ဗုဒ္ဓသာသနာအတွက် အံ့ဖွယ်ဖြစ်ရပ်များ

သည်မှာ အံ့သြစရာ ကောင်းတာတချက် တွေ့ နိုင်တယ်။ ဗုဒ္ဓဘာသာက လူ့ ဦးဆောင်လမ်းညွှန် သဘောတရား အဖြစ် ဗုဒ္ဓဘုရားက ဖော်ထုတ်ခဲ့တာပဲ။ ဒါပေမယ့် ဗုဒ္ဓသာသနာဟာ လူ့ ဦးဆောင်လမ်းညွှန်တဲ့ သဘောတရားအဖြစ် အသိအမှတ် ပြုတာ မခံခဲ့ရဘဲ၊ ဗုဒ္ဓသာသနာ မဟုတ်တော့တဲ့ ဗုဒ္ဓသာသနာ့ ၀န်ထမ်းတွေက ဗုဒ္ဓသာသနာ အဖြစ် ထမ်းဆောင်နေကြတဲ့ ဗုဒ္ဓသာသနာက လူ့ ဦးဆောင်လမ်းညွှန် သဘောတရားနေရာကို ရတာပဲ။

ဒါဟာ များစွာအံ့သြဖို့  ကောင်းတာပဲ။ ဗုဒ္ဓသာသနာကို ဖော်ထုတ်ခြင်းလှလှ ဖော်ထုတ်ခဲ့တဲ့ ဗုဒ္ဓဘုရားအတွက် လွန်စွာမှပဲ ၀မ်းနည်းဖွယ်ပါပဲ။ ဗုဒ္ဓ ဘုရားကိုယ်စား ဗုဒ္ဓရဲ့ တည့်ဖြစ်တဲ့ စာရေးသူလည်း အတိုင်းမသိ ၀မ်းနည်းထိတ် လန့်ပါတယ်။ ဒါပေမယ့် သမိုင်းရဲ့ ဖြစ်ရပ်မှန် ဖြစ်တဲ့အတွက် ဘယ်သူမှ ဘာမှ မတတ်နိုင်ဘူး။ သင်ခန်းစာ ယူဖို့ မှ တပါး တခြားဘာမှ မရှိဘူး။

အဲသည်မင်းဟာ တိုင်းပြည်အပြင်ဘက်ကို သည် ဗုဒ္ဓဘာသာဖြန့် ဖို့  လုံးပမ်းခဲ့တယ်။ သည်နေ့  သီရိလင်္ကာနဲ့  အရှေ့  တောင် အာရှက သုဝဏ္ဏဘုမ္မိ အရပ်ဆိုတာလည်း ပါတယ်။ သုဝဏ္ဏဘုမ္မိအရပ်ဟာ ဗမာပြည်က သထုံလို့ လည်း ဗမာ တွေက ထင်ကြတယ်။ ထိုင်းတို့  ဂျာဗားတို့ ကလည်း သူတို့ အရပ်လို့  ထင်ကြတယ်။

အဲသည်မင်းပြုတဲ့ သာသနာဟာ သီရိလင်္ကာက လွဲပြီး ဘယ်မှ သိပ်ကြီးရှင်သန်နေတယ် မပြောလောက်အောင်ပဲ။ သီရိလင်္ကာကတော့ ပြောလောက်အောင် ရှင်သန်တာ တွေ့ ရတယ်။ အဲသည်မင်း နေခဲ့တဲ့ တိုင်းပြည်မှာလည်း သာသနာ့ဝန်ထမ်းတွေက နာလန္ဒာ … အစရှိတဲ့ ကမ္ဘာ့ ပဌမဆုံး တက္ကသိုလ်လို့  ပြောရလောက်တဲ့ တက္ကသိုလ်ကြီးတွေ ဖွင့်လှစ်ပို့ ချနိုင်တဲ့ အထိ ရှင်သန်နေတာ တွေ့ ရတယ်။ အဲသည် အချိန်မှာ ဟိန္ဒူဗြာဟ္မဏ တွေကည်း တက္ကသိုလ်တွေ ဖွင့်နေကြပြီ သိရတယ်။

သာသနာ့ဝန်ထမ်းတွေက ဖွင့်တဲ့ တက္ကသိုလ်ဖြစ်လို့  ဗုဒ္ဓဘာသာတက္ကသိုလ်လို့  ပြောရပေမယ့် ဗုဒ္ဓဘာသာထဲမှာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဖြစ်တဲ့ အရိယသစ္စာ ဒဿနက အပျောက်ခံရပြီဖြစ်လို့  ၀မ်းသာနိုင်စရာတော့ မဟုတ်ဘူး ပေါ့။

သာသနာလုံးဆိုင်ရာ သုံးကြိမ်မြောက် ဒေသနာ ရွက်ဖတ်ပြီးနောက် မကြာမီမှာပဲ စာအရေးအသား ထွန်းကားလာပုံ ရတယ်။ နာလန္ဒတက္ကသိုလ်တွေ မပေါ်ခင်ကဘဲ ဣန္ဒိယမြောက်ပိုင်း ကနိသျှက မင်းကလေးကြိမ်မြောက် သာသနာ့ ၀န်ထမ်းတွေ စုပေါင်းဓမ္မရွက်ဆိုပွဲ လုပ်ပြီး အဲသည်ရွတ်တာတွေ ရွှေပြားပုရပိုက်မှာ ရေးတင်တယ်လို့  သမိုင်းရှိတယ်။ အဲသည်ပွဲဟာ မဟာယာန သာသနာ့ ၀န်ထမ်းတွေရဲ့ ဓမ္မရွတ်ဖတ်ပွဲလို့  ဖြစ်သွားတယ်။

သည်အရင်က သီရိလင်္ကာမှာ ထေရ၀ါဒတွေက ရွတ်ဖတ်ဆောင်ထားရတဲ့ ဓမ္မတွေ ပေပေါ်တင်တာ လုပ်ခဲ့တယ်။ ထေရ၀ါဒ သာသနာ့ ၀န်ထမ်းတွေ လေးကြိမ်မြောက် စုပေါင်း ဓမ္မမှတ်တမ်းတင်ပွဲ ဖြစ်တယ်လို့ မှတ်ယူကြတယ်။ ထေရပါဒရော မဟာယာနပါ သာသနာ့ ၀န်ထမ်းတွေဟာ သူတို့ ဆောင်ထားရတဲ့ ဓမ္မတွေကို အက္ခရာပေါ် တင်နိုင်ကြ တဲ့အတွက် အရွေ့ အလျားတော့ ရှိမှာ မဟုတ်တာပဲ။ ဒါပေမယ့် သူတို့ ဆောင်ခဲ့ကြတဲ့ ဓမ္မတွေဟာ အရိယသစ္စာ အသည်းနှလုံး မပါတော့တဲ့ ဓမ္မတွေပဲ ဖြစ်ကြတော့တဲ့အတွက် မရွေ့ လို့ လည်း ၀မ်းမသာရဘူး။

မဟာယာန ဓမ္မစာပေတွေ အရှိန်အဟုတ်ကြီးကြီး တိုးတတ်တာရဲ့ အမှတ်အသားဟာ နာလန္ဒာတက္ကသိုလ်က ပြစရာပဲ။ အဲသည် တိုးတက်မှုရဲ့ အခေါင်အညွန့် ဟာ ဟိန္ဒူငှက် ဆိတ်ဖဲ့ခံရတာ ကြည့်ပြီး ဂုဏ်ယူစရာ မဖြစ်ခဲ့ဘူး။ တနေ့ မှာ နာလန္ဒာ တက္ကသိုလ်တတ်နေတဲ့ ကိုရင်ရှံကရဟာ ပါမောက္ခချုပ်ကို စိန်ခေါ်တယ်။ သူက ဟိန္ဒူတက္ကသိုလ်က ဆင်းလာပြီး ကိုရင်ဝတ်ခါ နာလန္ဒာမှာ တတ်နေတဲ့ ဗြာဟ္မဏပဲ။

အဲသည်ပွဲမှာ ပါမောက္ခချုပ် ဆရာတော်က အရှုံးလှလှလေး ပေးလိုက်ရတယ်။ ရှံကရဟာ တောင်ပိုင်းပြန်ပြီး ဟိန္ဒူ တက္ကသိုလ်ထောင်ကာ ဟိန္ဒူအဌကထာတွေ အသစ်ရေးတယ်။ ဗုဒ္ဓသာသနာ့ ၀န်ထမ်းတွေနဲ့  ရှုံးသူစွန့် တမ်း စိန်ခေါ် တာတွေလုပ်လို့  သာသနာ့ဝန်ထမ်းတွေ ဖြူကုန်ကြတာ သိရတယ်။ ဗုဒ္ဓသာသနာက ဗုဒ္ဓဘုရားလက်ထက် အရိယ သစ္စာတရား ကိုင်စွဲစဉ်က (အဖြူဝတ်တဲ့) ဟိန္ဒူပဏ္ဍိတ် များကို ဥပါသကာအဖြစ်တွေ ဖြစ်စေခဲ့တယ်။ အရိယသစ္စာ မဲ့တဲ့ အခါမှာ ဟိန္ဒူကို အရှုံး ပေးရပြီဖြစ်တယ်။ သာသနာ့ဝန်ထမ်းတွေဆီမှာ အရိယသစ္စာတရား မရှိကြတာ ဟိန္ဒူကို ရှုံးရကြောင်းကိုလည်း အရိယသစ္စာမရှိလို့  ဖြစ်ကြောင်း မသိနိုင် ရှိကြတယ်။ ဗုဒ္ဓဘာသာတရားရဲ့  ဦးနှောက်ဟာ အရိယသစ္စာ မဟုတ်လား။

နာလန္ဒာဟာ ဆက်လက်ရပ်တည်နေပေမယ့် ညှိုးငယ်စွာ ရပ်တည်တာပဲ ဖြစ်တော့တယ်။ ဟိန္ဒူဟာ နာလန္ဒာကို ညှိုး ငယ်စေရုံပဲ ဖြစ်ပေမယ့် ဣန္ဒိယ ထဲဝင်လာတဲ့ မူဆလင်တွေတော့ နာလန္ဒာကို နေရာပဲကျန်တော့အောင် လုပ်ပစ်ကြ တယ်။ ဣန္ဒိယရဲ့ ဗုဒ္ဓသာသနာ နိဂုံးဟာ သည်လောက်ဆို မြင်သာပြီပေါ့။

ဗုဒ္ဓဘာသာဟာ မူဆလင်ဖျက်လို့  ဣန္ဒိယမှာ ပျက်ခဲ့ပေမယ့် မဟာယာန သာသနာ့ဝန်ထမ်းတွေဟာ တိဗက်၊ မွန်ဂိုး လီးယား … အစစတွေဆီမှာ ဗုဒ္ဓဘာသာကို ဖြန့်ဝေနေကြတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာကတော့ သီရိလင်္ကာမှာ အခြေ စိုက်ပြီး အရှေ့ တောင်အာရှကို ပြန့် စေကြတယ်။ ဗုဒ္ဓဘာသာ နှစ်ရပ်လုံးပဲ အရိယသစ္စာမဲ့တွေ ချည်းပါပဲ။

သီရိလင်္ကာဟာ ထေရ၀ါဒသာသနာ ကျမ်းစာပေါင်းများစွာကို ပေါက်ပွားရာနေရာ ဖြစ်တယ်။ သည်ကျမ်းစာတွေဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သြဇာလည်း ကြီးကြတယ်။ ဗုဒ္ဓဘုရားဟော ပါဠိစာရင်းထဲ ၀င်တာတွေထိ ၀င်နေတာ ရှိတယ်။ အဌကထာတွေ ဆိုရင်လည်း ဗုဒ္ဓဘုရားရဲ့ အလိုအယူအဆ အသိအမြင် ဉာဏ်ပညာကို သိသူက ပြုစုရေးဖွဲ့  ထားခဲ့တာလို့ အထိ ဦးထိပ်တင်ကြတယ်။ အဲသည် အဌကထာစကားကို နည်းနည်းမှ မထိနဲ့ ထဲကပဲ။ ထိသူဟာ ဓမ္မစက်ကို ဖျက်သူအဖြစ် ခံရပြီသာ မှတ်တော့ပေါ့။ အဲသည် အဌကထာကို ဖွင့်တဲ့ ဋီကာတွေလည်း ထွက်ကြတယ်။ အဲသည် ဋီကာတစောင်ကို ဗမာပြည်က ပရိယတ်၊ ပဋိပတ် အကျော်ဆရာတော်တပါးက မှားယွင်းချက်များ ထောက်ပြ ပြီး ကျမ်းစာရေးတဲ့အတွက် ဋီကာအစောင်ပေါင်းများစွာရေးပြီး အမှားထောက်ပြသူကို ပြန်ချေပ ဝေဖန်တိုက်ခိုက်ကြ တဲ့ အထိရှိတယ်။
ဆက်လက်ဖော်ပြသွားပါမည်

Website counter

Back to TOP