အေး- မင်းတို့ မိုက်တယ်။ မိုက်ပုံကို ငါပြောပြမယ်။ မင်းတို့ က လူထဲမှာ လူကိုရှာတယ်။ ဒါမိုက်တာပဲကွ။ တကယ်တော့ လူဆိုတာ လူထဲမှာရှိတာ မဟုတ်ဘူး။ ပြောရမယ်ဆိုလျင် ကိုယ်ဝန်ဆောင်မိန်းမရဲ့  ဗိုက်ထဲမှာသာ လူကို ရှာလို့ တွေ့ ချင်တွေ့ မယ်။ ကိုယ်ဝန်ဆောင် မဟုတ်တဲ့ လူတွေအထဲမှာ လူကိုလိုက်ရှာနေလို့  ဘယ်တော့မှ လူကိုမတွေ့ ဘူးမှတ်။
လူထဲမှာ ရှိတာ အရိုးတို့ ၊ အသားတို့ ၊ အရေတို့ ၊အကြောတို့ ပဲ ဖြစ်တယ်။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဒါတွေပဲရှိမှာ မဟုတ်လား။ လူထဲမှာ ဘယ်လူကောင်ကြီး ရှိလိမ့်မလဲ
မင်းတို့ က လူထဲမှာ လူကိုရှာတယ်။ လူမရှိတဲ့နေရာမှာ လူကို ရှာတော့ လူကို မတွေ့ ဘူး။ မရှိတဲ့နေရာမှာ လိုက်ရှာလို့ မတွေ့ တာကို အရှာမှားလို့ မတွေ့ တာပဲလို့  မတွေးဘူး။ မရှိလို့ မတွေ့ တာ - လို့ ကောက်ချက်ချပစ်လိုက်တာ မိုက်တာပေါ့ကွ။
မင်း ဟိုဖက်လှည့်ကြည့်လိုက်စမ်း။ ဟိုဖက်မှာ ငါ့ကို လိုက်ရှာစမ်း။ သည်က် မလှည့်နဲ့ ။ ငါ့ကို တွေ့ မလား၊ ဘယ်တွေ့ လိမ့်မလဲ၊ မရှိတဲ့နေရာမှာ လိုက်ရှာနေတာကိုး။ သည်လို နေရာမှားပြီး ရှာလို့ မတွေ့ တာနဲ့ ငါမရှိဘူး- လို့ မကြေငြာလိုက်နဲ့ ၊ မင်းမှားသွားလိမ့်မယ်။
တကယ်တော့ မင်းတို့ မိုက်တာ အဲသည်လို မိုက်တာပဲ။ မင်းတို့ က လက်ထဲမှာ လက်ကို လိုက်ရှာတယ်။ လက်ထဲမှာ လက်ကိုလိုက်ရှာလို့ ကတော့ ဘယ်တော့မှာ လက်ကိုတွေ့ မှာ မဟုတ်ဘူး။ လက်ထဲမှာ လက်ကိုရှာရင်-
အရိုးက လက်လား၊
အကြောက လက်လား - ဆိုပြီး မင်းတို့ က လုပ်တယ်။
ကဲ - မင်းလက်မှာ နာရီရှိတယ်။ သည်နားမှာ နာရီရှာစမ်း ဆိုရင် မင်းလက်ပေါ်က နာရီကို ရှာမှာပဲ။ သည်လိုမဟုတ်ဘဲ နာရီထဲမှာ နာရီရှာလို့ ကတော့ မတွေ့ ရေးချ မတွေ့ ပေါ့ကွာ။
နာရီထဲမှာ နာရီကို ရှာလို့ ကတော့၊ နာရီကိုတွေ့ မှာ မဟုတ်ဘူး။ ၀န်ရိုးတွေ၊ လက်တံတွေ၊ ဇယားကွက်တွေပဲ တွေ့ မှာပေါ့။ ဘီးကလည်း နာရီ မဟုတ်ဘူး။ ၀န်ရိုးကလည်း နာရီမဟုတ်ဘူး။ လက်တံကလည်း နာရီမဟုတ်ဘူး။ ဇယားကွက်ကလည်း နာရီမဟုတ်ဘူး။
တကယ်က နာရီက မရှိတာ မဟုတ်ဘူး။ မရှိတဲ့နေရာမှာ လိုက်ရှာနေလို့  မတွေ့ တာကိုး။ ဒါကို မရှိတဲ့နေရာမှာ လိုက်ရှာလို့  မတွေ့ တာပဲလို့  မအောက်မေ့ဘူး။ မတွေ့ တာနဲ့ မရှိဘူး လုပ်ပစ်တတ်ကြတယ်။ မျက်စိအောက်မှာထားပြီး နာရီမရှိဘူး- လို့  လုပ်တတ်ကြတယ်။ မင်းတို့ လုပ်တာ ဟန်မကျဘူး - လို့ တို့ က ပြောတဲ့အခါ -
မင်းကိုယ်လေး မင်းပြန်တွေ့ အောင်
တပည့်တော် စဉ်းစားပါဦးမယ်ဘုရား - လို့ သူက ပြန်ပြောတယ်။
စဉ်းစားစရာ ဘာရှိသလဲ၊ မင်းစဉ်းစားစရာ ငါက ဘာပြောသလဲ လို့  တို့ ကလည်း ပြန်ပြော ရပါတယ်။
တကယ်လည်း ဒါဟာဖြင့် စဉ်းစားစရာ လို့ တို့ မထင်ပါဘူး။ တို့ နေရာ မှားရှာနေတာပါလား လို့ သိလိုက်ရုံပဲ- လို့ ပြောချင်တယ်။
သူ့ ကို သည်လိုပြောရင်း တို့ ဆရာသမား ချပေးတဲ့ သံပေါက် လင်္ကာကြီး သွားပြီး သတိရမိ တယ်။
ကိုယ့်လက်ထဲမှာ၊ လက်ကိုရှာ၊ ရှာသာရှာရ လက်မရ။
လူ့ ကိုယ်ထဲမှာ၊ လူကိုရှာ၊ ရှာသာရှာရ လူမရ။
သည်သံပေါက်ကလေးတွေ ဖြစ်ပါတယ်။
လူ့ ကိုယ်ထဲမှာ လူကို တွေ့ အောင်ရှာချင်တယ် ဆိုလျင်တော့ ကိုယ်ဝန်ဆောင်မိန်းမရဲ့ ဗိုက် ထဲမှာ ရှာမှ တွေ့ ရမှာပဲ။ လူတွေကဖြင့် သည်လူငယ်ကလေးလိုပဲ မိုက်ကြတယ်။ အနတ္တက လည်း အဲသည်လောက်ကြိုက်ကြတာ။ ဒါကိုလည်း သူက စဉ်းစားဦးမယ် လို့ ပြောသေး တယ်။
တို့ ပြောလိုက်တာနဲ့  ဒိုင်းကနဲ သိလိုက်ဖို့  မကောင်းဘူးလား။
ဒါနဲ့ သူ့ ကို နောက်ဆုံး ပြောလိုက်တယ်။
ငါက မင်းရဲ့  ကိုယ်ကလေးကို မင်းပြန်တွေ့ အောင် ပြောနေတာ။ အိမ်ပြန်ရောက်တဲ့အထိ မင်းရဲ့ ကိုယ်ကို မင်းပြန်မတွေ့ သေးဘူးဆိုရင်၊ မင်းကိုယ်ကို မင်းပြန်မရသေးဘူး ဆိုရင် မလာနဲ့ တော့။ မင်းကိုယ်ကို မင်းပြန်တွေ့ မှ ပြန်လာခဲ့- လို့ မှာလိုက်တယ်။
ဘုန်းကြီးကတော့ ဘုတောတဲ့ ဘုန်းကြီး - လို့  ထင်သွားမလားပဲ မပြောတတ်ဘူး။ သူ့ ကိုယ်ကလေးတောင်မှ သူမရတဲ့သူကို တို့ ကလည်း နောက်ထပ် မတွေ့ ချင်တော့ဘူး။ သူလည်း မလာတော့ပါဘူး။
မှန်တာသိတိုင်း တရားမရနိုင်
အဲသည်လောက် အနတ္တကို ကြိုက်ကြပါတယ်။ ပရမတ္ထသစ္စာနဲ့  အတင်းရိုက်သွင်းထားတာ ဆိုတော့ မှန်ကလည်း မှန်စေတာ မဟုတ်လား။
ဒါပေမဲ့ မှန်ရုံနဲ့ တရား မဟုတ်ဘူး။
မှန်ရုံနဲ့  တရားမဟုတ်ဘူးကွ။
်အရှေ့ ကနေထွက်တယ် - ဆိုတာ မမှန်ဘူးလား၊ ထုံးဖြူတယ် ဆိုတာ မမှန်ဘူးလား၊ အဲသည် အမှန်ကို သိရုံနဲ့ တရားက ဘယ်လို့ ရမှာလဲ။ သည်တော့ -
မှန်တာသိရုံနဲ့ တရားမရဘူး - ဆိုတာ သိနိုင်ပါတယ်။
တကယ်တော့-
အရိယသစ္စာထိုက်တဲ့ အမှန်မျိုးကို သိမှသာ တရားရနိုင်တာပါ။
အနတ္တသိချင်သတဲ့
အနတ္တနဲ့  စပ်လျဉ်းပြီး နောက်တစ်ခု သတိရလို့ ပြောရဦးမယ်။
မင်းလွင်ခြံမှာ နေတုန်းက လူငယ်တစ်ယောက် တို့ ဆီကိုလာတယ်။ လာတဲ့အချိန်က နေ့ လည် ဆယ့်နှစ်နာရီ ပိုပိုလောက်ရှိမယ်။ လာပုံက ယိမ်းထိုး ယိမ်းထိုးနဲ့ ။ ခြံတံခါးဝကနေ ကျောင်းအထိ လမ်းကလည်း တဖြောင့်တည်း ဖောက်ထားလို့  သူဝင်လာတာကို လှမ်းမြင် နေရတယ်။ သူလာတာ တစ်လမ်းလုံးအပြည့်ပဲ။ နေပဲ မကောင်းလို့ လား၊ အရူးများလား- လို့ တို့ က ထင်နေမိတယ်။ အသက်က အစိတ်လောက်ပဲ ရှိမယ်။
တို့ နားကို ရောက်တော့ ဘာကိစ္စလဲ - လို့ မေးလိုက်တဲ့အခါ ဘုန်းကြီးနဲ့ တွေ့ ချင်လို့ လာပါတယ်- လို့ ဖြေပါတယ်။ ဘယ်နယ်ကတုန်း ဆိုတော့ ပုလဲနယ်က - လို့ ပြောတယ်။ ဘုန်းကြီးတို့ ရဲ့ စာရွက်စာတမ်းကလေးတွေ၊ တရားကြိုးခွေလေးတွေ အနည်းအပါး နာကြား ဖူးပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့  ရွာပြန်ရောက်တဲ့အခါ ဘယ်လို တွေ့ ခဲ့ရတယ်ဆိုတာကို ပြန်ပြောချင်လို့  တွေ့ ရအောင် လာခဲ့တာပါ- လို့ ပြောတယ်။
ဒါနဲ့  အနားက ကုလားထိုင်မှာ ထိုင်ရအောင်လို့  နေရာပေးလိုက်တယ်။ သည်တော့မှ သူ့ ပါးစပ်က အရက်နံ့ နံနေတာ သိရတယ်။ သူက အရက်သောက်လာခဲ့တာကိုး။
အမှန်ကတော့ လာချင်စိတ်ရှိလို့  လာတာနဲ့  တူပါရဲ့ ။ မူးလျက်နဲ့ လည်း လာချင်စိတ်ပေါက် တာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါနဲ့  သူက တရားစကား ပြောစေချင်တာပေါ့လေ။ ဒါပေမဲ့ အရက် သောက်ထားတဲ့သူကို တရားစကားပြောလို့ မဖြစ်ဘူးဆိုပြီး မင်းတို့ ဆီမှာ မိုးရွာရဲ့ လား၊ ဘာအလုပ်လုပ်သလဲ၊ မွေးချင်းဘယ်နှစ်ယောက် ရှိသလဲ - စသည်ဖြင့် လူမှုရေး အလ္လာပ သလ္လာပတွေပဲ ပြောနေခဲ့တယ်။ သူနဲ့ တို့ နဲ့  အပေးအယူ မတည့်ဘူး- လို့ ပြောရမှာပေါ့။
သူက တို့ ဆီက တရားစကားကို ကြားချင်တယ်။ တရားဟောပါ ဘုန်းကြီး။ တခြားစကား တွေ လျှောက်မပြောပါနဲ့ - လို့ ပြောတယ်။
ဒါနဲ့  မင်းက သည်လောက် တရားဟောစေချင်တော့လည်း ဟောရတာပေါ့ကွာ။ မင်း ဘာ သိချင်သလဲ- ပြောစမ်း- ဆိုတော့ တပည့်တော် အနတ္တသိချင်တယ် လို့  ပြန်ဖြေတယ်။ ဟောကွာ!။ သူက ပြောလိုက်တာ အနတ္တ သိချင်သတဲ့။
မင်းတို့ က လက်ထဲမှာ လက်ကိုရှာတယ်
Labels:
တဏှာ ရှင်းတမ်း