ယနေ့ သာသနာ့ဝန်ထမ်းများ အရိယသစ္စာ အမှန်မမြင်ကြ

ဓမ္မစက်လည်ပတ်မှုဆိုင်ရာ စာပေအရေးအသားတွေကလည်း ကိုယ်တိုင်သိတာကို ရေး ထားတဲ့ အရေးအသားမျိုး မဟုတ်တာတွေ့ ရတယ်။ သူဖတ်မှတ်ဖူးတာတွေ စုစည်းပြနေ သလိုမျိုး ဖြစ်လို့ ပဲ။ ပြီးတော့လည်း ဘယ်သူ့ ကို ဘာသိစေချင်လို့  တင်ပြတယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိတဲ့ပုံမျိုးလည်း တွေ့ ရတယ်။

တကယ်တော့ စာရေးတယ်ဆိုတာ သင်္ကေတနဲ့  စကားပြောတာပဲ။ စကားပြောစရာမှာ နားထောင်သူကို ပြောသူက သိစေချင်တာ သိသွားဖို့  ရည်ရွယ်ချက်ရှိရှိ ဖြစ်ရတာပဲ။

ပြောတော့ ပြောတယ်။ ဘယ်သူသိဖို့ မှ မဟုတ်ဘူး၊ ကြားသူတွေ သိလိမ့်မယ် လုပ်လို့  မဖြစ်ဘူး။ နောက်ပြီးတော့လည်း ပြောတော့ ပြောတယ်၊ ကိုယ်သိတာကို ပြောတာ မဟုတ် ပဲ တွေ့ ဖူးတာပြောတယ် ဆိုတာမျိုးလည်း လုပ်လို့ မဖြစ်ဘူးပဲ။

အဲသည်လိုဖြစ်ရင် စကားအသက်မ၀င်ဘူး။ ဖတ်မှတ် နားထောင်ချင်စရာ မဖြစ်ဘူးလို့  ပြောရမယ်။ စာအရေးအသားလည်း ဒီလိုပဲ။ စာသင်ခန်းထဲဝင်ပြီး စာသင်နေရသလိုပဲ ဖြစ် မယ်။ လူ့ လက်ငင်း အဖြစ်အပျက်တွေနဲ့  မစပ်ဟပ်ဖြစ်နေမယ်။

ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းများဟာ ခေတ်အဆက်ဆက်ပဲ ပရိယတ်စာပေတွေကို သင် ယူတဲ့ အလုပ်ကို လုပ်ကြတယ်။ စာတတ်သွားကြသူတွေလည်း ရှိကြတယ်။ သူတို့ အားလုံး နီးနီးဟာ စာပြန်သင်ပေးဖို့  စာသင်သားများမွေးတဲ့ စာသင်တိုက် ဆရာတော်တွေ လုပ်သွား ကြတာပဲ။

ပြီးတော့ သူတို့ ဟာ ၀ိနယစည်းကမ်းကို လိုက်နာနိုင်သမျှ လိုက်နာနေထိုင်တဲ့ လုပ်ငန်းကို လည်း လုပ်ကြတယ်။ ၀ိနယ စည်းကမ်းအတိုင်း အလိုက်နာနိုင်ဆုံးသူဟာ သိက္ခာအရှိဆုံး သူလို့ လည်း သူတို့ မှတ်ယူကြတယ်။ သာသနာဝန်ထမ်းအချင်းချင်း အသိပေး ၀န်ခံ ပြော ကြားယုံနဲ့  မထနိုင်တဲ့ ၀ိနယ စည်းကမ်းတွေကို လိုက်နာရင်ပဲ သိက္ခာရှိသူအဖြစ် အသိအ မှတ်ပြုရတာပဲ။ သည်လို ၀ိနယ သိက္ခာရှိအောင် နေတာကို ဓမ္မာနုဓမ္မပဋိပတ် လုပ်တာလို့  မြင်ကြတာတွေ့ ရတယ်။

သာသနာ့ ၀န်ထမ်းတွေဟာ နိဗ္ဗာန်နဲ့  မဂ်ဖိုလ်ကို လိုလားရကောင်းမှန်းသိပြီး လိုလည်း လိုလားကြတာပဲ။ လိုလားရကောင်းမှန်းသိဖို့  သာသနာ့ဘောင် စ၊ ၀င်တယ်ဆိုကတည်းက ပဲ အစဆုံး ဆောင်ရတဲ့ ဆောင်ပုဒ်ဟာ " သကလ ၀ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ " လို့  ရွတ်ဆိုခဲ့ သူချည်းပဲ။ နောက်လည်း တောက်လျှောက် တောင်းဆိုလွှာတိုင်းမှာ နိဗ္ဗာန်မဂ်ဖိုလ် ရောက် ရပါလို၏ - လို့  နေ့ တိုင်း ရွတ်လာခဲ့ဖူးတာပဲ။ နိဗ္ဗာန်မဂ်ဖိုလ်ဟာ သူတို့ ပန်းတိုင်ပဲ။

သည်လိုဖြစ်ပေမယ့် နိဗ္ဗာန်မဂ်ဖိုလ်ကို အဲသည်ဝန်ထမ်းတွေ မသိကြဘူး။ သည်အရိယ သစ္စာနှစ်ပါးသာမကဘဲ ကျန်တဲ့ အရိယသစ္စာတွေ ဖြစ်ကြတဲ့ ဒုက္ခနဲ့  သမုဒယ အရိယသစ္စာ တွေလည်း မသိကြဘူး။

- သမုဒယဟာ ရူးနှမ်းမှုရဲ့ နာမည်ပဲ။
- ဒုက္ခဟာ မလုပ်ကောင်း တာတွေ လုပ်တာရဲ့ နာမည်ပဲ။
- မဂ္ဂဟာ မလုပ်ကောင်းတာတွေ မလုပ်ဖို့  အရူးအနှမ်းတွေ ပျောက်စေတာရဲ့ နာမည်ပဲ။
- နိဗ္ဗာန်ဟာ မလုပ်ကောင်းတာတွေ ငြိမ်းတာရဲ့ နာမည်ပဲ။
သည်လေးပါးထဲက ဘယ်တပါးသိသိ ကျန်သုံးပါးပေါ်မှာပဲ ဒါတွေပေါ်ရင် နိဗ္ဗာန်ရောက်ကြောင်း ကျင့်မိမှာ မလွဲပေါ့။

သည်လိုမကျင့်တာဟာ နိဗ္ဗာန်ပန်းတိုင် စိုက်စဉ်က စိတ်လက်မပါဘဲ စိုက်ကြလို့ ပဲ။ နိဗ္ဗာန် ဟာ သံသရာဝဋ်က ကျွတ်ရာဆိုတော့ သံသရာဝဋ်မှ မသိဘဲ နိဗ္ဗာန်ပန်းတိုင်ကို ဘယ်စိတ် ဘယ်လက် ပါနိုင်ပါ့မလဲ။ ကံမသိတော့လည်း သံသရာဝဋ် မသိပြီပေါ့။ နောက်နောင် ဘ၀တွေ ခံယူတဲ့ မိစ္ဆာတွေ ၀င်နေမှပဲ ကံကလည်း ဘယ်လိုသိလို့  ရတော့မလဲ ဖြစ်ပြီပေါ့။

ဒါကြောင့် သူတို့ ဟာ နိဗ္ဗာန်ရောက်ချင်ကြပေမယ့် နိဗ္ဗာန်နဲ့  နိဗ္ဗာန်ရောက်ကြောင်းလမ်း မဂ္ဂ က အပျောက်ခံနေရပြီး နိဗ္ဗာန် မရောက်နိုင်အဖြစ် ခံကြရတယ်။

နိဗ္ဗာန်ရောက်ကြောင်းလမ်းမဂ္ဂ မသိကြပေမယ့် မသိဘူးလို့  သူတို့ မသိကြဘူး။ နိဗ္ဗာန်ရောက်ကြောင်းလမ်း မဂ္ဂကို သိကြတယ် လို့ ထင်ကြတယ်။ ဒါကြောင့် သာသနာ့ ၀န်ထမ်း တချို့ လောက်ပဲ အဲသည် နိဗ္ဗာန်ရောက်ကြောင်းလမ်း မဂ္ဂကို ကျင့်ကြတယ်။ နိဗ္ဗာန် တွေ့ သလိုလိုတော့ သူတို့ ထင်ကြတဲ့အဖြစ်ရှိတယ်။ ဒါပေမယ့် ဆုံးခန်းတိုင် အားရ ကျေနပ်တဲ့ အထိတော့ ရှိကြလှတာ မတွေ့ နိုင်အောင်ပဲ။ အဲသည်လို တွေ့ တာကိုပဲ ပြသဖို့  စခန်းကြီးတွေထောင်ထားပြီး ပြပေးတဲ့ လုပ်ငန်း လုပ်နေကြတာပဲ။

သာသနာ့ ၀န်ထမ်း ရာနှုန်းကိုးဆယ်ငါးကျော်တို့ ကတော့ ပါနပ်တယ်ပဲ ပြောရမလားပဲ။ အဲ သည် နိဗ္ဗာန်ရောက်လမ်း မဂ္ဂကို မလုပ်ကြဘူး။ စာသင်ပေးတာ စာသင်ယူတာ တရားဟော တာ ကျောင်းထိုင်တာတွေပဲ လုပ်ကြတယ်။ သူတို့ ကတော့ အဲသည် နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂဟာ မကျင့်နိုင်လောက်ဘူးလို့  စိစစ်မိသူက စိစစ်မိပုံ ရတယ်။ မစိစစ်မိသူကလည်း ရှေး အခါက စပြီး စိစစ်မိသူတွေနောက် လိုက်ပြီး မကျင့်ကြတာ ဖြစ်မှာပဲ။

သည်လမ်းကြောင်း မဂ္ဂဟာ စိစစ်မိဖို့  အလွန်ကောင်းတယ်။ သည်မဂ္ဂရဲ့ အစဆုံး မဂ္ဂဖြစ်တဲ့ သမ္မာဒိဌိ ဆိုတာ ရုပ်နာမ်ဖြစ်ပျက် မြင်တာဆိုတော့ ရုပ်နာမ်ဖြစ်ပျက်တာဟာ ဒုက္ခအရိယ သစ္စာရဲ့ နာမည်လို့  လုပ်ပြီး ရုပ်နာမ် ဖြစ်ပျက်မြင်တာဟာ ဒုက္ခအရိယသစ္စာမြင်တယ် ပြော တော့တာပေါ့။ ဒါမြင်မှတော့ ရုပ်နာမ်မုန်းရမှာပဲ။ ရုပ်နာမ် ဖြစ်ကြောင်းကို ဒုက္ခသမုဒယ အရိယသစ္စာ လုပ်ပြီး ပယ်တာပဲ။ သည်လို ပယ်တော့ ရုပ်နာမ် အဖြစ်သိမ်းပြီး ငြိမ်းတဲ့ ရုပ် နာမ်ဆုံးတယ် လုပ်ပြန်တယ်။ အဲဒါ ဒုက္ခနိရောဓ အရိယသစ္စာ ရောက်တယ်ပေါ့။ ရုပ်နာမ် ဖြစ်ပျက်သိတဲ့ သမ္မာဒိဌိက ဒုက္ခနိရောဓ ဂါမိနိ ပဋိပဒါ အရိယ သစ္စာပေါ့။

ဒါလုပ်လို့  သည်ရောက်တယ်ဆိုရင် ရောက်မှာပဲ ပြောရတယ်။ ရောက်တော့ ဘာဖြစ်သလဲ မေးပြီး သည်အမေးကို ဖြေရလိမ့်မယ်။ သည်အဖြေ အဖြစ်ကို နိဗ္ဗာန်မျက်မှောက် ပြုတာပေါ့။ ပြောသူတွေဟာ ဦးနှောက်မဲ့သူတွေပဲ ဖြစ်ကြမယ်။ ဦးနှောက်ရှိသူက သည်အဖြေကို လက်ရှောင်ကြလိမ့်မယ်။

ဦးနှောက်ရှိသူတွေ အနေနဲ့  ရုပ်နာမ်ဖြစ်ပျက် ငြိမ်းရာဟာ နိဗ္ဗာန် မဖြစ်နိုင်ဘူးလို့  မြင်ရမှာပဲ။ ဒါဖြစ်နိုင်တယ် ဆိုရင် နိဗ္ဗာန်ဟာ ကြောက်စရာ ဖြစ်လိမ့်မယ်။ ရုပ်နာမ် ဖြစ်ပျက် ငြိမ်းရာဆီ ရောက်သူဟာ လူ့ ကိစ္စတွေကို ဆောင်ရွက်နိုင်တဲ့ အရည်အချင်းတွေ လူမှာ မရှိ တော့သူ ဖြစ်လို့ ပဲ။ လူ့ ကိစ္စ ဆောင်ရွက်နိုင်တဲ့ အရည်အချင်းတွေဟာ ရုပ်နာမ် ဖြစ်ပျက်တွေ ဖြစ်လို့ ပဲ။

လူမှာ ရုပ်ဖြစ်ပျက် မရှိတော့ရင် စားခြင်း၊ သွားခြင်း၊ မြင်၊ ကြား၊ တွေ့ သိခြင်းတွေ မလုပ်နိုင် ဘူး။ နာမ်ဖြစ်ပျက် မရှိရင်လည်း ခံစား၊ မှတ်သား၊ တုံ့ ပြန် တွေးခေါ်တွေ လုပ်လို့  မရတော့ တာပဲ။

ရုပ်နာမ် ဖြစ်ပျက်ငြိမ်းသူဟာ မသေလို့  အသက်ရှင်နေလည်း ရုပ်ကလည်း အဖြစ်အပျက် မရှိလို့  တုံးလုံး၊ နာမ်ကလည်း အဖြစ်အပျက် မရှိလို့  ဘာမှ မခံစား၊ မမှတ်သား၊ မတုံ့ ပြန်၊ မတွေးခေါ်ဘဲ သိနေကာမျှ သည်အဖြစ်ဟာ အဖြစ်ကောင်းတဲ့ ကိုယ့်အဖြစ်လား? အဖြစ်ဆိုး တဲ့ ကိုယ့်အဖြစ်လား? သည်အဖြစ်ဟာ မျှော်လင့်စရာရှိ သနိမိတ္တအဖြစ်လား၊ မျှော်လင့်ချက်မဲ့ အနိမိတ္တလား လို့ ၊ လိုလားရမယ့် ပဏိဟိတ အဖြစ်လား၊ စက်ဆုပ်ရမယ့် အပ္ပဏိဟိတ အဖြစ်လား၊ အနှစ်သာရမဲ့ သုည အဖြစ်လား၊ အနှစ်သာရရှိ သာရ အဖြစ်လား။

ဗုဒ္ဓဘာသာမှာ ပါးနပ်ကြတဲ့ သာသနာ့ ၀န်ထမ်းတွေဟာ ပါးနပ်ကြသူများပီပီ ဒါကို ပြေးကြည့် မနေကြဘဲ တွေးကြည့်ပြီး သိကြတယ်။ ပညာရှိ အတွေးဟာ ပြေးကြည့်တာ ထက် မှန်တယ် ဆိုတယ် မဟုတ်လား။ ရုပ်နာမ် ဖြစ်ပျက်ဆုံးရာ အရောက် ပြေးကြည့် သူတွေဟာ ရုပ်နာမ် ဖြစ်ပျက် ဆုံးရာကို ကိုယ်တိုင် အကျရောက်ခံရပြီး ရုပ်နာမ် ဖြစ်ပျက် ဆုံးရာထဲ နစ်မျောခါ အဲသည် ရုပ်နာမ် ဖြစ်ပျက်ဆုံးရာရဲ့ အပြစ်ကို မမြင်နိုင်ဘဲ အဲသည်ထဲ ဆက်မျော သွားနေကြသူများ ဖြစ်ကြတယ်။

ပါးနပ်ကြတဲ့ သာသနာ့ဝန်ထမ်းတွေကလည်း ပါးနပ်ကြတဲ့ အလျောက် ပြေးကြည့်ရင် တွေ့  ရမှာထက် မှန်အောင်တွေးကြည့်ပြီး သည်နိဗ္ဗာန် ရောက်ကြောင်းလမ်း မဂ္ဂကို မလျှောက် ကြပေမယ့် တခြား ဘယ်လမ်း လျှောက်ရမယ်လို့  သိကြတာတော့ မဟုတ်ကြဘူး။ စာပေ တွေကို သင်ယူရတယ်။ သင်ကြားပေးရတယ်၊ ဟောပြောရတယ်၊ ဆုံးမရတယ် ဆိုတာလည်း နိဗ္ဗာန် ရောက်ရာရောက်ကြောင်း သင်ကြားချက် ပရိယတ်တွေကို လုပ်ရတာ တွေပဲ။

အဲသည်သင်ကြားချက် ပရိယတ်ကလည်း သင်ကြားချက်ရပြီးတဲ့ ကိုယ်ကိုယ်တိုင် အဲသည် သင်ကြားရယူထားတဲ့ အတိုင်း ဖြစ်မှာ မလိုလားနေတာဆိုတော့ သူများတွေကို ဖြစ်အောင် နေကြဖို့ လည်း မတိုက်တွန်းနိုင်ဘဲ ရှိကြတယ်။သည်တော့ ပရိယတ်သင်ယူမှု သင်ကြား ပေးမှု ဟောပြောမှုတွေဟာ စိတ်လက် မပါဘဲ ၀တ်ကျေဝတ်ကုံ သင်ယူမှု သင်ကြားပေးရမှု ဟောပြောရမှုတွေ ဖြစ်လာကြတယ်။ စိတ်မပါဘဲ ဘာ့ကြောင့် ဒါတွေလုပ်နေကြသလဲ မေးရင် သာသနာ့ ၀န်ထမ်း ဖြစ်နေတော့ ဒါမှ မထမ်းရင် တာဝန်မကျေမှာစိုးလို့ လို့  ဖြေလိမ့်မယ်။

တချို့ ကတော့လည်း မိဘနဲ့  ဆရာတို့ က အပိုးချိုးပေးတာ ခံရပြီး ၀ါသနာပါလို့  လို့ ဖြေစရာရှိတယ်။ တချို့  ကလည်း ကုသိုလ်ရပြီး ဘ၀ကောင်းအောင်လို့  လို့ ပေါ့။ တချို့ ကတော့ စာတတ်မှ ကျော်ကြားပြီး ဘုန်းကြီးနိုင်မှာ ဖြစ်လို့ လို့  ဖြေသူလည်း ဖြေမှာပဲ။ ဒါတွေဟာ မိုက်မဲတာတွေပဲ။ ပရိယတ်သင်ကြားပေးမှု သင်ယူမှု ဟောပြောမှုရဲ့ ရည်ရွယ်ချက် အမှန်ဆီ ရောက်ဖို့ လမ်းကို မမြင်တော့လို့ ပဲ။

ရည်မှန်းချက်မရှိတဲ့ လမ်းကိုသွားနေသူဟာ သွားအားမရှိသူပဲ။ အဲသည်သူဟာ ဘယ်လမ်းကို ဖောက်သွားရမလဲ၊ ဖဲ့ သွားရမလဲ၊ ဘာမှ ၀န်မလေးသူပဲ။ သာသနာ့ဝန်ထမ်းတဦးအနေနဲ့  သွမ်းသော့သူပဲ။ အဂ္ဂိရတ်ထိုးမလား၊ အင်းသောက် မလား၊ ပုတီးစိပ်မလား၊ ဗိန္ဓောကုမလား၊ မန္တန်ရွတ်မလား၊ ပေါက်ဆရာလုပ်မလား၊ ဓါတ်ရိုက် ဓါတ်ဆင် ဗေဒင်ဟော မလား၊ ပယောဂဆရာလုပ်မလား၊ ဒါတွေသင်ကြားပေးသူ လုပ်မလား၊ ဗိသုကာလုပ်မလား၊ သစ်ပင်စိုက်သူ လုပ်မလား၊ တိရစ္ဆာန် မွေးမြူသူလုပ်မလား၊ ရောင်းဝယ်ပွဲစား လုပ်မလား၊ မြန်မာစာ … အစစ စာတွေသင်ပေးသူ လုပ် မလား၊ သမိုင်းတွေ သင်္ချာတွေ သိပ္ပံတွေ သင်ပေးသူ လုပ်မလား၊ ဓါးခုတ်၊ ဒုတ်ရိုက်၊ လေးပစ် … အစစတွေ သင်ပေးသူ ဖြစ်မလား၊ ဆင်စီး မြင်းစီး၊ အတီးအမှုတ် အကအခုန်တွေ သင်ပေးသူ ဖြစ်မလား၊ တိုင်းရေးပြည်ရေး အခါပေး လုပ်မလား၊ တမန်လုပ်မလား။

ဒါတွေဟာ လူမှုရေးရာတွေ ဖြစ်တဲ့အတွက် လူမှုတာဝန်တွေပဲ။ သာသနာ့ဝန်ထမ်းတဲ့ သူတွေရဲ့ အလုပ်မဟုတ်ကြဘူး။ သည်တာဝန်တွေဟာ လူမှုဝန်ထမ်းနေသူတွေက ထမ်းကြရမယ့် တာဝန်တွေ ဖြစ်တယ်။ လူမှုဝန်ထမ်းတွေရဲ့ တာဝန် တွေကို သာသနာ့ ၀န်ထမ်းတွေက ဘာကြောင့် ထမ်းနေကြတာလဲ၊ သာသနာ့ဝန်ထမ်းတွေ ထမ်းရမယ့် တာဝန်ကို မသိရာက စ၊ တယ်ပြောရမယ်။

သာသနာ့ ၀န်ထမ်းတွေဟာ ပရိယက်ကို သင်ယူခြင်း၊ ပို့ ချခြင်း၊ ဟောပြောခြင်း၊ ပြုနေသော်လည်း ပရိယတ်ကပြော တဲ့ အရိယသစ္စာကို ပေါ်အောင် ဖော်နိုင်အားမရှိ ဖြစ်နေကြတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း အရိယာဖြစ်အောင် မလုပ်နိုင်ကြဘဲ သာသနာ ဆည်းကပ်ကြသူများကိုလည်း အရိယာအဖြစ် လမ်းမညွှန်နိုင် ရှိကြတယ်။ သည်တော့ ဘာ အဖြစ်မှ မဖြစ်သူဟာ ဘာအလုပ်မှ မလုပ်သူပဲ ဆိုတဲ့ အတိုင်း သာသနာ့ဝန်ထမ်းတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်ကြ တယ်။ ဘာမှ မဖြစ်သူဟာ ဘာမှ အသုံးမကျသူ ဖြစ်တဲ့ အတိုင်း မောဃပုရိသ လို့ ပြောရတဲ့ အလကားလူ အဖြစ် ခံရ ဖို့  ရှိသူများပဲ ဖြစ်ကြတယ်။

သာသနာ့ ၀န်ထမ်းတွေဟာ ယောက်ျားကောင်းတွေပဲ။ သည်တော့ အလကားလူ အဖြစ်မခံရလေအောင် ကိုယ့်တာဝန် မသိလည်း သိတဲ့ တာဝန် ထမ်းရမှာပဲ ဆိုတဲ့ အနေနဲ့  လူမှုတာဝန်တွေ ထမ်းကြတော့ တာပါပဲ။ လူမှုတာဝန် မှန်သမျှ ဟာ အုပ်ချုပ်သူ မင်းအစိုးရတို့ ရဲ့ အာဏာစက် လည်ပတ်မှုအတွင်းမှ တာဝန်တွေချည်း ဖြစ်ကြတာပဲ။ လူမှုတာဝန်တွေ ကို သာသနာ့ ၀န်ထမ်းတွေဟာ ၀င်ထမ်းကြတော့ သာသနာ့ဝန်ထမ်းတွေ အတွင်း အာဏာစက်သွင်းတာလည်း ခံရ တော့တာပေါ့။

Website counter

Back to TOP