ဓမ္မစက္ကပသတ္တ (ဓမ္မစကြာတရားတော်) သည် ဗုဒ္ဓသျှင်တော်မြတ်၏ တရားဦး ဖြစ်သည်နှင့် အညီ ဘုရားသျှင်၏-
“ဗုဒ္ဓေါ ဗောဓေယျံ၊
တဏ္ဏော တာရေယျံ၊
မုတ္တော မောစေယျံ။”
ဟူသည့် ဘုရားဖြစ်ရန် တောထွက်စဉ် ဗုဒ္ဓရည်ရွယ်ချက်ကို ဖြည့်ရန် အခြေခံအုတ်မြစ် ဖြစ်သော တရား ဖြစ်သည်။ ဘုရားသျှင်း၏ “ပဓါနအလုပ်တရား” လည်းဖြစ်သည်။ ဗုဒ္ဓသျှင်၏ လေးဆယ့်ငါးဝါ ကာလ ပတ်လုံး ဟောကြားအပ်သော တရားအားလုံးသည် ဤအုတ်မြစ်တရားကို ထောင့်မျိုးစုံမှ နည်းမျိုးစုံဖြင့် ချည်းကပ်ခြင်းမျှသာ ဖြစ်၍၊ ဤအခြေခံဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ္တ ဖြင့် ကြွေးကြော်အပ်သော “အရိယသစ္စာလေးပါး” သို့ ချည်း ဦးတိုက်တော် မူခဲ့၏။
ဗုဒ္ဓသျှင်၏ တရားတော်ကို သိနားလည်လိုလျှင်၊ ဗုဒ္ဓဘုရားသျှင်၏ လေးဆယ့်ငါးဝါ ကာလပတ်လုံး ဒေသနာ နည်းပရိယာယ် အသွယ်သွယ်ဖြင့် ပုဂ္ဂလဇ္ဈာသယအလိုက် လူအပေါင်းကို သိနားလည်စေ အပ်သော “ဝိမုတ္တိရသ” ဟူသော တစ်ခုတည်းသောရသကို ပေးအပ်သော ဘုရာ့သျှင်၏ လုပ်ငန်းကို သိမြင်နားလည်လိုလျှင် ဤ “ဓမ္မဒက္ကပဝတ္တသုတ္တ” ကို အရကောက်မှန်စွာဖြင့် ပြက်ပြက်ထင်ထင် သိမြင် နားလည်ရမည် ဖြစ်ပါသည်။
ဉာဏ်မျက်စေ့ပေါ်လာအောင်၊ ထိုးထွင်း သိမြင်အောင် ဉာဏ်အထူးဖြင့် မြင်အောင်၊ ငြိမ်းအေးမှုကို မျက်မှောက်ပြုနိုင်ရန်ကား ဤ “ဓမ္မစကြာတရား” ကို ပဓါနအဦးမူ နှံ့ စပ်သိမြင် လိုက်နာ ကျင့်ပွားရမည့် တရားပေတည်း။
ဓမ္မစက္ကပဝတ္တနသုတ္တန်တိုက်တွန်းချက်
အခန်း(၁)
ဓမ္မစကြာတရားတော်အကြောင်း
၁။ တရားနိဒါန်း
ဘုရားဟာ တရားအကွက်ပေါင်း ထောင်ချီပြီး ဟောခဲ့တယ်။ ဟောနည်းအားဖြင့် (သုတ္တ၊ ဂေယျ၊ ဂါထာ၊ ဝေယျာကရဏ - စသည့်) ကိုးမျိုးရှိတယ်။ တရားအကွက်များကို ကိုးမျိုးထဲက တစ်မျိုးမျိုးနဲ့  ဟောခဲ့တာ ဖြစ်တယ်။ တရားတွေဟာ အကွက်ပေါင်း ထောင်ချီပြီး ရှိပေမယ့်၊ တရားသိဖို့ အတွက် အားလုံးကို လေ့လာရမှာ မဟုတ်ဘူး။ တရား တကွက်တိုင်းဟာ တရားသိဖို့ အတွက် လုံလောက်တဲ့ ဟောကွက်တွေ ချည်း ဖြစ်တယ်။
သည်လို ဖြစ်လျက်နဲ့  တရား အကွက်တွေ များနေရတာကတော့ တရား နာမည့်သူတွေရဲ့ အလိုအမျိုးမျိုး နဲ့ ၊ တရားဟောသူရဲ့ တရားဆင်ပုံ အမျိုးမျိုးတွေကြောင့် ဖြစ်တယ်။
တရားတွေဟာ ပုဂ္ဂိုလ်တစ်ယောက်တည်းကို တစ်နေရာတည်းမှာ ဆက်တိုက် ဟောပြောထားတာတွေ မဟုတ်ဘူး။ တစ်နေရာမှာ ပုဂ္ဂိုအသီးသီးတွေ အတွက် ဟောပြောခဲ့တာ ဖြစ်တယ်။ သည်တရားတွေဟာ ဘုရားသက်တမ်းတလျှောက်ဖြစ်တဲ့ လေးဆယ့်ငါးနှစ် အတွင်းမှာ ဟောပြောခဲ့ချက်တွေ ဖြစ်တယ်။ သည်တရားတွေကို အခုလို တစုတဝေးတည်း တွေ့ ရတာဟာ ဘုရားလွန်ပြီး နောက်မှ ဘုရားရဲ့ တပည့် သံဃာတွေက စုဆောင်းထားကြလို့  ဖြစ်တယ်။
ဒါကြောင့် တရားတွေ အကုန်လုံး လေ့လာမှ ဘုရားဟောတဲ့ တရားကို သိမှာ မဟုတ်ဘူး။ တရား တစ်ကွက်ချင်းဟာ ဘုရာ့တရားဆိုလိုချက်ကို သိစေမှာချည်း ဖြစ်တယ်။ ဘုရာ့တရားသိဖို့ အတွက် တရား တစ်ကွက်ကိုပဲ လေ့လာရုံနဲ့  လုံလောက်တယ်လို့  ဆိုလိုတယ်။
ဒါပေမယ့် အခု တရားလေ့လာတဲ့ အခါမှာ ဘုရားရဲ့ တရားအကွက် ထောင်ပေါင်းများစွာထဲက အကုန် မလေ့လာပေမယ့် တစ်ကွက်တည်း လေ့လာမှာလည်း မဟုတ်ဘူး။ လေးကွက်လောက်ကို ဆက်တိုက် လေ့လာကြမယ်။
တရား တစ်ကွက်တိုင်းဟာ တရားသဘောကို သိဖို့  ဆောင်နိုင်အောင် ဟောထားတယ် ဆိုပေမယ့် ဟောထားတဲ့ တရားတွေရဲ့ ဟောတဲ့ ခေတ်နဲ့  အခု လေ့လာမယ့် သူတွေရဲ့ ခုခေတ်ဟာ ဝေးလွန်း နေတယ်။ ရာစု အစိတ်ကျော်လောက် ကွာခြားတဲ့ ဟောပြောချက်ရဲ့ လေ့လာချက်ဟာ နားမလည်စရာ အဖြစ် လက်ခံလောက်တဲ့ အကြောင်းဖြစ်တယ်။ နားမလည်ဖို့  အကြောင်းတွေဟာ လုံလောက်တဲ့အပြင် အပိုတွေလည်း ဆင့်နေသေးတယ်။
ဟောပြောသူရဲ့ ဒေသနဲ့ ၊ နာကြားသူရဲ့ဒေသ ခြားတာအပြင်၊ ဟောပြောသူရဲ့ ဘာသာစကားနဲ့  နာကြား သူရဲ့ ဘာသာစကား ခြားနားတာတွေ ဖြစ်တယ်။
သည်တော့ တရားတကွက် နားလည်ဖို့ အတွက် တရားသုံးလေးကွက် ဆက်ကြည့်ဖို့ တော့ အနည်းဆုံး လိုအပ်မှာ ဖြစ်တယ်။ ဒါမှ ပြောသူနဲ့  နာကြားသူတို့ ရဲ့ ခြားနားလွန်းတာကို အတန်အသင့် ဆောင်မိ နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် သည်တရားလေ့လာချက်မှာ ဘုရားဟောတဲ့ တရားအကွက် လေးကွက်ကို လေ့လာကြမယ်။ လေးကွက်ကတော့-
(၁) စမ္မစက္ကပဝတ္တန (ဓမ္မစကြာ) တရား၊
(၂) ပဋိစ္စသမုပ္ပါဒတရား၊
(၃) အနတ္တလက္ခဏာတရား၊
(၄) သတိပဋ္ဌာနတရား တို့ ပဲ။
၂။ ဓမ္မစကြာ
သည်လေးခုထဲက “ဓမ္မစကြာတရား” ကို ပဌမဆုံး လေ့လာကြမယ်။
ဓမ္မစကြာတရားဟာ ဘုရားနေနဲ့  အဦးဆုံးဟောတဲ့ တရားလည်း ဖြစ်တယ်။ သည်တရားဟာ ဘုရားရဲ့ ဝါဒသဘောထား ကြေညာချက်- လို့ ပြောလို့ ရတဲ့အနေမှာ ရှိတယ်။ သည်တရားကို အစေ့အစပ် နားလည်တဲ့ အထိ၊ ခပ်စိပ်စိပ် လေ့လာမှ သင့်မြတ်မှာ ဖြစ်တယ်။ သည်တရားမှာ အစာမကျေလျင် ဘုရားဆိုလိုချက်တွေကို သဘောပေါက်ဖို့  အခက်အခဲတွေ ဖြစ်လိမ့်မယ်။
၃။ တရားရဲ့ နိဒါန်းဖြစ်တဲ့ ဘုရား
သည်တရား မလေ့လာခင်၊ သည်တရားရဲ့ နိဒါန်း သွယ်ကြရအောင်။
နိဒါန်းအဖြစ် “ဘုရားအကြောင်း” ပြန်အောက်မေ့ရလိမ့်မယ်။
ဘုရားဟာ (မဟာသက္ကရာဇ် ၁၀၃ ခုနှစ်) ကဆုန်လပြည့်နေ့ မှာ ဗောဓိပင်အောက်မှာ နေရင်း တရားရပြီး ဘုရားအဖြစ်ရောက်ခဲ့တယ်။ ဘုရားဖြစ်ပြီး ရက်အတိုင်းအတာတစ်ခုထိ ဗောဓိပင်ပင် ဗောဓိပင်ဝန်းကျင် အနီးအပါးနေရာမှာ နေပြီး၊ ရရှိခဲ့တဲ့ တရားတွေကို လောကကြီး အတွင်း ကျုံ့ ကြည့်ခြင်း၊ ဆန့် ကြည့်ခြင်း များ လုပ်နေခဲ့တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု လုပ်လိုက်တယ်။
“သည်တရားဟာ လူတွေလက်ခံဖို့  ခဲယဉ်းတာကြောင့် လူတွေနဲ့  မတန်ဘူး- ဆိုပြီး မဟောဘဲနေလို့  မဖြစ်ဘူး၊ သိနိုင်တဲ့ သူတွေကို ဟောပြောပြီး၊ သည်တရားကို အဆင့်ဆင့် ပြန့် ပွားရစေမှာပဲ” - လို့  ဖြစ်တယ်။
ဟောရမည့်သူကို စိစစ်တဲ့အခါ နောက်ဆုံးမှာ မိဂဒါဝုန်တောဘက် ထွက်ခွါနေကြတဲ့ သီတင်းသုံးဖော် ငါးဦးစု (ပဉ္စဝဂ္ဂီ) တို့ ကို ရွေးချယ်လိုက်တယ်။ ဘုရားဟာ ပဉ္စဝဂ္ဂီတို့ ရှိရာ မိဂဒါဝုန်ဘက်ကို ဗောဓိပင်က ထွက်ခွါခဲ့တယ်။
ဝါဆိုလပြည့်နေ့ မှာ ပဉ္စဝဂ္ဂီတို့ ရှိရာကို ရောက်ခဲ့တယ်။ ပဉ္စဝဂ္ဂီတို့  သံသယ မျက်နှာများနဲ့  ဘုရားကို လက်ခံကြတယ်။ အဲသည်နေ့  ညနေ နေဝင်ရီတရောမှာပဲ ဘုရားက ပဉ္စဝဂ္ဂီတို့ ကို သည် “ဓမ္မစကြာတရား” ဟောပြောတယ်။
သည် “စမ္မစကြာတရား” ဟောပြောချက်ကို လေ့လာတဲ့အခါ ပီပြင်အောင် အပိုင်းသုံးပိုင်း ခွဲခြားလေ့လာ ကြမယ်။
(၁) ပဌမတစ်ပိုင်းက ဓမ္မစကြာတရား ဟောပြောချက်ရဲ့ နိဒါန်းပိုင်း၊
(၂) ဒုတိယ- ဓမ္မစကြာတရား ဟောပြောချက်ရဲ့ ကိုယ်ထည်ပိုင်းနဲ့ ၊
(၃) တတိယက- ဓမ္မစကြာတရား ဟောပြောချက်ရဲ့ နိဂုံးပိုင်း
ဖြစ်တယ်။
“ဓမ္မစကြာတရားဟောပြောချက်ရဲ့ အပေါင်းအဓိပ္ပါယ်က”
“အစွန်းနှစ်ပါးကလွတ်တဲ့ တရားကို သူတွေ့ ပြီ။ အဲသည်တရားကို ကျင့်ပွားလျင် ဒုက္ခကို သိပြီး၊ ဒုက္ခ ဖြစ်ကြောင်းကို ပယ်ခါ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ချမ်းသာရတယ်” လို့ ပဲ ဖြစ်တယ်။
သည်တော့ ဓမ္မစကြာတရားဟောပြောချက်ရဲ့-
နိဒါန်းဟာ “အစွန်းနှစ်ပါး” ဖြစ်ပြီး၊
ကိုယ်ထည်ဟာ “မဂ္ဂင်ရှစ်ပါး”၊
နိဂုံးက “သစ္စာလေးပါး” ဖြစ်တယ်။
ဓမ္မစကြာတရားမှာ ကိုယ်ထည်ဟာ “မဂ္ဂင်ရှစ်ပါး” ပဲ။
သည်တရားတစ်ခုလုံးရဲ့ “ပင်မပြကွက်” ပေါ့။
အစွန်းနှစ်ပါးက သည်ပြကွက် ထင်ရှားလာဖို့  နောက်ခံ လုပ်ပေးတဲ့ အရာပဲ။ သစ္စာလေးပါးက မဂ္ဂင် ရှစ်ပါးရဲ့ အသုံးကျပုံကို အရောင်တင်ပေးတဲ့ အရာဖြစ်တယ်။ ဒါကြောင့် သစ္စာလေးပါးဟာ သည်ဟောချက်ရဲ့ နိဂုံးပေါ့။
ဓမ္မစကြာရဲ့ ပြဆိုချက်ဟာ “ဘုရားရဲ့ တရားဆိုတာ ဘာဖြစ်တယ်” လို့ ဖြစ်တယ်။ ဒါကိုပေါ်လာဖို့  ဒါရဲ့ နိဒါန်းဟာ အရေးကြီးတာပေါ့။
လမ်းကိုပြချင်လျင် လမ်းရဲ့ ဝဲယာကို စည်းသားပေးရတယ် မဟုတ်လား။ လဟာပြင်ကို ဝဲစည်းတစ်ကန့် ၊ ယာစည်းတစ်ကန့်  သားလိုက်လျင် အလယ်ဗဟို ပေါ်လာမယ်။ အဲဒါဟာ အလယ်လမ်းပဲ။ သည်တော့ လမ်းပေါ်ဖို့  စည်းသားသလို အစွန်းတွေကို တရားပေါ်ဖို့  ထင်ထင်သားရမယ်။
ဓမ္မစကြာတရားတော်အား အပြည့်အစုံ ဆက်လက် ဖတ်ရှုလိုပါက download file ရယူနိုင်ပါတယ်။
ဓမ္မစကြာတရားတော်
Labels:
ဓမ္မစကြာတရားတော်