လူအစစ်က လိုချင်တာ တဏှာမဟုတ်ဘူး

“လိုချင်တယ်” ဆိုတာမှာ သေးသေးမှုန်မှုန်လေး လိုချင်တယ်။ ဒါမှမဟုတ် မိုးလောက်ကြီး လိုချင်တယ်- စသဖြင့် ဒီဂရီအားဖြင့် အမျိုးမျိုး ရှိကြတယ်။ “လိုချင်တာ” မှာ-

မိုးလောက်ကြီး လိုချင်တာ ဖြစ်ဖြစ် “ငါ” (အစစ်)က
လိုချင်တာဆိုရင်“တဏှာ” မဟုတ်ဘူး။ သည်လိုမဟုတ်ဘဲ
သေးသေးမှုန်မှုန်လေး အနုမြူလောက်ကလေး လိုချင်တာ ဖြစ်ပေမယ့် “ငါ” က လိုချင်တာ မဟုတ်ဘဲ “ငါ” မဟုတ်တဲ့ “အယောင်ဆောင် ငါ ” က လိုချင်တာ ဆိုရင်တော့ “တဏှာ” ပဲ လို့  ပြောလိုက်ပါတယ်။

သည်တော့လည်း -
အင်း - ဘုန်းကြီးက အရှည်ကြီး ပြောမှ သိမယ် ဆိုတဲ့ အတိုင်း တကယ့်အရှည်ကြီး ပြောမှ သိတော့တာပဲ- လို့  သူတို့  ၀န်ခံကြတယ်။
တကယ်တော့ တဏှာကို သိဖို့ ဆိုရင် “ငါ” အစစ်နဲ့ “ငါ” အတုကို ကွဲကွဲပြားပြား သိမှ ဖြစ်မှာ အမှန်ပဲ။ သည်နှစ်ခု မကွဲပြားဘူးဆိုရင် တဏှာကို ဘယ်လိုပြောလို့ ရမလဲ။

ငါအစစ်က လိုချင်တာ ဆိုရင် ဘယ်မျှလောက် လိုချင်လိုချင် “တဏှာ” မဟုတ်ဘူး။ “ငါ” မဟုတ်တဲ့ အကောင်က လိုချင်တာ ဆိုရင် ဘယ်လောက် သေးသေးမွှားမွှား လိုချင်စေကာ မူ “တဏှာ”ပဲ။
ပယ်နေတာတွေ တင်းကြမ်းပြည့်
ကဲ- သည်တော့ တဏှာ အရကောက်ကို ရကြပြီ မဟုတ်လား။ ပီပီသသ ခွဲခြားလိုက်ရပြီ မဟုတ်လား သည်လို တဏှာကို ပီပီသသ ကွဲကွဲပြားပြား သိမြင်ပါမှ တဏှာကို တို့ က သတ်နိုင်မှာ မဟုတ်လား။
ငါ အစစ်က လိုချင်တာတွေ သွားသတ်လို့ ကတော့ သည် “ငါ” ကြီး ချို့ တဲ့သွားမှာဘဲ။ ဗိုက် ဆာလို့  ထမင်းစားချင်တာကို ဒါတဏှာပဲလို့  သွားသတ်လို့ ကတော့ ဘယ်ရမလဲ။ အစာ အာဟာရ ချို့ တဲ့သွားမှာပေါ့။ ဗိုက်က ၀က်သားဟင်း စားချင်တယ်၊ ကြက်သားဟင်း စားချင်တယ် - ဆိုတာကို ဒါ တဏှာပဲ။ မစားချင်နဲ့  - ဆိုပြီး စားချင်တဲ့ စိတ်ကို ပယ်သက် လိုက်ရင် အာဟာရ ချို့ တဲ့မှုတွေ ဖြစ်လာမှာပေါ့။
သည်နေ့  တရားလောကမှာဖြင့် သည်လို ပယ်နေတာတွေဟာ တင်းကြမ်းပြည့် မဟုတ် လား။ သည်လို မယ်ရမယ့် ဟာကို ပယ်နေကြပြီး ပယ်တဲ့ အကျင့်ကိုပဲ တရားမှတ်နေကြ တယ်။ အသားစားရှောင်တဲ့ အကျင့်ကို တရားလုပ်နေကြတာ မဟုတ်လား။ သက်သတ် လွတ်တို့ ၊ မီးလွတ်တို့ ၊ ဒါတွေကို တရားလုပ်နေကြတယ်။ ဒါတွေကိ တရားမှတ်နေကြ တယ်။ ဒါတွေကို စားချင်တာ တဏှာဆိုပြီး ပယ်နေကြတယ်။
ဒေ၀ဒတ်ဂိုဏ်သား
တို့ ဆိုရင် လေး၊ ငါးနှစ်သားကတည်းက စပြီး အမဲသား မစားဘူး၊၀က်သား မစားဘူး၊ ကြက်သားလည်း မစားရတဲ့ အဖြစ်ကို ရောက်ခဲ့ဖူးတယ်။ သည်လို မစားဘဲ နေတာကို တရား လို့ လည်း ထင်ခဲ့ဖူးတယ်။ တရားကျင့်တာလို့ လည်း ထင်နေခဲ့တယ်။ ဒါကြောင့် အသားမစားဘဲ နေတာကို ကိုယ့်ဟာကိုယ် အဟုတ်ကြီး ထင်ပြီး၊ ၀မ်းသာခဲ့တယ်။ ပတ်ဝန်း ကျင်ကလည်း လက်ခုပ်သြဘာ ပေးကြတယ်လေ။
သည်လိုနဲ့  ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက်မှာ မန္တလေး ရောက်လာပြီး ဆရာတော် ကြီးတစ်ပါးနဲ့  အတူတူ နေခဲ့ရတယ်။ ဆရာတော်ကြီးကိ သီလရှင်ကြီးတစ်ပါးက ချက်ပြုတ် ပြီး ဆွမ်းကပ်တယ်။ သည်လို ချက်ပြုတ်ရတဲ့ အထဲမျာ ၀က်အူချောင်းတွေ၊ ၀က်သားတွေ၊ အမဲသားတေလည်း ပါတာပေါ့။ မန္တလေးက ကျောင်းဒကာတွေက လှူတာတွေပေါ့။ သီလ ရှင်ကြီးက သူချက်တဲ့ အသားဟင်းတွေကို ချန်ပြီး တို့ ကို ကျွေးလေ့ရှိတယ်။
တို့ ကလည်း အသားမစားတာ ဆိုတော့ ငြင်းတာပေါ့။ ဘာတစ်ခုမှ မစားဘူး။ ရက်ပိုင်း အတွင်းမှာပဲ ဆရာတော်ကြီးက သိသွားတယ်။ သိသွားတယ် ဆိုရင်ပဲ မြည်တော့ တွန်တော့ တာပေါ့။
“နင်သာ ဒေ၀ဒတ် ဂိုဏ်သားလား၊ ဘုရား ဂိုဏ်းသားလား” တဲ့။
သည်တော့ တို့ က “ဘုရားဂိုဏ်းသားပါ” လို့  ဖြေရတော့တာပေါ့ဒ
ဘုရားနဲ့ ဒေ၀ဒတ် ဂိုဏ်းခွဲတဲ့အခါ ဒေ၀ဒတ် တောင်းတဲ့ အချက်တွေ နင်မသိဘူးလား - ဆို တော့ တို့ ကလည်း “မသိဘူးဘုရား” လို့  ဖြေလိုက်တယ်။
ဒေ၀ဒတ် ကနေပြီး တောင်းတဲ့ အချက်တွေထဲမှာ ရဟန်းတွေကို အသားမစားရဘူး - လို့  ပညတ်ပေးဖို့ အချက် ပါတယ်ဆိုတာ မှတ်ထား။ အသားမစားတဲ့သူဟာ ဘုရားဂိုဏ်းသား လား၊ ဒေ၀ဒတ်ဂိုဏ်းသားလား ဆိုတော့ ဒေ၀ဒတ် ဂိုဏ်းသားဖြစ်နေပါပြီ ဘုရားလို့  ။ တို့  လည်း အဲသည်ကျမှ သဘောပေါက်သွားတော့တယ်။
မင်္ဂလာဖျက်တဲ့သူ
နောက်ဆရာတော်ကြီးက ဆက်ပြောသေးတယ်။ သန္တုဌီမင်္ဂလာ ကို နင် ဘယ်လိုသိထား လဲ တဲ့။ သူများအိမ်သွားပြီး ဆွမ်းစားမယ် ဆိုရင် နင်က အသားမစားဘူးဆိုတော့ အိမ်ရှင် တွေမှာ နင့်အတွက် ဟိုဟာရှာရ၊ သည်ဟာရှာရ ပျာလောင်ခတ်မနေပေဘူးလား။ ဒါဆိုရင် “သန္တုဌီမင်္ဂလာ” ကို စောင့်ထိန်းရာ ဘယ်ရောက်မလဲ။ နင်ဟာ မင်္ဂလာဖျက်တဲ့ အကောင် - စသဖြင့် ဆရာတော်ကြီးက ပုဒ်မတွေ အများကြီးတပ်ပြီး တို့ ကို စွဲချက်တင်တော့တာပဲ။
တို့ လည်း တခါတည်း အသားမစားတဲ့ ဒေ၀ဒတ်ဂိုဏ်းသား ဘ၀ကနေ ပြုတ်ထွက်သွားခဲ့ တယ်။ ဒါပေမယ့် ချက်ချင်းတော့ အသားပြန်မစားနိုင်ခဲ့ဘူး။ ဒါဟာ ရှောင်ရမည့်အရာ မဟုတ်ဘူး - ဆိုပြီး အသိပညာကလေးနဲ့  တဖြည်းဖြည်း ကျင့်ရင်း အသက်နှစ်ဆယ့်ငါးနှစ် လောက်ရောက်မှ အမဲသားကို ပြန်စားနိုင်တဲ့ အဆင့် ရောက်လာခဲ့တယ်။
တရားမဟုတ်တာကို တရားလုပ်ခဲ့တဲ့ အကျင့်ကလည်း ပယ်ဖို့ ကျတော့ အခက်သားပဲ။
နားမလည်ဘူး ဆိုရင်တော့
ဆိုလိုတာက မြန်မာပြည်မှာ တရားမဟုတ်ဘဲ တရားလုပ်ပြီး ကျင့်နေကြတဲ့ အသိုင်းအ၀ိုင်း က တော်တော်များတယ်။ သည်လို ဖြစ်တာဟာ-
“တဏှာမသိရာကနေပြီး တဏှာမဟုတ်တာကို တဏှာလုပ်ပြီး အပယ်မှားရာက တရားတု တွေထဲမှာ ဒုက္ခရောက်ရပုံပါပဲ။”
တကယ်တော့ “ငါ” အစစ်က စားချင်တာဆိုရင် ၀က်သားစားစား၊ ကြက်သား စားစား၊ တဏှာမဟုတ်ဘူး။ “ငါမဟုတ်တဲ့ အကောင်က စားချင်တာဆိုရင် ဟင်းသီးဟင်းရွက်ပဲ စားစား တဏှာပဲ။” သည်လိုသိရပါလိမ့်မယ်။
“ငါ” မဟုတ်တဲ့ အကောင်က ဖုတ်ကောင်ပဲ ဖြစ်တယ်။
“ငါ” မဟုတ်တဲ့ အကောင် စားချင်တာဟာ ဖုတ်ကောင် စားချင်တာပဲ ဖြစ်တယ်။ သည်ဖုတ် ကောက်ကြီးက စားချင်နေတာကို သွားကျွေးမိလို့ ကတော့ ဖုတ်သက်ရှည်နေမှာပဲ။ သည် ဖုတ်ကောင်ကြီးက အသက်ပို ရှည်လေ မဟုတ်တာတွေ စားချင်လေ ဖြစ်မှာပဲ။
တကယ်က ငါ အစစ်က ဘယ်တော့မှ မသရမ်းဘူး။ စားသင့်စားထိုက်တာကိုပဲ စားတယ်။ စားသင့် စားထိုက်တာကို စားချင်မှာဖြစ်တယ်။ ၀တ်သင့် ၀တ်ထိုက်တာကိုပဲ ၀တ်ချင်မှာ ဖြစ်တယ်။ အစစ လိုချင်တာမှန်သမျှ “ငါ” အစစ်က လိုချင်တာဆိုရင် “တဏှာ” မဟုတ်ဘူး။ “ငါ” မဟုတ်တဲ့ အယောင်ဆောင်ငါက လိုချင်တာမှန်သမျှကတော့ တဏှာ ပဲ။

ကဲ- စကားနက်ဆိုတာ သည်လို ပီပီသသ နားလည်အောင်လုပ်ဖို့  အရေးကြီးတယ်။ သည်လို အပီအသ နားမလည်ထားဘူး ဆိုရင် ဗုဒ္ဓဘာသာဝင် ဖြစ်ရတဲ့အတွက် ဘာမှ အကျိုးမရဘဲ ဖြစ်သွားလိမ့်မယ်လို့ သာ အသေအချာ မှတ်ထားပေရော့။ ။



ဓမ္မ၀ိဟာရီ

Website counter

Back to TOP