လူတွေဆန္ဒနဲ့ ကင်းတဲ့ ကိုယ်ပိုင် ပညတ်ချက် ဓမ္မဟာ လူတွေငြင်းဆန်တာ ခံရမှာပေါ့။ မငြင်းဆန်နိုင်အောင် အလှည့်စား ကောင်းရင်တောင်မှ လူတွေမတိုးတက်တာဖြစ်ရမယ်။ ကိုယ်ပိုင်ပညတ်ချက် ဓမ္မကြောင့် လူတွေစိတ္တဇ၀င်ပြီး ကျဆုံး သိမ်ငယ်ကြမှာပေါ့။ ဟိန္ဒူသဘောတရားဟာဂရုဓမ္မကိုတည်ဆောက်ဖို့  ဖြစ်ပေမယ့် ဂရုဓမ္မကို သူကဘောဓမ္မက ချယ်လှယ်လွှမ်းမိုးပါတယ်။ ဒါကြောင့် ဟိန္ဒူတွေရဲ့  ဘ၀ဟာ ကျင်းမြောင်း ကျပ်တည်း လှပါတယ်။ ဟိန္ဒူဘာသာတရားဟာ ပျံ့ ပွားလို့ လည်း မရဖြစ်ပါတယ်။
ဒီကနေ့ ဟိန္ဒူလူတွေ များနေခြင်းဟာ တရားပျံ့ ပွားလို့  မဟုတ်ပါဘူး။ လူမျိုး ပျံ့ ပွားလို့ ဖြစ်ပါတယ်။
ဘာသာတရားများနှင့် ဂရုဓမ္မ
ဘယ်ဘာသာတရားမဆို လူတွေလိုလားတဲ့ ဂရုဓမ္မကို တည်ဆောက်တဲ့ သဘောတရားချည့် ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတစ်ခုခု ဟာ အတည်ဆောက်ခံ ဂရုဓမ္မကို ပုံပျက်အောင် မလွှမ်းမိုးကောင်းပါဘူး။ လွှမ်းမိုးရင် အဲဒီ ဘာသာတရားဟာ လူနဲ့  ကင်းကွားတဲ့ ဘာသာတရားဖြစ်မှာပါဘဲ။ ပြီးတော့လည်း ဘာသာတရားတစ်ခုခုရဲ့  သဘောတရားတွေဟာ ဂရုဓမ္မကို ကျော်ပြီး သဘောတရားက တစ် ၊ ဂရုဓမ္မက နှစ် ဆိုပြီး အပေါ်စီးက မယူသင့်ပါဘူး။
ဂရုဓမ္မကျော်ကြတဲ့ ဘာသာတရားများ
များသောအားဖြင့် လက်ရှိတည်နေတဲ့ ဘာသာကြီးလေးခုဟာ ဒီစည်းကိုမကျော်သူ မရှိကြပါဘူး။ သူတို့  အောက်မှာ ဂရုဓမ္မဟာ အောက်တန်း နောက်တန်းက အကြိုအကြေားမှာ ထိုးသိပ်ခံထားရတဲ့ အရာဖြစ်ပါတယ်။ သူတို့  သဘောတရားတွေကသာ အလွန်မြင့်မြတ်နက်နဲတဲ့ အရာတွေ ဆိုပြီး ရှေးတန်းနေရာ အားလုံးကို ယူထားကြတာချည်း ဖြစ်တယ်။
ဘာသာတရားများအပေါ် လူ့ သဘောထား
ဒါ့ကြောင့် ဘာသာတရားတွေဟာ လူတွေရဲ့ အစွန့် အခွာကို ခံကြရတာ ဖြစ်တယ်။ ဒီကနေ့  လူတွေရဲ့ ခေါင်းထဲမှာ ဘာသာတရားတွေကို သူတို့  ကို အလင်းရောင် ပေးနေတဲ့ အရာတွေလို့  မမှတ်ယူကြတော့ဘူး။ လုံးလုံးကျောခိုင်းသွားတာက ဘုရားကျောင်းတတ်ကြတဲ့ လူအစု အမက်ကို ခင်နေကြလို့  ဖြစ်တယ်။ လူဟာ လူစုအမက်နဲ့  ခွဲပြီး တစ်ယောက်ထဲ မနေဝံ့ကြဘူး။ နေသူဆိုရင်လည်း သင်းကွဲဆိုပြီး ဆင်းရဲပေး တာ ခံရတယ်။ ဒါ့ကြောင့် ဘာသာတရားတွေ အောက်စုနေကြတာ ဖြစ်တယ်။
လူတွေ ဂရုဓမ္မလိုချင်
ဒီလို ဖြစ်ရတာဟာ ဘာသာတရားတွေက သူတို့ သဘော တရားကို အသားပေးပြီး သူတို့  သဘောတရားနဲ့  တည်ဆောက်ရမယ့် လူတွေရဲ့ ဂရုဓမ္မကို ချောင်ထိုးထားကြလို့ ပဲ ဖြစ်တယ်။ သူတို့ ဆီ လူတွေ လိုချင်တာဟာ သူတို့  သဘောတရားတွေ မဟုတ်ဘူး။ ဂရုဓမ္မတွေဖြစ်တယ်။ ဒီလို ဖြစ်ပါလျက် ဘာသာတရားတွေက လူတွေကို သူတို့  သဘောတရားချည်း ရိုက်သွင်း ပေးနေကြတယ်။ မဝယ်ချင်သူကို မလျော့နိုင်ဘူး ပြောတဲ့ ဈေးသည်လို ဖြစ်နေတာပေါ့။
ဒီအကြောင်း နည်းနည်း ရှည်သွားပြီ။ တွေးနိုင်ဖို့  ဆန့် လိုက်တာ ဒီလောက်ဆိုရင် ဂရုဓမ္မကို သာသာတရားက မလွှမ်းမိုးသင့်ပုံ ပေါ်လွင်တယ်။ ကျန်တဲ့ ဘာသာတရားကြီး နှစ်ခုဟာ ဒီအချက်မှာတော့ ဂရုဓမ္မအပေါ် သူတို့  ဓမ္မက ချယ်လှယ်မထားတာ တွေ့ နိုင်တယ်။ ဟိန္ဒူလွန်တာကို ပြောရမယ်။ ဘုရားတရားဟာ ဟိန္ဒူနဲ့  ခြားတာကြောင့် ဟိန္ဒူရဲ့ ဂရုဓမ္မအဖွင့်နဲ့  ကွဲပြားရမှာပါ။ ကျန်တဲ့ ဘာသာကြီး နှစ်ခုပဲ ဒီအချက်မှာ တစ်သားထဲ တူရမှာ ဖြစ်ပါတယ်။
ဒါတွေကြောင့် ဘုရားရဲ့ မသတ်ရမယ့် အချက်ရဲ့ အနက်ဟာ လူ့ အသက်ပဲ ဖြစ်ပါတယ်။ အခြား အကောင်ဇလောင်တွေရဲ့ အသက် မဟုတ်ဘူး။
ဇီဝကနဲ့  ဘုရား
ဒါကို ဒီထက်ထင်ရှားအောင် ဘုရား လှုပ်ရှားချက်ကလေးတွေ နည်းနည်း မွှေကြည့်မယ်။ တစ်ခါက ဘုရားလက်ထက်မှာ ဆေးဆရာကြီး အဖြစ် ကျော်ကြားတဲ့ “မဂဓ” ပြည့်ရှင်မင်းကြီးရဲ့ အမတ်ကြီး “ဇီဝက” ဆိုတာ ရှိတယ်။ သူဟာ ဘုရားရဲ့ ကျောင်းတကာ တစ်ဦး ဖြစ်တယ်။ တစ်နေ့ မှာ ဘုရားကို အသားစားမှုနဲ့  စပ်ပြီးလျှောက်နေတယ်။ ဘုရားက အသားစားမှုနဲ့  စပ်ပြီး သူအသိပေး ပညတ်ပြီးသား ရှိတယ်။ လူသား၊ ဆင်သား၊ မြင်းသား၊ ကြားသား၊ ရည်ရွယ်သားတွေ မစားကြဖို့  ဖြစ်တယ်။
သတတာကို မြင်ရ ကြားရတဲ့ အသားနဲ့  ကိုယ့်အတွက် ရည်ရွယ် သတ်မှန်းသိတဲ့ အသား၊ အသားကြီး ဆယ်ပါး ဒါကလွဲရင် အသားတွေကို သံဃာဟာ စားခွင့် ရှိတယ်။ ဒါကို ဇီဝက ကဘုရား အသားစားတာ လူတွေက ပြောနေကြတယ်လို့  ဘုရားကို ပြန်လျှောက်တယ်။ အကြောင်း မသိလို့  လူတွေ ပြောကြတာပါ ဆိုတာမျိုးပဲ ဘုရား ပြန်ပြောတယ်။ အသားစားမှုနဲ့  စပ်ပြီး လိုအပ်တာကို ပညတ်ပြီးပြီ၊ ဒါကို လူတွေ မသိကြ ဘူး။ ဒီလို ပြန်ပြောတယ်။ ကျန်တဲ့ အသားကို မစားသင့်ဘူးလို့  မပညတ်သင့်ပုံ အဓိပ္ပါယ်မျိုးလည်း ဇီဝကကို ရှင်းပြတယ်။ ဇီဝကကလည်း နားလည်ပြီး ပြန်သွားရတာပဲ။
ဒေဝဒတ်ရဲ့ အသားစားရှောင် တောင်းဆိုမှုနဲ့ ဘုရား
ဘုရားဟာ အသားစားမှုနဲ့  စပ်တဲ့ သူ့ ရဲ့ သဘောထားကို ဒီမှာ ထင်ရှားစေတာပဲ။ အဲဒါက ဒေဝဒတ်ဟာ ဘုရားကို ပုန်ကန်ခြားနားဖို့  လက်စ ဖော်တဲ့ အခါက ဖြစ်တယ်။ ဒေဝဒတ်ဟာ ဘုရားက သံဃာအတွက် ပညတ်ချက်တွေ ထုတ်ပေးဖို့  တောင်းဆိုမှု လုပ်တယ်။ တကာလှူတဲ့ ကျောင်းတွေ သင်္ကန်းတွေမသုံးဘဲ သစ်ပင်နဲ့  စွန့် ပစ်အဝတ်တွေ သုံးကြဖို့  လည်း ပါတယ်။ အသားမစားကြဖို့ လည်း ပါတယ်။ အစရှိတဲ့ အချက်တွေကို သံဃာအတွက် ပညတ်ပေးဖို့  တောင်းဆိုလိုက်တယ်။
ဘုရား(၂၆) သက်သတ်အမြင်မှား တရားမရ
Labels:
ဘုရား