မြန်မာပြည်နှင့် ဗုဒ္ဓသာသနာ

သီရိလင်္ကာမှာ စာပေပေါ်မှတ်တမ်းတင်ကြတဲ့ စာတွေဟာ တင်ထားတဲ့အတိုင်း အရွေ့ အလျား နောက်ထပ်မဖြစ်တော့ တာ တွေ့ ရတယ်။ ထိုင်း၊ လော၊ ကမ္ဘောဒီယားနဲ့  မြန်မာတို့ ဆီ သည်စာတွေ ပြန့် ပွားလာတာလည်း သည်နိုင်ငံတွေ မှာ ရှိတာတွေကို သည်နေ့  တိုက်ကြည့်တော့ တူနေတယ် ပြောရတဲ့အဖြစ်ရှိတာ တွေ့ ရလို့ ပဲ။

သည်နိုင်ငံမှာ ရှိကြတဲ့ သာသနာ့ဝန်ထမ်းတွေဟာ သီရိလင်္ကာက ရွေ့ လျားလာတာ ဟုတ်ကောင်းမှ ဟုတ်မှာ ဖြစ်ပေမယ့် သာသနာ့ဝန်ထမ်းတွေလက်ရောက်နေတဲ့ စာတွေကတော့ သီရိလင်္ကာက ရွေ့ လျားလာတာတွေပဲ။ မြန်မာနိုင်ငံကို သာသနာ့ဝန်ထမ်းတွေ ရောက်နေတာတော့ နည်းနည်းစောစောကလို့ သိရတယ်။ ဣန္ဒိယ၊ ဘင်္ဂလား ဘက်က ဆင့်ပွားရောက်လာတဲ့ပုံ ရှိတယ်။ မဟာယာနရော ထေရ၀ါဒပါ ရောက်နေကြတဲ့ပုံပဲ။ ရခိုင်၊ ပျူ၊ မွန်တွေ ကိုယ့်မင်း ကိုယ့်ချင်းနဲ့  အုပ်ချုပ်နေကြစဉ် ကတည်းကပဲ။

သာသနာ ၁၆၀၀ နှစ်လောက်မှာ ပုဂံက အနော်ရထာက အားလုံးကိုစုစည်းပြီး မင်းလုပ်အုပ်ချုပ်လာတယ်။ အဲသည် အချိန်က မွန်၊ ရခိုင် တို့ ဘက်မှာ သာသနာဟာ ထေရ၀ါဒတွေပဲ ရှိပုံပဲ။ ပုဂံမှာတော့ မဟာယာနတွေပဲ လွှမ်းမိုးကြ တယ်။

သည်နေရာမှာ ထေရ၀ါဒနဲ့  မဟာယာနရဲ့ ခြားနားချက်ကို မြင်ကြည့်ရမယ်။ ထေရ၀ါဒဟာ ဗုဒ္ဓဟောခဲ့တဲ့ သဘော တရားတွေ မပျောက်မရှအောင် လေ့လာနေပြီး အကျင့်အဖြစ်နဲ့  ၀ိနယကို လိုက်နာနေကြပြီး လူသားဦးဆောင်မှုပေး တာ တွေ့ ရတယ်။

မဟာယာနကတော့ ဗုဒ္ဓဘုရား ညွှန်ပြတယ်ဆိုတာတွေနဲ့ ညီတဲ့ လက်တွေ့ လုပ်ငန်း လုပ်တာတွေကို လိုက်နာ နေကြပြီး လူ့ လောက ဦးဆောင်မှု ပေးနေကြတယ်။

တနည်းပြောရရင် ထေရ၀ါဒက ဗုဒ္ဓဘုရားဟောပြောချက်တွေကို လူတွေအား ဟောပြောပေးတယ်။ မဟာယာနက ဘုရားရည်ရွယ်ချက်များပါတဲ့ လူ့ လုပ်ငန်းတွေ ညွှန်ပြပေးတယ်။

နှစ်ဦးလုံးရဲ့ လုပ်ရပ်ဟာ ကောင်းကြတာချည်း ဖြစ်ပေမယ့် အရိယသစ္စာ အသည်းနှလုံးမရှိတော့တဲ့ သဘောတရားကို ဆောင်ရွက်ကြတာဖြစ်လို့  နှစ်ဦးလုံးပဲ အကျိုးများကြပါဘူး။

ရခိုင်၊ မွန်နဲ့  ရှမ်း၊ ကချင် … အစစတွေ ပုဂံအောက်ရောက်ကြရတာဟာ အနော်ရထာနဲ့  သူ့ လူတွေရဲ့ စစ်ရေး စွမ်းရည် ကြောင့်လို့  ပြောရမှာဖြစ်ပေမယ့် သည်လိုစွမ်းရည် ရှိရခြင်းရဲ့ အကြောင်းကို မရေတွက်ဘဲထားရင် ပြည့်စုံမှာ မဟုတ်တာပဲ။

လူ့ စွမ်းရည်သိဖို့ မှာ အဲသည်လူတွေကို ဘာက ဦးဆောင်ပေနေသလဲ သိဖို့ ဟာ အရေးကြီးတာပဲ။ အဲသည်ဦးဆောင် မှုပေးတဲ့ လုပ်ငန်းဟာ အပျင်းပြေလောက် လုပ်နေကြတာ မဟုတ်ကြဘူး။ လူ့ ပုံပန်းကို ဖန်တီးနေကြတာတွေပဲ ဖြစ်ကြတယ်။

ပုဂံ အရည်းသာသနာ့ဝန်ထမ်းတွေရဲ့ ကျောင်းသင်ကြားချက်တွေဟာ လူစွမ်းလူစကို ထက်စေ၊ ပြောင်စေလိမ့်မယ်။ တိုက်ခိုက်ရေး ပညာ၊ ကျန်းမာရေး ပညာ၊ တီးမှုတ် ကခုန် အနုပညာ၊ ဝေဒပညာ အစစတွေဟာ လူစွမ်းလူစ ထက်စေ တာတွေပဲ။

သည်လို ပညာတွေ သင်ကြားပေးခံရသူနဲ့  မခံရသူ သည်နှစ်စုယှဉ်ရင် မခံရသူဟာ ရှုံးရမှာပဲပေါ့။ ပုဂံအနော်ရထာရဲ့  အောင်ပွဲဟာ အရည်းတွေရဲ့ အောင်ပွဲလို့ ပြောရင် နိုင်မှာပဲ။ အနော်ရထာက ပုဂံအင်ပါယာ ထောင်ပြီးနောက်မှာ ထေရ၀ါဒ သာသနာ့ဝန်ထမ်းတွေကို ပုဂံမှာနေရာပေးပြီး အရည်းတွေ ကို ထေရ၀ါဒ သာသနာ့ဝန်ထမ်းတွေအတိုင်း နေစေတယ်။ မနေလိုသူကို မင်းမှုထမ်းနေရာ တွေ ယူစေတယ်။ သည်လိုနဲ့  ဗမာပြည် မဟာယာန သာသနာ ၀န်ထမ်းလောကကို နိဂုံး ချုပ်စေခဲ့တယ်။

အရည်းတွေဟာ ထေရ၀ါဒသာသနာ့ဝန်ထမ်းအဖြစ် ခံယူကြပေမယ့် ပင်ကိုအလေ့အကျင့် များကို ထေရ၀ါဒသာသနာ့ဝန်ထမ်း အဖြစ် အတွင်းထဲ အရောက် ယူဆောင်လာကြတာ တွေ့ ရတယ်။ ဗေဒင်၊ ဟူးရား၊ ဆေးဝါး၊ ကိုယ်ခံ … အစစပညာတွေပဲ။ နောင်အခါမှာ ဒါတွေ ဆောင်ရွက်တဲ့ ထေရ၀ါဒ သာသနာ့ဝန်ထမ်းဂိုဏ်းကို ပွဲကျောင်းထေရ၀ါဒ သာသနာ့ ၀န်ထမ်းလို့ သိကြရတယ်။ ဗမာမင်းဆက် အားလုံးထဲမှာ နောက်ဆုံးတဆက်ပဲ ပွဲကျောင်း အရုပ်သိမ်းခံရတယ် ပြောရမယ်။ ဒါလည်း အဲသည် ဗမာမင်းက အထက်ဗမာပြည်ပဲ အုပ်ချုပ်သူ ဖြစ်တော့ အအောက်ဗမာပြည်မှာ ပွဲကျောင်းသာသနာ အထွန်းကား မပျက်ကြ ဘူးပဲ။ ဗေဒင်၊ ဟူးရား၊ ဆေးဝါး၊ ကိုယ်ခံနဲ့  တီးမှုတ်ကခုန် … အစစပညာတွေ သင်ကြား ပေးလျှက်ပဲ ရှိကြတာ တွေ့ နိုင်တယ်။

ဗမာပြည် လွတ်လပ်ပြီးချိန်မှာတော့ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်လာတယ်။ အဲသည်အချိန် မှာ အုပ်ချုပ်သူဟာ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး … အစစတွေကို ၀န်ကြီးဌာနတွေ ထားပြီး တာဝန်ယူစ ပြုလာရတယ်။ နှစ်အနည်းငယ်လောက် ရလာတဲ့အခါ ရွာတွေမှာ ပညာသင်ကျောင်းတွေ ဖွင့်လာကြတယ်။ သာသနာ့ ၀န်ထမ်းတွေရဲ့ ကျောင်းနဲ့  တွဲတာတွဲ၊ ကွဲတာကွဲပဲ။ တွဲတွဲ ကွဲကွဲ သာသနာ့ဝန်ထမ်းတွေ ပညာသင်ကြားပေးရမှုတော့ လျော့နည်း သွားတာ အသေအချာပဲ။ အချိန်ရလာတော့ ပညာသင်ကြားပေးရမှု မရှိသလောက် နည်းသွားတယ်။

ဘုန်းကြီးသြဇာနှင့် ဗမာပြည်သူ
ဒါပေမယ့် ဗမာပြည်မှာ သာသနာ့ ၀န်ထမ်းတွေရဲ့ အရှိန် အစော်ဟာ လျော့မကျသေးပါဘူး။ သာသနာ့ ၀န်ထမ်းတွေကို ဗမာတွေက ဘုန်းကြီးလို့  ခေါ်ဝေါ်သုံးနှုန်းကြတယ်။ သည် အခေါ်အဝေါ်ဟာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူကို သူ့ မောင်းမ၊ မိဘုရား … စသူတွေက ခေါ်တဲ့ ဝေါဟာရလို့ သိရတယ်။ဘုန်းကြီးဟာ တိုင်းပြည်ရဲ့ ဆရာပဲ။ ဒါကြောင့် ဆရာတော် လို့ လည်း ခေါ်ကြရတယ်။

တိုင်းပြည်အုပ်ချုပ်ဘုရင်ကအစ တိုင်းပြည်ရှိ လူတွေအားလုံးဟာ ဘုန်းကြီးရဲ့ ရိုက်ပုတ် ကန်ကျောက် ငေါက်၊ ကြိမ်းဝါးခံလာသူတွေချည်း ဖြစ်တော့ ဘုန်းကြီးဟာ လူအားလုံးရဲ့ ငယ်နိုင်တွေပဲ။ ဒါကြောင့် ဘုန်းကြီးဟာ တိုင်းပြည်မှာ သြဇာအရှိဆုံးသူပဲ။ မင်းကတော့ အာဏာအရှိဆုံးပေါ့။

ဘုန်းကြီးမှာ သြဇာရှိဖို့  အချက်(၅)ချက် ရှိတာ တွေ့ ရတယ်။ ဘုန်းကြီးဟာ ဘာသာရေး ခေါင်းဆောင် ဖြစ်တယ်။ နောက် ပညာရေးမှာလည်း တာဝန်ခံဖြစ်တယ်။ ပြီးတော့လည်း အုပ်ချုပ်ရေးမှာလည်း စွက်ဖက်ခွင့်ရှိသူ ဖြစ်တယ်။ နောက်ဆုံးအနေနဲ့ အဖွဲ့ အစည်း အပေါင်းအရောင်းကလည်း စည်းလုံးညီညာ တောင့်တင်းတယ်။ အပိုအဖြစ် ပြောရင် အိမ်ထောင်သားမယား အတုပ်အနှောင်က လွတ်လပ်သူဖြစ်တာလည်း ထည့်ရမှာပဲ။

ဒါကြောင့် ဗမာပြည်သူတွေဟာ ဘုန်းကြီးများရဲ့ ကြိမ်းဝါး ဆူငေါက် ကန်ကြောက်ရိုက်ပုတ်ခံ ကြရတာက မလွတ်ကြတာပဲ။ သည်နေ့ လူတွေဟာ ဘုန်းကြီးပညာရေးအောက်က ထွက်တယ် ဆိုသော်မှ ကျန်တဲ့အရာတွေနဲ့ ငြိလျှက်ပဲ ရှိတာ တွေ့ ရတယ်။ ကျန်းမာရေးက လည်း တ၀က်တပျက် မှီခိုဆဲပဲ။ ဘာသာရေးလည်း အစိတ်အပိုင်း အတော်များများအထိ မှီခိုဆဲပဲ။ သြဇာလည်း သည်လိုပါပဲ။

အကန်အကြောက် အဆူအငေါက်က လွတ်ပြီဆိုသော်မှ ကိုယ်လွတ်ပေမယ့် ကိုယ်အပေါင်း အရောင်းနဲ့  မိဘ ဘိုးဘွားတွေက ခံလာခဲ့ကြရသူတွေချည်းလောက် ဖြစ်ကြမယ်။ သည်တော့ သူတို့  သြဇာဟာ ရှေးကလောက် မရှိပေမယ့် ရှိမြဲပဲပေါ့။

ဗမာပြည်ရောက်နေတဲ့ သာသနာဟာ အဲသည်ဗမာပြည်က ပြည်သူပြည်သားတွေရဲ့ ပုံပန်း တွေကို ဖန်တီးပေးနေတဲ့ လက်သည်တွေ ဖြစ်တယ်။ ဗမာလူသားတွေရဲ့ ဦးနှောက်ဟာ ထေရ၀ါဒ ဗုဒ္ဓ ဘာသာပဲ။ ဗမာပြည်ကလူတွေရဲ့ အကောင်းအဆိုး အယုတ်အမြတ်ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ ပုံအတိုင်းပဲ ရှိရမယ်။ ဗမာပြည်သူတွေဟာ ကွန်ပျူတာတလုံး ဖြစ်တယ်ဆိုရင် ထေရ၀ါဒ ဗုဒ္ဓသာသနာဟာ အဲသည် ကွန်ပျူတာရဲ့ ဆော့ဝဲပဲ။ ဆော့ဝဲ ရှိသ လောက် ဒီကွန်ပျူတာ အလုပ်လုပ်လိမ့်မယ်။ ဗမာပြည်သူတွေလည်း ထေရ၀ါဒသာသနာ ရှိသလောက်ပဲ တွေးခေါ်၊ ပြောဆို၊ ပြုမူ ဆောင်ရွက်ကြလိမ့်မယ်။

ဗမာပြည်သူတွေရဲ့ဖြစ်ရပ် သမိုင်းဟာ ဖုတ်သူရဲ ပူးဝင်စီးနင်းတာ ခံနေရသလိုမျိုး တွေ့  ရတယ်။ အငတ်ငတ် အပြတ်ပြတ်၊ အချို့ ချို့ အငဲ့ငဲ့ ဒယီးဒယိုင် ခြေမြှောက်လက်မြှောက် မလှမပ၊ မတည်မငြိမ်ကြီးပဲ။ အဲဒါ အခုခေတ်မှပဲ မဟုတ်ဘဲ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်တွေနဲ့  အင်္ဂလိပ်ခေတ် လွတ်လပ်ပြီး ခေတ်တွေမှာလည်း သည် နဲ့ မခြားပဲ။ မာနတွေကြီးကြ၊ ဒေါသတွေကြီးကြ၊ မနာလို ၀န်တို မိစ္ဆာတွေလည်း ပွားကြနဲ့  ပေါ့။

အချင်းချင်းတွေသတ်၊ အချင်းချင်း မယားတွေမှား၊ အဂတိတရားတွေနဲ့  ဖောက်ပြန်၊ ကလိန်ဉာဏ်တွေနဲ့  ညစ်ကြယ်၊ ပျက်စီးဖွယ်တွေ ဆည်းပူး၊ အရှုးတိုင်းပြည်ကလူ ဆိုရင် လည်း သည်ထက်ပိုမှာမှ မဟုတ်တာပဲ။ ဂူတခုထဲ ခြသေ့င်္နှစ်ကောင် မအောင်းဘူး ဆိုတာလို အိမ်တအိမ်မှာ လင်ကနိုင်ရင် မယားက လက်နှီးစုတ်၊ မယားကနိုင်ရင်လည်း လင်ကငုတ်တုတ်ထဲကပဲ။ အိမ်ရေးရာရေး ရပ်ရွာ နိုင်ငံအရေးမှာလည်း ညီဖို့  ညှိလို့ မရကြ ဘူး။ ရှုံးရင်သာ ညှိချင်ပြီး နိုင်သူက အညှိမခံနိုင်လို့ ပဲ။

တခြားနိုင်ငံက လူတွေလည်း သည်လိုပဲဆိုရင် အဲဒါတော့ မပြောတတ်ဘူးလို့  ပြောရမှာပဲ။ သည်သာသနာအောက်က လူတွေ သည်လိုဖြစ်နေတာနဲ့  သည်သာသနာနဲ့  ဘယ်လို ဆက်စပ်တယ် ဆိုတာ ကြည့်လို့  တွေ့ ရတာ ပြောတာ ဖြစ်လို့ ပဲ။ တခြားက လူတွေ သည်လိုပဲ ဖြစ်နေတယ် ဆိုရင်လည်း သူတို့ ကို လမ်းညွှန်ပြနေတဲ့ သာသနာဟာ သည်လို ဖြစ်နေလို့ ပဲလို့  ဆက်စပ်ရမှာပဲ။

Website counter

Back to TOP