ဆရာဒကာ ဖြစ်ဖြာလုံး လည်လမ်းမှာ ကျင်လည်နေကြတော့ လည်လမ်းသာ မသိတာ မဟုတ်တော့ဘဲ လွတ်လမ်းလည်း လုံးလုံးမသိကြသူများဖြစ်ကြတယ်။ ရသမျှနဲ့  ရောင့်ရဲ တင်းတိမ်မှုလက်စွဲ ထိုသူချမ်းသာမြဲ ဆိုတဲ့အတိုင်း ကိုယ်သွားနေတဲ့လမ်းဟာ လွတ်လမ်း ဖြစ်တဲ့အတွက် အခုမလွတ်လပ်ပေမယ့် တနေ့ မှာ လွတ်လပ်ရမှာပဲ ဆိုပြီး စိတ်အေးချမ်း သာနေကြသူများ ဖြစ်ကြတယ်။
သည်လိုဖြစ်ပေမယ့် ဆရာဒကာ နှစ်ဖြာလုံးပဲ လည်ပတ်လမ်း လျှောက်နေကြတဲ့အလျှောက် တခါတခါမှာ ဗြဟ္မာနဲ့  နတ်ဒေ၀ါတွေ ဆရာရော ဒကာပါ ဖြစ်ပေမယ့် အကြောင်းမသင့်တဲ့ အခါနဲ့ ကြုံရင် ဘီလူး သရဲဆရာနဲ့  ဘီလူးသရဲဒကာတွေ ဖြစ်ကြတာတွေလည်း မရှားပဲ။ ဗြဟ္မာနဲ့ ဒေ၀ါတွေ ဖြစ်ကြတဲ့အခါ စွမ်းရည်သတ္တိနဲ့ ကျော်ဇောကိတ္တိတွေ မီးတောက်မီးလျှံ တွေအလား ၀န်းကျင်တွေကို မျိုဝါးကြတယ်။ ဘီလူးသရဲ ဖြစ်တဲ့အခါမှာတော့ သတ်ဖြတ် လုယက် နိုင်ထက်အမှုတွေ ကျူးသူများ ဖြစ်ကြရတော့တာပဲ။
သည်သူတို့ ရဲ့ လောကဟာ အတန်းအစားကွဲပြားပြီး တိုက်ပွဲများနဲ့  မငြိမ်းမချမ်း ဖြစ်ရတော့ တာပေါ့။ ဒါကြောင့် အာဏာစက်ကို ဖြိုဖျက်ဖို့  ပေါ်ပေါက်လာတဲ့ ဗုဒ္ဓဘာသာ သာသနာ့ ၀န်ထမ်းကို ဘုရင်နဲ့ အမှုထမ်းတွေက အုပ်ချုပ်ဖို့ မှာ မတော်မလျော် သလိုတော့ ရှိတယ်။ မအုပ်ချုပ်ဘဲ ထားလို့ လည်း မရအောင် ဖြစ်တယ်။ သည်အကြပ်အတည်းကို ကျော်လွှားဖို့  ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းများအတွင်း ဖွဲ့ စည်းပုံ အသစ်တခု သွင်းကြတယ်။ ဂိုဏ်း ထောက်၊ ဂိုဏ်းအုပ်၊ ဂိုဏ်ချုပ်နဲ့  သာသနာပိုင်တို့ ပဲ။ ဒါဟာ ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်း များအတွင်း အာဏာစက် ၀င်ရောက်နိုင်အောင် အုပ်ချုပ်သူများက အညှာတပ်လိုက်တာပဲ။
ဂိုဏ်းထောက်၊ ဂိုဏ်းအုပ်၊ ဂိုဏ်ချုပ်တို့  အဆင့်ဆင့် ပြောဆိုလို့ မရတာဆိုရင် သာသနာပိုင် က ပြောပြီး သာသနာပိုင်ပြောမရတာဆိုရင် ဘုရင်နဲ့  မင်းမှုထမ်းများက အရေးယူကြဖို့ ပဲ။ သည်လိုလုပ်တာ မသင့်မြတ်ဘူး မြင်စရာ မရှိသလိုဖြစ်တယ်။ ဒါပေမယ့် အဲသည်သာသနာ ပိုင်ကို ဘုရင်ကခန့် ပြီး ဂိုဏ်းချုပ်စတာတွေကို သာသနာပိုင်ခန့် တာပဲ။ ဘုရင်ဟာ ဗုဒ္ဓ ဘာသာ သာသနာထဲမှာ သာသနာ့ဝန်ထမ်းများရဲ့ ဘုရင်အဖြစ် သာသနာပိုင်ခန့် ဖို့  ဘယ်က အခွင့်အာဏာရသလဲ။ သည်အမေးအတွက် အဖြေမရှိတာဟာ မသင့်မြတ် ကြောင်း ထင်ရှားစေတာပဲ။
ဘုရင်ဟာ သာသနာပိုင်အဖြစ် သင့်မြတ်သူကိုသာ ခန့် မှာပါလို့  လျော့လျော့ပေါ့ပေါ့ စဉ်း စားရင် ဖြစ်နိုင်ပါတယ်။ သည်စဉ်းစားတဲ့အတိုင်း ဟုတ်ကောင်းလည်း ဟုတ်မယ်။ ဟုတ် ကောင်းမှလည်း ဟုတ်မှာပဲ။ ဟုတ်ချင်ဟုတ်၊ မဟုတ်ချင်နေ သူ့ မှာခန့် ပိုင်ခွင့် ဘယ်ကမှရ ထားတာ မဟုတ်တာပဲ။ သည်လို ဘုရင်က သာသနာအတွင်းကို သာသနာပိုင် ဆွဲခန့်  လိုက်တာဟာ ဘုရင့်အာဏာစက်ကို သာသနာ့အတွင်း ၀င်ရောက်နိုင်အောင် သွင်းလိုက် တာပဲ ဖြစ်တယ်။
သည်လို သာသနာအတွင်း ဘုရင့်အာဏာမသွင်းရင် သာသနာတွင်း အငြင်းပွားတာတွေ အတွက် သာသနာပျက်မှာကို မလိုလားလို့  အာဏာသွင်းရခြင်းဖြစ်ကြောင်း အကောင်းမြင် စရာလည်း ရှိတယ်။ ဒါလည်း မဟုတ်တာပဲဖြစ်တယ်။ သာသနာဟာ ဓမ္မစက်လည်ပတ်မှုပဲ။ ဓမ္မစက် လည်ပတ်အောင် ဆောင်ရွက်ကြသူ သာသနာ့ဝန်ထမ်းတွေမှာ ၀ိဝါဒတွေ ရှိနိုင်ပေ မယ့် ဒါကို ဖြေရှင်းနည်းမရှိတာမှ မဟုတ်တာပဲ။ သည်ရှင်းနည်းတွေနဲ့  ရှင်းလို့ မလင်းဘူး ဆိုရင် ဒါကလေးမှ မရှင်းနိုင်သူတွေဟာ ဓမ္မစက်လှည့်လို့  မရနိုင်သူတွေပဲ ဖြစ်ရမယ်။ ဓမ္မ စက်မလှည့်နိုင်သူတွေ ပျက်မှာကို မပျက်အောင် ထိန်းစရာ ဘာလိုသလဲ။ စားစရာဟာ သိုးပုပ်နေလို့  စားစရာ့တာဝန်ကို မယူနိုင်တော့ဘူးဆိုရင် စားစရာထည့်တဲ့ ပန်းကန် သန့်  သန့် ကလေးငဲ့ပြီး စွန့် စရာတွေ ပစ်တဲ့နေရာ၊ မပစ်နိုင်ဖြစ်နေဖို့  မရှိဘူး မဟုတ်လား။ သည်လိုပဲ သဘောထားရမှာ ဖြစ်တယ်။
ဓမ္မစက် လှည့်နိုင်သူတွေဟာ သူတို့ အတွင်း ဖြစ်ပွားတဲ့ ဓမ္မစက် မလှည့်နိုင်သူတချို့ နဲ့  ဖြစ်တဲ့ ၀ိဝါဒမျိုးလောက်ကို ကိုယ်တိုင် မဖြေရှင်းနိုင်စရာ အလျဉ်းပဲ မရှိနိုင်ကြဘူး။ ဗုဒ္ဓ ဘာသာ သာသနာ့ဝန်ထမ်းတွေဟာ အစည်းအဝေးမြောက်တဲ့ အစည်းအဝေးက ဓမ္မစက် လည်ပတ်အောင် ညှိနှိုင်းပြီး ဘယ်အငြင်းပွားမှု၊ ၀ိဝါဒ စွပ်စွဲမှု အယူဝါဒတွေဖြစ်ဖြစ် ညီညွတ် စေနိုင်ကြတာပဲ။ သည်လိုဖြစ်ပေမယ့် ဗုဒ္ဒဘာသာ သာသနာ့ဝန်ထမ်းတွေဟာ ဓမ္မစက်လှည့် နိုင်သူတွေ မဟုတ်တော့ရင် ဘယ်ဝန်ထမ်း အစည်းအဝေးကမှ ညီညွတ်စေတာကို မဖြစ်စေ နိုင်ကြတော့ဘူးပေါ့။
သည်တော့ သာသနာ့ဝန်ထမ်းများအတွင်း အငြင်းပွားမှု ၀ိဝါဒစွပ်စွဲမှု အနုဝါဒများကို ညီညွတ်စေဖို့  အာဏာစက်ကို ဆွဲသွင်းရတော့တာပဲ။ သည်လိုသွင်းတဲ့အခါ သာသနာ့ ၀န်ထမ်းတွေက ဂိုဏ်းထောက်၊ တိုက်အုပ်၊ ဂိုဏ်းချုပ်နဲ့ သာသနာပိုင်ကို ခန့် ပြီး အာဏာ စက်ကို သာသနာအတွင်းသွင်းတာ မဟုတ်ဘဲ၊ ဘုရင်က ခန့် ပြီး အာဏာဝင်လာတာပဲ။
ဘုရင်ဘက်က မြင်ကြည့်ရင် သည်လိုလုပ်တာမှန်ကန်တာပဲ။ ဗုဒ္ဓသာသနာ့ဝန်ထမ်းများဟာ ဓမ္မစက်သာ ပျက်နေပေမယ့် အခြားအား အစွမ်းတွေ အများအပြားကို ပိုင်ဆိုင်ကြသူများ ဖြစ်တယ်။ အတွေ့ အကြုံ ဗဟုသုတတွေကို အများဆုံး လိုက်စားခွင့်ရပြီး ပြည်သူရဲ့ ဦးထိပ် ရွက် ပန်ဆင်ခံရသူလည်း ဖြစ်နေတယ် မဟုတ်လား။ သူတို့ ရဲ့ ပညာဗဟုသုတတွေကို ပြည် သူအများထံ ပြန့် ပွားဖို့ အတွက် သူတို့ ကိုပဲ အသုံးချရလိမ့်မယ်။ ပြီးတော့ ပြည်သူတွေ ခိုး ဆိုး ပုန်ကန် ခြားနားတာတွေ မလုပ်ဘို့ အတွက်လည်း သူတို့  အဆုံးအမသြဇာဟာ အသုံး ကျတာတွေပဲ။ သည်တော့ သူတို့ ကို ပျောက်ပျက်လွင့်ကြဲသွားမှာကို မဖြစ်စေချင်ရဘူး ပေါ့။
ဘုရင်တွေမှာ ဓါးလှံလေးမြှား လက်နက်တပ်ဖွဲ့  တွေနဲ့  တိုင်းပြည်ကို အုပ်ချုပ်ထားနိုင်တဲ့ အာဏာရှိကြပေမယ့် အာဏာဟာ ရုပ်ပိုင်းဆိုင်ရာပဲ ဖိနိုင်မယ်။ လူဟာ ရုပ်ချည်းရှိတာမဟုတ်ဘဲ စိတ်လည်းရှိတာဆိုတော့ စိတ်ဖိနိုင်တာ မရှိ လျင် အမြဲတမ်း ဓါးလှံလေးမြှား လက်နက်တပ်ဖွဲ့ တွေ သုံးနေရမှာဖြစ်တယ်။ ဒါဟာ မလို လားအပ်ဘူး။ ဒါကြောင့် ပညာဗဟုသုတတွေ လေ့လာဆည်းပူးပြီး တိုင်းပြည်ကို ဖြန့် ဝေ ဆုံးမနေသူများ မွေးထားရမယ်။ ၀န်ကြီး၊ အမတ်ကြီးများကို အုပ်ချုပ်မှုအာဏာအတွက် မွေး မြူထားရတဲ့အလား ဖြစ်တယ်။
သည်လို အသုံးကျလို့  အသုံးချဖို့  မွေးမြူထားရင် သူတို့ ကို ကိုယ့်အာဏာစက်အောက် အရောက်သွင်းမှ ဖြစ်မယ်ဆိုတာ ဘုရင်များ စိတ်မကူးလို့  မဖြစ်ဘူး။ အမှိုက်ကစ ပြဿာဒ် မီးလောင်တယ် ဆိုတဲ့စကား ရှိတာပဲ။ သာသနာ့ဝန်ထမ်းအချင်းချင်းရဲ့ မဖြေရှင်းနိုင်တဲ့ ငြင်းခုံမှုပြဿနာဟာ ပြည်သူအများရဲ့ ငြင်းခုံမှုပြဿနာ ဖြစ်လာနိုင်တယ်။ ပြည်သူ့  ပြဿနာဟာ နန်းတွင်း ပြဿနာဖြစ်ပြီး ရာဇပလ္လင်ကို လှုပ်စေနိုင်တာပဲ။ ဒါကြောင့် သာသ နာတွင်းက အာဏာစက်ကို ဘုရင်က ချုပ်ကိုင် လိုက်တာပဲ။
ဘုရင်က မချုပ်ကိုင်ဘဲ သာသနာ့ဝန်ထမ်း အောက်ခြေက အဆင့်ဆင့်တက်ပြီး အာဏာထူ ထောင်တာကို လွှတ်ထားရင် တနေ့ မှာ သူတို့ ထူထောင်ထားတဲ့ အာဏာဟာ ဘုရင့် အာဏာကို ယှဉ်မလာဘူး မပြောနိုင်အောင် ရှိမယ်။ တိုင်းပြည်ကြီး တခုအတွင်းမှာ တိုင်းပြည်ငယ်တခု အတည်ဆောက်ခံသလို ဖြစ်စရာရှိတာပဲ။ သည်တော့ ဘုရင်ကလည်း သူ့ အာဏာကို သာသနာအတွင်းဝင်အောင် သွင်းတာပဲ။
သည်လို သာသနာဝန်ထမ်းများအတွင်း အာဏာအသွင်းခံရတာဟာ ဘုရင်များရဲ့ လော်လီ ချက်မဟုတ်ဘဲ သာသနာ့ဝန်ထမ်းများရဲ့ ကိုယ်တာဝန်ဖြစ်တဲ့ ဓမ္မစက်လည်ပတ်တဲ့တာဝန် ပျောက်ပြီး လူမှုနယ်ပယ်ဘက် ရောက်သွားတာကြောင့်ပဲ ဖြစ်တာကို တွေ့ ရမယ်။
ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်ယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များက သာသနာ့ ၀န်ထမ်းများရဲ့ ခြေရာ လက်ရာများကြည့်ရင် သိနိုင်တယ်။
အဲသည်ခေတ်ဟာ စာပေအရေးအသားတွေ ထွန်းကာနေပြီဖြစ်တဲ့ ခေတ်တွေပဲ။ သာသနာ့ ၀န်ထမ်းဟာ စာပေအရေးအသားနဲ့  အလွန်ဆက်စပ်သူများပဲ။ ဒါကြောင့် စာပေတွေ အများအပြားကို အဲသည်ခေတ်များက သာသနာ့ဝန်ထမ်းများ ရေးချွတ်ပြုစုခဲ့ကြတာပဲ။ အဲ သည် စာပေတွေထဲမှာ ဓမ္မစက်လည်ပတ်မှုဆိုင်ရာ စာပေဟာ အဲသည်ခေတ်တွေမှာ ပြုစုခဲ့ ကြတဲ့ စာပေတွေရဲ့ မဆိုစလောက် ရာနှုန်းပဲ ဖြစ်စရာရှိတာတွေ့ ရတယ်။ အဲဒါတောင် တကယ်တမ်း ဓမ္မစက်လည်ပတ်မှု ဆိုင်ရာ ဟုတ်ကြဖို့  မလွယ်အောင်ရှိတယ်။ ပရမတ် ဆိုင်ရာ ကောက်ပြချက် တချို့  နဲ့  ပါဠိကို မြန်မာပြန်ကြတာ။ အဲသည်ပါဠိကို ဆိုလိုချက်ပြ ကြတာတွေပဲ။
ဗုဒ္ဓသာသနာတွင်း အာဏာစက်ဝင်လာပုံ
Labels:
ဗုဒ္ဓ ဘုရား သာသနာနှင့် မြန်မာပြည်