၇။ ဥရုညမြို့ ၊ ကဏ္ဏကတ္ထဘေးမဲ့တော၌ အစေလ ကဿပအား ဘုရားသျှင်ဟောသော တရား

“ဗုဒ္ဓအသျှင်- ကြားဖူးတာ အမှား- အမှန် သိရအောင် မေးပါရစေ”
“မေး၊ ကဿပ”

“ဗုဒ္ဓအသျှင်- ခေါင်းပါးအောင်အကျင့်- စတဲ့ အကျင့်အားလုံးကို သရော်ပြီး၊ ကျင့်သူတွေကို ချုတ်ချယ်စွပ်စွဲ ဆဲရေးတယ်- လို့ ပြောကြပါတယ်။ အဲဒါ အမှန်ပဲလား”
“သည်လိုပြောတာတွေဟာ စွပ်စွဲတာတွေပဲ ကဿပ”

“ကောင်းပါလေ့ ဘုရား”
“ကဿပ- ငါ့ အသိဉာဏ်မှာ ပင်ပန်းအောင်ကျင့်ပြီး၊ ခေါင်းပါးစွာနေသူ အချို့ - ဆင်းရဲတဲ့ အလားအလာ ရှိတာ၊ အချို့ - ချမ်းသာတဲ့ အလားအလာရှိတာ။ ပင်ပန်းစွာကျင့်ပြီး နည်းနည်း အဆင်းရဲခံနေသူ အချို့ - ဆင်းရဲတဲ့ အလားအလာ ရှိတာ၊ အချို့ - ချမ်းသာတဲ့ အလားအလာ ရှိတာ။ သည်လို ဖြစ်ရပ် ပျက်ရပ် ဆန်းဆန်းပြားပြားတွေ ထင်မြင်သိရှိသူဆိုတော့ သူတို့ ကို ဘယ်မှာ ချုတ်ချယ်ကဲ့ရဲ့ ဆဲရေး၊ လုပ်ပါ့မလဲ”

“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“ကဿပ- လောကမှာ သိမ်မွေ့ တဲ့ ပညာရှိတဲ့ တချို့ သူတွေဟာ၊ သူများအယူကို ဖျက်ဆီးသလို ဖြစ်ပြီး၊ လှည့်လည်ကြတယ်။ အဲသည် ပညာရှင်တွေနဲ့  တူတာတွေရော၊ မတူ တာတွေရော - ငါ့မှာရှိတယ်”

“ဘယ်လိုလဲ အသျှင်”
“သူတို့  အကောင်း မကောင်း ပြောတာတွေကို ထောက်ခံနိုင်တာ ရှိသလို၊ မထောက်ခံနိုင်တာ တွေလည်း ရှိတယ်”

“ဟုတ်ပြီ ဘုရား”
“ကဿပ- အဲသည် ပညာရှင်တွေကို ငါ ကြေငြာပါတယ်”

“ဘယ်လို ကြေငြာတာလဲ ဘုရား”
“မတူတဲ့ သဘောတရား အသာထားဦး။ တူတဲ့သဘောတရားကို နှစ်ဘက်ဆရာနဲ့  အဲသည် ဆရာ့ အပေါင်းအသင်း သမဂ္ဂသံဃာတွေ ဆုံစည်းကြရအောင်- ပါ။ ဆုံစည်းပြီး ဆွေးနွေးကြရ အောင်ပါ- လို့ ပဲ”

“ဘာတွေ ဆွေးနွေးမှာလဲ ဘုရား”
“အမြင်ဓမ္မနဲ့ ၊ အဲသည်အမြင်ဓမ္မရဲ့ တကယ့်အသွင်တွေကိုပေါ့”

“ဘယ်အကျိုး မြော်ကိုးပြီး ဒါတွေ ဆွေးနွေးတာလဲ ဘုရား”
“တူတာတွေမှာ ဘယ်သူက ယထာဘူတကျကျ အသိနဲ့  အရှိ ကိုက်အောင်သိသလဲ- ဆိုတာ သဘောပေါက်ပြီး၊ မတူတာတွေမှာ မှားသူက စွန့် နိုင်အောင်ပေါ့ ကဿပရဲ့”

“သည်လို ဆွေးနွေးလျင် ဘယ်သူ အမြတ်ထွက်မလဲ ဘုရား”
“အကုသိုလ်ဖြစ်တယ်၊ အပြစ်ရှိတယ်၊ မမှီဝဲထိုက်ဘူး၊ မဲညစ်တယ်၊ ဖြူစင်ဖို့  မဖြစ်နိုင်ဘူး။ သည်လို ပြောရတဲ့ တရားတွေနဲ့  တကယ်လည်း ပြောတဲ့အတိုင်း ဖြစ်နေတဲ့ တရားတွေမှာ၊ တခြားသူတွေသာ မပြောပလောက်တဲ့ အနည်းအပါးပဲ ပယ်စွန့် နိုင်ကြတာ။ ငါတို့ ပဲ အမြစ်မရှိ ပယ်နိုင်တာ ပေါ်လွင်လာမှာ အသေအချာပေါ့။ ပြီးတော့လည်း ကဿပ- ကုသိုလ်ဖြစ်တယ်၊ အပြစ်မရှိ၊ မှီဝဲထိုက်တယ်၊ ဖြူစင်တယ်၊ မမဲညစ်ဘူးဆိုတဲ့ တရားတွေနဲ့  ၊ ပြောတဲ့အတိုင်း ဖြစ်တဲ့ တရားတွေမှာ တခြားသူတွေဟာ တကယ်ဆောက်တည်ကျင့်ကြံတာ မလုပ်နိုင်ကြဘူး။ ငါတို့ ပဲ အကြွင်းမဲ့ ဆောက်တည်ကျင့်ကြံနိုင်တယ် ဆိုတာလည်း ပေါ်လွင်လာမှာပဲ”

“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“ကဿပ- သည်လို ဆွေးနွေးလိုက်လျင် အကြောင်းအကျိုးနဲ့ စပ်ယှဉ်ပြီး၊ သင့်တင့်မှန်ကန် မဖောက်ပြန်တဲ့ ပြောဆို ဆုံးမချက် စကားဟာ ငါ့ဆီမှာမှ ကျင့်ပုံ ကျင့်နည်းက ရှိတာကြောင့်ပဲ”

“အဲသည် ကျင့်ပုံ ကျင့်နည်းလမ်းက ဘယ်ဟာလဲ အသျှင်”
“မဂ္ဂင် ရှစ်ပါးပေါ့ ကဿပ”

“ဟုတ်ပါ့ ဘုရား။ သည်တော့ ရဟန်း၊ ပုဏ္ဏား၊ သူတော်စင်တို့  အလုပ်ကိစ္စလို့  ဆိုရတဲ့ အ၀တ် မ၀တ်ဘဲ နေတာတို့ ၊ ဆွမ်းကို ဘယ်လိုမှခံတာတို့ ၊ ဘယ်လိုပဲ စားတာတို့ ၊ ဘာကိုမှ စားတာတို့ ၊ ဘယ်လိုပဲ နေတာတို့ ၊ ဘာကိုဘဲ ၀တ်တာတို့ ၊ ဘယ်လိုတွေ ရေချိုးတာတို့ ၊ မြေ ချိုးတာ ဆိုတာတွေဟာ အကျယ်တ၀ံ့ အများအပြားရှိနေတာ။ ဒါတွေကို ဘယ်လိုလုပ်ပါ့မလဲ”
“ကဿပ- ဒါတွေ ဘယ်လောက်ကျင့်ကျင့်၊ ရဟန်း၊ ပုဏ္ဏား၊ သူတော်ကောင်းတို့ ရဲ့ သီလ၊ သမာဓိ၊ ပညာကို ပွားများ ကျင့်ကြံတာ မဟုတ်ဘူး။ မျက်မှောက်ပြုရမယ့် အရာဆီ ဆိုက်ရောက် ကြတာလည်း မဟုတ်ဘူး။ တကယ်အစစ်ကတော့ သူတို့ ဟာ အမျက်တို့ ရဲ့ ရန် သူကင်းလျက၊ စိတ်ပျက်မှုမရှိဘဲ၊ မေတ္တာပွားပြီး၊ ကိလေသာက လွတ်တဲ့ အသိပညာစိတ်နဲ့  နေတာကြောင့် ကိလေသာငြိမ်သူ၊ မကောင်းမှုကို ပယ်ပြီးသူကိုသာ သမဏ၊ ဗြဟ္မဏလို့  ဆိုတာ”

“ဗုဒ္ဓအသျှင်- သည်လိုဆိုတော့ သမဏ(ငြိမ်းသူ)၊ ဗြဟ္မဏ(ကင်းသူ) ဖြစ်ဖို့  အကျင့်က ခဲယဉ်း လိုက်တာ”
“သည်စကားကတော့ အစဉ်အလာ ပြောလာကြတဲ့ စကားကြီးပဲ။ အ၀တ်မဲ့နေတာ၊ ဆွမ်းကို ဘယ်လိုမှ ခံတာ၊ စားတာ အစရှိတဲ့ အကျင့်တွေဟာ ဘာခဲယဉ်းသလဲ၊ အလွယ်တကူလေးတွေ ပဲ။ လူတိုင်း လုပ်နိုင်တဲ့ အကျင့်တွေပဲ။ အနည်းဆုံး အိမ်စေ ကျွန်မကတောင် တို့ လည်း သည် လောက်တော့ ကျင့်နိုင်ပါ့- လို့  ဆိုရတဲ့ အကျင့်တွေပဲ။ သည်လို အကျင့်လောက်နဲ့  ရဟန်း၊ ပုဏ္ဏား တို့ အကျင့်ဟာ မလွယ်ဘူး- လို့ အစဉ်အလာ ပြောလာကြတဲ့ စကားဖြစ်ဖို့  ဘယ်ထိုက် မလဲ၊ သည်လို အကျင့်တွေ မဟုတ်လို့ သာ ရဟန်း၊ ပုဏ္ဏား အကျင့်ဟာ မလွယ်ဘူးလို့  အစဉ် အလာ ပြောလာကြတဲ့ စကား ဖြစ်ရတာပေါ့”
ကဿပ- ကိုယ့်ဘ၀နဲ့ မဆီလျော်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေ မဖြစ်ပွားအောင် နေထိုင်ခြင်းဟာ သီလ ဖြစ်တယ်။ ကံတရားရဲ့ ဆင်းရဲ၊ ပျက်ပြုန်းမှု ရှုကြည့်မှုမှာ လိပ်ပတ်လည်တဲ့ အထိ ပု၊ ဒိ၊ အာ အသိတွေ ဖြစ်လာတာဟာ ပညာ ဖြစ်တယ်။ သည့်ထက် လွန်ကဲတဲ့ သီလနဲ့  ပညာဆိုတာ မရှိဘူး ကဿပ”

“ဒါပဲလား ဗုဒ္ဓအသျှင်”
“ကဿပ- လောကမှာ ရဟန်း၊ ပုဏ္ဏားတွေ အများအပြားပဲ။ သီလနဲ့  စပ်တဲ့ စကားတွေ အများ အပြားပဲ ပြောကြတယ်။ ကိလေသာစက်ဆုတ်ပြီး ပူပန်မှုနဲ့  စပ်တဲ့ စကားတွေလည်း အများ အပြားပဲ ပြောကြတယ်။ အကြောင်းပေါင်းများစွာ၊ ဂုဏ်ကျေးဇူးပေါင်း များစွာ၊ လွန်ကဲဖြူစင် မွန်မြတ်မှုပေါင်း များစွာဖြင့် ဆောက်တည် အားထုတ် သိမြင်၊ လွန်မြောက်ကြတယ်။ အဲသည် သူတွေအားလုံး ငါ့ကို မှီသူတစ်ယောက်တောင် မရှိ- လို့  ကြေငြာတယ်။
ကဿပ- ငါသည်လို ကြေငြာတာကို - ခြင်္သေ့ဟောက်သလို ရဲရင့်စွာ ဖြစ်ပေမယ့်၊ လူကွယ်ရာ မှာလည်း ဖြစ်တယ်။ ပရိသတ်အလည်မှာ မဖြစ်ဘူး။ ကြောက်ကြောက်ရွံရွံ ပြောရတာ ဖြစ်တယ်။ သူ့ ကို ဘယ်သူမှ မေးသူမရှိဘူး။ မေးလည်း မဖြေနိုင်ဘူး။ ဖြေလည်း သူ့ အဖြေ ဘယ်သူမှ မကြိုက်ဘူး။ ကြိုက်အောင် ဖြေနိုင်တဲ့ဟာကလည်း နားထောင်စရာ၊ ကြည်ညိုစရာ၊ လောကက လွတ်မြောက်တဲ့ တရားတွေ မဟုတ်ဘူ။ ဘယ်သူမှ မပေါက်မြောက်နိုင်ဘူး သည်လို ပြောချင်ကြပေမယ့် သူတို့  မပြောနိုင်ကြဘူး။ သည်လိုပြောချင်လျင် အချိန်မရွေး ငါ့ ဆီက စမ်းကြည့်ဖို့  ငါ- ကြေငြာနိုင်တယ်”

“ဗုဒ္ဓအသျှင်- တပည့်တော် အလွန်ဝမ်းသာလှပါတယ်။ တပည့်တော်ကို ရှင်ရဟန်း အဖြစ်ပေးဖို့  တောင်းဆိုပါတယ် အသျှင်”

Website counter

Back to TOP