုက်သွားပြီဆိုလျင် မင်းရဲ့ တရားက မင်းကို အသိအမှတ်မပြူ တော့သလို၊ မင်းကိုယ်တိုင်ကလည်း မင်းရှိတယ်- ဆိုတာကို အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး - လို့  ပြန်ပြောလိုက်တယ်။

မင်းရဲ့ တရားက မင်းရှိတယ်- ဆိုတယ်ကို သေချာပေါက် အသိအမှတ် မပြုပါဘူး။ သည်တော့ မင်းရဲ့ တရားမှာ နိဗ္ဗာန်ရှိတယ်- ဆိုတာတောင် ဘယ့်နှယ်လုပ်ပြီး ပေးမှာတုန်း သူက မင်းကို အသိအမှတ်မှ မပြုတာ။ ဒါကြောင့် မင်းရဲ့ တရားတွေကို သွန်သာပစ်လိုက် တော့- လို့ ငါပြောတာဖြစ်တယ်။

သည်လို ပြောလိုက်တယ်ဆိုလျင်ပဲ သူလည်း ခပ်ငိုင်ငိုင် ခပ်မှိုင်မှိုင် ဖြစ်သွားတယ်။ တို့ က လည်း-
တပည့်တော်တို့ ဘယ်လို မိုက်တာလဲ ဘုရား၊ တပည့်တော်တို့ လည်း တရားလုပ်နေကြ တာပဲ မဟုတ်လား၊ တရား လုပ်နေတာကို မိုက်တယ်- လို့ ပြောရမလား ဘုန်းကြီး- လို့  သူက အထွန့် တက်ပြန်တယ်။

Website counter

Back to TOP