ဒီတော့ မသမာတဲ့ အပြုအမူဟာ လူ့  ဆက်ဆံရေးနဲ့  အစိတ်အပိုင်း နာမည်ဖြစ်တယ်။ လူနှင့် လူမဟုတ်တဲ့ သက်ရှိတို့ ရဲ့ ဆက်ဆံရေးလား။ လူနှင့် လူမဟုတ်တဲ့ သက်ရှိတို့ ရဲ့ ဆက်ဆံရေးလား။ လူနှင့် တခြားလူတို့ ရဲ့ ဆက်ဆံရေးလား ခွဲကြည့်ဖို့  လိုတယ်။ လူနှင့် လူ မဟုတ်သူတို့ ရဲ့ ဆက်ဆံရေးနဲ့ စာရင် မပြောပလောက်တာတွေ့ ရမှာ ဖြစ်တယ်။ လူအချင်းချင်း ဆက်ဆံရေးဟာ နည်းနည်းမှ အတိမ်းအစောင်း မခံဘူး။ လူနဲ့  လူမဟုတ် သူတို့  ဆက်ဆံရေးကြတော့ မပြောပလောက် အထိဖြစ်တယ်။ ဒါကြည့်ရင် ဘုရားရဲ့ သမာတဲ့အပြုအမူထဲက အသက်ရှောင်မှုဆိုတာ လူ့ အသက်သတ်တာ ရှောင်မှုလို့  အဓိပ္ပါယ် ထင်ရှားတယ်။
ဘုရားဟာ သူ့ ရဲ့ တရားဖြစ်တဲ့ မဂ္ဂသစ္စာကို အသိစိတ်ဓါတ်နဲ့  အမှတ်သညာ ရှိတဲ့ တစ်လံလောက်ပမာဏ ရှိတဲ့ ဒီကိုယ်ပေါ်မှာ ရှိတယ်လို့  ဟောချက် အထင်အရှားရှိတယ်။ “ရောဟိတသ” ဆိုတဲ့ ပုဂ္ဂိုလ်ကို ဟောခဲ့တာဘဲ။ ဒါကိုကြည့်ရင် ဆက်ဆံရေးရဲ့ သမာနှင့် မသမာပေါ်မှာ မှီပြီး ငြိမ်းချမ်းဆင်းရဲ ဆိုတာ လူပေါ်မှာ ဖြစ်တာပဲလို့  ထင်ရှားတယ်။ ဒါဆိုရင် သမာတဲ့ အပြုဟာ လူသတ်ခြင်း ရှောင်မှုဘဲ ဖြစ်ရမှာ ပေါ်လွင်တယ်။
ဘုရားဟောတဲ့ အသက်သတ်ရဲ့ အနက်ဟာ ရောဟိတသကို ဟောချက် လူမှုဆက်ဆံရေး နယ်ပယ် ဟောချက် ဒီအချက်တွေကြောင့် လူ့ အသက်ဘဲ ဟောတာ ဖြစ်ပါတယ်။ လူက တခြားဖြစ်သူ တွေရဲ့ အသက် မဟုတ်ပါဘူး။
အားလုံး အသက်ရှောင်တာ ဟိန္ဒူနဲ့  နွယ်လို့ 
ဒါနဲ့ စပ်လို့  တွေးစရာရှိပါတယ်။ ဘုရာဟောဒီလို မဟုတ်ဘူး ထင်တယ် လို့  ပါဘဲ။ လူသိများတာက ဘုရားဟာ သတ်မှုက ရှောင်ရမယ့် အသက်ကို အားလုံးရဲ့ အသက်အဖြစ် ဟောတာလို့  သိနေကြတယ်။ ဒီလို သိမှားတာကတော့ ဟိန္ဒူနဲ့  နွယ်ပြီး သိမိလို့ ပါဘဲ။ ဟိန္ဒူက မသတ်ရတဲ့ အသက်ဟာ အားလုံးရဲ့ အသက်ပါဘဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။
ဟိန္ဒူနဲ့  ဗုဒ္ဓဒဿနခြင်းခြား
ဟိန္ဒူတရားဟာ ဘုရားတရားနဲ့  အခြေခံသိပ်ခြားပါတယ်။ ဟိန္ဒူက ဘဝကူးဝါဒီ၊ ဘုရားက ဘဝကူး ဝါဒမယူသူ။ နောက်ပြီး ဟိန္ဒူက အတ္တမကို လက်ခံသူ၊ ဘုရားရ အတ္တမကို မပြောသူ။ ဒီလို ပြောင်းပြန်ဆန့်  ကျင်ပါတယ်။
ဒဿန သက်သတ်တန်ဖိုးခြား
အခြေခံ အမြင်မတူသူတွေရဲ့ တန်ဖိုးသတ်မှတ်ချက်ဟာ မတူကြပါဘူး။ ဒါကြောင့် ဟိန္ဒူနဲ့  ဘုရားဟာ မသတ်ရမယ့် အသက်သတ်မှတ်ချက်ခြင်း လွဲကြပါတယ်။
ဒဿနခြား သက်သတ်တန်ဖိုးခြား
အခြေခံ အမြင်မတူသူတွေရဲ့ တန်ဖိုး သတ်မှတ်ချက်ဟာ မတူကြပါဘူး။ ဒါကြောင့် ဟိန္ဒူနဲ့  ဘုရားဟာ မသတ်ရမယ့် အသက်သတ်မှတ်ချက်ခြင်းး လွဲကြပါတယ်။
ဟိန္ဒူက အသက်အားလုံးလို့  ယူပါတယ်။ သူ့  အယူအရ အသတ်အားလုံးဟာ အတူတူပါ။ လူ့ အသက်နဲ့  တခြား အကောင်ဗလောင်တွေရဲ့ အသက်ဟာ မကွဲပြားပါဘူး။
ဟိန္ဒူဒဿန
လူသေပြီး အကောင်ဗလောင် ဖြစ်နိုင်သလို အကောင်ဗလောင် သေပြီး လူဖြစ်နိုင်တယ်။ အာတမ ကလေးကပဲ ဘယ်က ထွက်လာလာ လူထဲ ဝင်မိတော့ လူဖြစ်၊ အကောင်ဗလောင် တစ်ခုခုထဲ ဝင်မိတော့ အကောင်ဗလောင် တစ်ခုခုဖြစ်၊ ဟိန္ဒူက အာတမနဲ့ ဘဝကူးကို ယူပြီး ဒီလိုမြင်ပါ တယ်။
ဘုရားက အာတမကိုရော ဘဝကိုရော မပြောဆိုဘဲ လူ့ အမှုတွေ အကြောင်းကိုသာ ပြောဆိုသူ ဖြစ်ပါတယ်။ ဒါကြောင့် ဟိန္ဒူလို သက်ရှိ အားလုံးယူလို့  မဖြစ်ပါဘူး။ သူလိုချင်ရင် သူ့ လို ခံယူတာမျိုး ရှိမှ ဖြစ်ပါမယ်။ ဘုရားရဲ့ ခံယူချက်ဟာ ဒါမှ မဟုတ် တရားဟာ ဟိန္ဒူ ခံယူချက် တရားနဲ့  လုံးလုံး မစပ်နွယ်ပါဘူး။ ဒါကြောင့် ဘုရားဟာ ဟိန္ဒူလို အသက်အားလုံးကို မယူပါဘူး။
တစ်ခြားဘာသာတို့  ယူတဲ့ သက်သတ်
ဂရုဓမ္မကို ခိုင်မြဲအောင် တည်ဆောက်ရေး လုပ်ငန်း လုပ်ကြတဲ့ တခြားဘာသာကြီး နှစ်ခုကလည်း မသတ်ရမယ့် အသက်ကို အသက်အားလုံး လို့  မယူကြဘူး။ လူ့ အသက်လို့ ဘဲ ယူကြတယ်။ သူတို့ ဟာ အရင်းအတိုင်း မပျက်မယွင်း ယူနိုင်ခြင်းပါဘဲ။ သဘောတရားဟာ ဂရုဓမ္မကို တည်ဆောက်ဖို့ ဘဲ ဖြစ်ပါတယ်။ ဂရုဓမ္မရဲ့  အနက်ကို ပြောင်းလဲစေဖို့  မဟုတ်ပါဘူး။ ပြောင်းလွှဲစေလို့ လည်း မဖြစ်ပါဘူး။ ပြောင်းလဲရင် ဂရုဓမ္မ ဟာ လူတွေရဲ့  ဓမ္မမဟုတ်တော့ဘဲ သူကိုယ်တိုင် ဓမ္မဖြစ်သွားမှာပေါ့။
ဘုရား(၂၅) ဘုရားရဲ့ မသတ်ရတဲ့ အသက်ဟာ လူပဲ
Labels:
ဘုရား