ယနေ့ ဗုဒ္ဓသာသနာ၏ အရည်အသွေး

စိစစ်နိုင်သူက ဘာကြောင့် သည်လိုဖြစ်ရတာလဲ စိစစ်ရမယ်။ ဗုဒ္ဓသာသနာဟာ အရိယ သစ္စာ ဦးနှောက် မပါတော့ဘဲ လှုပ်ရှားနေတာကို တွေ့ ရမယ်။ ဦးနှောက်မဲ့ လှုပ်ရှားမှုဟာ ဖုတ်သရဲ လှုပ်ရှားမှုပဲ။ ဒါကြောင့် လူတွေရဲ့ လှုပ်ရှားမှုတွေဟာ ဖုတ်သရဲ ပူးဝင်ခံထားရသူ တွေရဲ့ လှုပ်ရှားမှုတွေ ဖြစ်နေကြတာပဲ။

သမိုင်းနဲ့ ချီပြီး ကြည့်ရင် ဗုဒ္ဓဘာသာဝင် ဦးရေတွေသာ နိုင်ငံတနိုင်ငံမှာ များလာကောင်း လာမယ်။ အဲသည် နိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတို့ ဘ၀ဟာ ဗုဒ္ဓဘာသာဝင် မဟုတ်သူများရဲ့ ဘ၀နှင့် ထူးမခြားနားပဲ ဖြစ်တာ တွေ့ ရမယ်။ နိုင်ငံရဲ့ လွတ်လပ်စွာ ဖြစ်ထွန်းမှု၊ မဖြစ်ထွန်းမှု ဟာ ဗုဒ္ဓဘာသာ ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့  မသက်ဆိုင်ဘဲ အကြောင်းသင့်လို့  ထနောင်းပွင့်ပြီး၊ မသင့်လို့  မပွင့်ကြတာ ဆိုတာလိုမျိုး ဖြစ်ကြတယ်။ ဗမာပြည်လည်း သည်အထဲကပဲပေါ့။

ဗုဒ္ဓဘာသာရဲ့ တခုတည်းဖြစ်တဲ့ ရည်ရွယ်ချက်ဟာ … …
- လူတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ကြဖို့ ၊ ဒါမှမဟုတ်
- လူတွေ အမှီခို ကင်းကြဖို့  ဒါမှမဟုတ်
- လူတွေ ၀ိမုတ္တိဖြစ်ကြဖို့ ၊
- လွတ်လပ်စွာ ရှင်သန်ခွင့် ရကြဖို့ ၊
- နိဗ္ဗာန်ရောက်ကြဖို့  တွေပဲပေါ့။

သည်နေ့ ကမ္ဘာမှာ ဖြန့် နေတဲ့ ဗုဒ္ဓဘာသာဟာ သည်ရည်ရွယ်ချက် အရောက်လှမ်းဖို့  လမ်း မပါတော့ဘူးပဲ။ မြန်မာ ဗုဒ္ဓဘာသာလည်း သည်ဗုဒ္ဓဘာသာပဲပေါ့။

ဒါတွေကြောင့် ဗမာပြည်ဟာ နိုင်ထက်စီးနင်းဝါဒ ဒါမှမဟုတ် နိုင်ရာစားဝါဒ လွှမ်းမိုးတဲ့ နိုင်ငံ ဖြစ်တယ်။ သည်အဖြစ်ဟာ သမိုင်းထဲက မြန်မာနိုင်ငံက အစပဲ။ သမိုင်းစတင်တဲ့ မြန်မာနိုင်ငံက အစပြုပြောရင် သည်နေ့ မြန်မာပြည်ရဲ့ ခြံစည်းရိုးကို ခတ်ခဲ့တဲ့ ပုဂံအနော်ရထာက စပြောရမှာပဲ။

အနော်ရထာဟာ ဗုဒ္ဓဘုရား ရှိစဉ်က ဘုရင်များနဲ့ မခြားဘဲ ဖြစ်မယ်။ လက်ရုံးရည်နဲ့  အုပ်ချုပ်သူပဲပေါ့။ သည်တော့ နိုင်ငံတော် အာဏာဟာ သူ့ အာဏာပဲ ဖြစ်မယ်။ သူဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာကို ပုဂံယူလာပြီး ပုဂံမှာ ရှိရင်း မဟာယာန ဗုဒ္ဓသာသနာဝင် အရည်း တွေကို ထေရ၀ါဒ ဗုဒ္ဓဘာသာ အတွင်း သွင်းပြီး သာသနာ တခုတည်ဖြစ်အောင် ဆောင်ရွက်ခဲ့သူ ဖြစ်တယ်။

ပုဂံမှာ ရှေးကရှိခဲ့တဲ့ အရည်းတွေဟာမဟာယာန ဗုဒ္ဓဘာသာပီပီ လူမှု လုပ်ငန်းခပ်သိမ်းကို ဦးဆောင်လမ်းညွှန်မှုပေးနေကြသူများ ဖြစ်ကြတယ်။ လူများ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ နေရေးထိုင်ရေး၊ တိုက်ခိုက်ရေး၊ ခုခံရေး … အစစ အရေးများအတွက် ဦးဆောင်မှုပေးနေ ကြသူများ ဖြစ်ကြတယ်။ သည်တော့ သူတို့ ဟာ လူများနဲ့  ရောထွေးနေကြရမှာ မလွဲပေါ့။ ထေရ၀ါဒ ဗုဒ္ဓဘာာ အနေအထားကတော့ သည်လို ရှိကောင်းမှ ရှိမယ်။ ခေတ်အလျှောက် အနည်းအပါး ရှိကောင်းလည်း ရှိနေမလား တွေးလောက်တာလည်း တွေ့ ရတယ်။

ဗုဒ္ဓဘုရားလက်ထက်က ဗုဒ္ဓသာသနာဟာ လူမှုဘ၀များနဲ့  သီးခြားဖြစ်တယ်။ ဗုဒ္ဓသာသနာ ၀င်တွေဟာ တောမှာပဲနေကြပြီး လူများက မြို့ နဲ့ ရွာတွေမှာ နေကြတာပဲ။ သာသနာဝင်များ က ပစ္စည်းလေးမျိုး လိုတဲ့အခါမှာလည်း လူများထံကပ်ကြပြီး လူများကို ဗုဒ္ဓဘုရား ဟောပြောချက်များနဲ့  ဆုံးမပေးကြတာတွေ လုပ်တာ ကိုယ့်နေရာ ကိုယ်နေကြတာပဲ။

အရည်းနဲ့ အရောခံရပြီး အရည်းများကို ဆည်းကပ်ခဲ့ကြတဲ့ ပုဂံသူ ပုဂံသားရဲ့ အကိုးကွယ်ကို ခံရတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာဝင်များရဲ့ ဘ၀ဟာ ဝေဖန်ကြည့်ရင် မသိနိုင်စရာ မရှိတော့ဘူးပေါ့။ ပုဂံသမိုင်းထဲက ပံသကူဆရာတော်၊ စကြိုသူမြတ်ဆရာတော်၊ ပေါင်လောင်ရှင်ကဿပဆရာတော် … အစစ ဆရာတော်တွေက အရည်း အငွေ့ အသက် တွေ ရနေတဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာဝင်တွေ အဖြစ်တွေ့ နိုင်တာတွေပဲ။ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်တို့  ခေတ်တွေမှာ ပွဲကျောင်းတွေ အဖြစ် ရပ်တည်နေကြပြီပဲ။ ပွဲကျောင်းတွေ ဟာ အရည်းတို့  စနစ်တကျ အားလုံးကို သင်ကြားပေးနေခဲ့ကြပြီ။

သင်္ချာ၊ ဗေဒင်၊ ရာဇ၀င်၊ နီတိ၊ စာရေး … အစစ ၀ိဇ္ဇှာပညာရပ်များနှင့် ကျန်းမာရေး ဆေးဝါး အတတ်၊ ဒုတ်ဓားလှံ လေးအတတ်၊ ဆင်စီး၊ မြင်းစီး အတတ် … အစစ သိပ္ပပညာရပ်များကို ပွဲကျောင်းများက သင်ကြားပေးကြတာပဲ။ ဒါတွေကြောင့် ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်း များဟာ တိုင်းပြည်ရဲ့ ဆရာတော်များနေရာမှာ ထားပြီး အကိုးအစား ခံရသူများ ဖြစ်ကြတယ်။

ဘုရင်ဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်သူ ဖြစ်သလို သာသနာ့ ၀န်ထမ်းများက တိုင်းပြည်ရဲ့ ပညာ ရပ်များကိုသင်ကြားပေးသူ ဆရာတော်များဖြစ်ကြတယ်။ ဒါကြောင့် သာသနာ့ဝန်ထမ်းများ ကို ဘုရင်နှင့်ပြည်သူက အလေးအမြတ်ပုဂ္ဂိုလ်များအဖြစ် အသိအမှတ်ပြုကြရတယ်။

သာသနာ့ ၀န်ထမ်းများရဲ့ အရေအတွက်ကလည်း နည်းလှတာ မဟုတ်ဘူး။ ပြည်သူ တရာ မှာ တဦးကျလောက်ဆိုတော့ တိုင်းပြည်ရဲ့ တစ်ရာခိုင်နှုန်းလို့  ပြောရမယ်။ အဲဒါ သည်နေ့  ခေတ်အထိ သည်နှုန်းအတိုင်း ရှိတာပဲ။

ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ မြတ်နိုးပူဇော်မှုကို အပြည့်ရသူများ ဖြစ်ကြတယ်။ သည်နေရာမှာ အထူးဝမ်းသာစရာ မဟုတ်တာတချက် ပြောရမယ်။ အဲဒါက ဗုဒ္ဓသာသနာ့ ၀န်ထမ်းအဖြစ် အမြတ်တနိုး အပူဇော်ခံရတာ မဟုတ်တာပဲ။ အဲဒါ အမှန်ပဲ။ ဗုဒ္ဓဘာသာ သာသနာ့ ၀န်ထမ်းတွေဟာ ဗုဒ္ဓသာသနာ့ဝန်တာကို ထမ်းရွက်ဖို့  သာသနာဖြစ် တဲ့ အရိယသစ္စာများ သူတို့ ထံ မရှိကြတာကြောင့်ပဲ။

သူတို့ ဟာ ၀ိနယတွေ အပြည့်လိုက်နာကြမယ်၊ ဓမ္မတွေ အဆင့်ဆင့် သင်ပေးကြ၊ သင်ယူ ကြတာတွေ လုပ်ကြမယ်။ သင်ကြားပြီးတာတွေ အပျောက်အရှတွေ မရှိအောင် ရွတ်ဖက် ကြ၊ သရဇ္ဈာယ်ကြတာတွေ လုပ်ကြမယ်။ ဒါတွေဟာ သာသနာ့ဝန်တာတွေလို့  သူတို့ ယုံ ကြည်ကြတယ်။ သူတို့ သိကြတဲ့ အရိယဓမ္မတွေဟာ သူတို့  လက်လှမ်းမမှီရာ ရောက်နေ တာသူတို့  သိကြတယ်။

သူတို့ သိကြတဲ့ အရိယဓမ္မဟာ သူတို့  ကိုယ်ကို သူတို့  မဟုတ်ဘူးလို့  အသိပေးချက်ပဲ။ လူဟာ ကိုယ်ကိုယ်ကို ကိုယ့်ကိုယ်မဟုတ်ဘူးလို့  သိလို့  မဖြစ်တာပဲ။ အဲဒါ ဖြစ်လိုက်ရင် လည်း မတွေးဝံ့လောက်အောင် ထိတ်လန့် ရလိမ့်မယ်။ ကိုယ့်ကိုယ်သာ ကိုယ့်ကိုယ်မဟုတ် ဘူးဆိုရင် လောကမှာ ကောင်း၊ ဆိုး၊ ယုတ်၊ မြတ် ဘာမှ လိုက်နာ စရာ၊ မလိုက်နာစရာ မရှိ ဖြစ်ပြီပဲ။ ကိုယ့်ကိုယ်အတွက် မကောင်းရှောင်ရှား၊ အကောင်းပွားလုပ်ကြရတာ မဟုတ်လား။ အဲဒါတွေ ဘာမှ မရှိဘူးဆိုရင် အမှောင်ဆုံး သုည ထဲ ရောက်မှာပေါ့။

သည်တော့ ကိုယ့်ကိုယ်ပျောက်မှာကြောက်ပြီး သူတို့ သိတဲ့ အရိယာတရား ဆိုတာကို မျိုမချကြဘဲ ပါးစပ်ထဲပဲ ငုံထားကြတဲ့ တာဝန်ကို ထမ်းကြတယ်။ ရောဂါပျောက်ဖို့  သောက် ရတဲ့ ဆေးအမှန်ကို မျိုမချဘဲ ပါးစပ်ထဲငုံထားရင် ရောဂါမပျောက်မှာ အသေအချာပဲ။ ရောဂါ ပျောက်ဖို့  ဆေးလို့ ညွှန်းထားပေမယ့် အဆိပ်ဖြစ်တဲ့ ဆေးအမှားကို မျိုချတာ မလုပ်ဘဲ ပါးစပ်ထဲ ငုံထားတဲ့ အတွက် အဆိပ်သင့်ပြီး ပျက်စီးရတဲ့ အဖြစ်ကတော့ လွတ်တာပဲ။ ဒါပေ မယ့် မသေတာပဲရှိမယ်။ ရောဂါတော့ မပျောက်ဘူး။

ဒါကြောင့် သူတို့ ဟာ သာသနာ့ဝန် ထမ်းနေရပေမယ့် လာဘ၊ ဒေါသ၊ မောဟ၊ ဒိဌိ .. အစစတွေ ကြီးကြတဲ့ ကံနဲ့ ဝိပါက်တွေရဲ့ ပျက်စီးဆိုးဝါးတာတွေမသိမြင်ဘဲ၊ ဒါတွေ မဖြစ်ဖို့  ခေါင်းပါးတာတွေ ဘယ်လောက်ကျင့်ကျင့် ဒါတွေကို ပယ်နိုင်တာ မဖြစ်ကြဘူး။ သည် သိစရာတွေ သိဖို့ ကလည်း အသိခံရတဲ့ ကံနဲ့  ၀ိပါက်တွေရဲ့ ပျက်စီး ဆိုးဝါးတာတွေ မသိမြင်ဘဲ ဒါတွေမဖြစ်ဘို့  ခေါင်းပါးတာတွေ ဘယ်လောက်ကျင့်ကျင့် ဒါတွေကို ပယ်နိုင် တာ မဖြစ်ကြဘူး။

သည် သိစရာတွေ သိဖို့ ကလည်း အသိခံရတဲ့ ကံနဲ့ ဝိပါက်တွေကို မကပ်ရောက် မမှီဝဲဘဲ နေပြီး သည်ကံနဲ့  ၀ိပါက်တွေကို ဝေဖန်တာတွေ လုပ်ရမှာ မဟုတ်လား။ ဒါမှ လော၊ ဒေါသ၊ မောဟ … အစစတွေ ငြိမ်းရာရောက်မယ်။ ဒါ အရိယသစ္စာစနစ်ပဲ။ သည်စနစ်ဟာ သူတို့  ဆီမှာ မပါလာဘူး။ စာဏကျလက်ထက်က ဘာသာရေး အမွှေခံရလို့  ဗုဒ္ဓဘုရား ကိုယ်တိုင် ဗိရှနုဝင်စား အဖြစ် ခံရတာထဲ ပါသွားတာ ခံရတယ်။

ဗုဒ္ဓဘုရားကိုယ်တိုင် မမွေးမီက တနေရာရာကလာသူ ဖြစ်တယ် ခံယူတော့ ခံယူသူ ဗုဒ္ဓ ဘာသာဝင်တွေထဲမှာ ရှေးဘ၀ နောင်ဘ၀ ခံယူကြပြီပေါ့။ အဲဒါတွေက ဘယ်လိုသွားနေ တယ် ပြောဖို့  လက်သယ်ကို ကံအဖြစ် ယူကြကတည်းက ကံဝိပါက်တို့ ရဲ့ သဘာဝ အမှန် အသိကွယ်ခဲ့ပြီပဲ။ ဒါကြောင့် ကံရဲ့ အကြောင်းဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်ထွန်းချင်သလောက် ဖြစ်ထွန်း စည်ပင်ခွင့် ရကြတော့တာပဲ။

ဒါကြောင့် ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းတွေဟာ သူတို့ ရဲ့ သာသနာအပြုခံ လူများနဲ့  မခြား လောဘ၊ ဒေါသ၊ မောဟ … အစစများ ဖြစ်ပွားလျက် ရှိကြတာပဲ။ သည်တရားတွေ ဟာ မာရ်နတ်ရဲ့ ကျော့ကွင်းတွေ ဖြစ်ကြောင်း ဗုဒ္ဓဘုရားညွှန်ကြားခဲ့တယ်။ မာရ်နတ်ရဲ့ ကျော့ကွင်းဆိုလည်း ဒါကို သူတို့ မသိကြဘူး။ ဒါကြောင့်လည်း ဒါကို မကြောက်ကြဘူး။

မကြောက်တာနဲ့ ပဲ ကြောက်စရာက လွတ်တာတော့ မဟုတ်ဘူးပဲ။ ကြောက်စရာဟာ အာ ဏာစက်ပဲ။ အာဏာစက် အလည်ပတ်ခံရတာဟာ မာရ်နတ် အစမ်းခံရတာပဲ။ လောဘ၊ ဒေါသ၊ မောဟ အစစ ကျော့ကွင်း အမိမခံရသူက အာဏာစက် အလည်မခံရဘူးပဲ။

ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းတွေဟာ အရိယသစ္စာ အကွယ်ခံရတာကြောင့် လောဘ၊ ဒေါသ … အစစ ကိလေသာတွေပယ်ဖို့  သိက္ခာတွေ ဖြစ်ကြတဲ့ အဓိသီလ၊ အဓိစိတ္တ၊ အဓိ ပညာ သိက္ခာတွေကို ဖြည့်ကျင့်ခွင့် မရကြဘူး။ သိခွင့်ပင်မရ ဖြစ်ခဲ့ကြရတယ်။ သီလကို အားကြိုးခွန်နွှဲ ကျင့်ပေမယ့် ပညာရဲ့ အထောက်အကူ မရတဲ့သီလ ဖြစ်တော့ သီလဗ္ဗတပရာမာသ သီလပဲ ဖြစ်ပြီး အဓိသီလသိက္ခာနဲ့  ဝေးရတာပေါ့။

သမာဓိ၊ ပညာတွေ အားသွန်ခွန်စိုက် ပွားကြတာတွေလည်း သီလအထောက်အကူ မပါဘဲ ပွားကြတာတွေ ဖြစ်လေတော့ ရူပ၊ အရူပ သမာဓိ၊ ပညာတွေပဲ ဖြစ်ကြပြီး အဓိစိတ္တနဲ့  အဓိ ပညာ သိက္ခာ စာရင်း မ၀င်တာတွေပဲ ဖြစ်ကြရတာပဲ။

ပညာရပ် တခုဟာ အကွယ်အပ ခံရသွားပြီ ဆိုရင် အထူးအားဖြင့် ဗုဒ္ဓဘုရား ဖော်ထုတ်ခဲ့တဲ့ မဇ္ဈိမလမ်း ဖြစ်တဲ့ မဂ္ဂအရိယသစ္စာ အကွယ်အပ ခံရတာဟာ ဗုဒ္ဓဘာသာ သာသနာ ၀န်ထမ်းတွေနဲ့  ဗုဒ္ဓဘာသာဝင် မိသားစုများ ဘယ်လောက် နစ်နာ ဆုံးရှုံးကြတာကို မတွေး ၀ံ့စရာ ဖြစ်တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ သာသနာ့ ၀န်ထမ်းများနဲ့  ဗုဒ္ဓဘာသာဝင်များ အနေနဲ့  သူတို့ မှာ အရိယသစ္စာ အကွယ်အပခံရတာကို အရိယသစ္စာ အကွယ်အပ ခံရပြီ လို့  မသိတဲ့အထိ ရှိကြတယ်။ သူတို့ အရိယသစ္စာ မသိတာကို မသိမှန်းပင် မသိကြတဲ့ အထိ ရှိကြပြီ ဖြစ်တဲ့အတွက် အပြုံးမပျက် အပျော်မပျက် ကျော့ကျော့မော့မော့ပင် ရှိကြ တယ်။

သူတို့ ဦးထိပ်ရွက်ပန်ဆင်နေကြတဲ့ အရိယသစ္စာတွေဟာ အရိယာအဖြစ် တပေါက်လောက် တောင် ချမပေးနိုင်တာကြောင့် သူတို့ ဟာ ရွှေငုံးမင်း အမြီးမျှော် ဇာတ်လမ်းထဲ သွင်းပြီး နောင်ဘ၀ မျှော်ကြရသူတွေ ဖြစ်ရတယ်။ အဖြစ်နဲ့ လည်း မျှော်ရတယ်။ မဖြစ်တော့ဘူး ဆို သော်မှ အပြတ်နဲ့ လည်း နောင်ဘ၀ မဖြစ်ဖို့  မျှော်ရတာပဲ။ နောက်နဲ့  နောင်ဘ၀တွေ ဟူသ မျှ မိစ္ဆာ တွေချည်းဖြစ်တော့ မိစ္ဆာဒိဌိဟာ မာရ်နတ်ရဲ့ ကျော့ကွင်းတခု မဟုတ်လား။ ဒါထဲ အမိခံရတာပေါ့။

မိစ္ဆာဒိဌိ ကျော့ကွင်း အမိခံရသူဟာ သမ္မာဒိဌိလုပ်လို့  မရတာပဲ။ သမ္မာဒိဌိ မရှသူဟာ တွေးရင် သမ္မာသင်္ကပ္ပဖြစ်အောင် တွေးလို့  မရဘဲ မိစ္ဆာသင်္ကပ္ပပဲ ဖြစ်ရမှာပဲ။ သည်လို အမြင် အတွေးတွေ မိစ္ဆာဖြစ်နေကြမှတော့ ပြော၊ ပြု၊ နေ၊ ကြိုးစား၊ နိုးကြားနဲ့  စိတ်ထားတွေ လည်း မိစ္ဆာတွေပဲ။ ဘယ်မှာ မဂ္ဂအရိယသစ္စာ လို့  ပြောရမှာလဲ။

မဇ္ဈိမလမ်းကြောင်းဖြစ်တဲ့ မဂ္ဂအရိယသစ္စာ အပျောက်ဆုံး ခံရသူဟာဘယ်လမ်းနဲ့ သွားမှာ လဲ။ အစွန်းရောက်လမ်းတွေလို့  ပြောရတဲ့ လမ်းအပြင် သွားစရာလမ်း မရှိသူတွေပဲ။ လမ်း ကြောင်းမဂ္ဂ ဆိုက်တာတွေက ကံတွေပဲ။ မဇ္စျိမလမ်းကြောင်း မဂ္ဂမဟုတ်တဲ့ ကံတွေဟာ အစွန်း ရောက်လမ်းကြောင်း မဂ္ဂထိုက်တဲ့ ကံတွေပေါ့။ ဒါတွေက မဇ္စျိမကံ မထိုက်တဲ့ အကောင်းအဆိုး အမျိုးမျိုးကံတွေပဲ။ အကုသိုလ်ကံ၊ ကာမ၊ ရူပါရူပကုသိုလ်ကံတွေ အားလုံးပဲ။

မိစ္ဆာဒိဌိ ဆိုတဲ့ ပါဠိစကားဟာ ချွတ်ယွင်းဖောက်ပြန်တဲ့ အမြင်ဆိုတဲ့ မြန်မာစကားနဲ့  ထပ်တူ အဓိပ္ပါယ်ရှိတဲ့ စကားဖြစ်တယ်။ အမြင် ချွတ်ယွင်း ဖောက်ပြန်သူဟာ တွေးရင်လည်း အတွေး ချွတ်ယွင်း ဖောက်ပြန် ဖြစ်ပြီပေါ့။ ဒါ မိစ္ဆာသင်္ကပ္ပ ဖြစ်တာပဲ။ အမြင်ရော အတွေးပါ ချွတ်ယွင်း ဖောက်ပြန်သူဟာ ပြောပြုနေ ရပ်တည်ချက်အမှုကံ သီလမှန်သမျှ ကောင်း ကောင်း ဆိုးဆိုး မိစ္ဆာချည်း ဖြစ်ပြီပေါ့။ သည်လိုဖြစ်သူဟာ လုံးလ၊ သတိနဲ့  သမာဓိတွေ အားထုတ်ဦးမလား။ အားလုံး မိစ္ဆာဖြစ်တဲ့ ချွတ်ယွင်း ဖောက်ပြန်တဲ့ လုံးလ၊ ချွတ်ယွင်း ဖောက်ပြန်တဲ့ သတိနဲ့  ချွတ်ယွင်းဖောက်ပြန်တဲ့ သမာဓိတွေပဲ မလွဲဖြစ်ရပြီ။

သည်လို မိစ္ဆာလမ်းပွင့်ပြီး မိစ္ဆာာမဂ်လမ်း လျှောက်လှမ်းနေကြသူတွေဟာ မရိုးသား မဖြူစင် မှု အနရိယနဲ့  ရိုးသား ဖြူစင်မှု အရိယ အဖြစ်တွေကို ပြုတတ်တဲ့ သဘောဟာ ဘာဖြစ်တယ် လို့  မသိ မဖြစ်ကြတော့ဘဲ ခံစားချက် ဆိုးဆိုးဝါးဝါး နဲ့  ခံစားချက် ကောင်းကောင်း ကန်းကန်း သည်နှစ်လမ်းပဲ သိကြတော့တယ်။ ခံစားချက်ဆိုး ရသူဟာ အနရိယာ၊ ခံစားချက်ကောင်း ရသူဟာ အရိယာ သည်လိုမှတ်ကြတယ်။

ဒါကြောင့် သူတို့  အရိယာ လမ်းဟာ ခံစားချက် ကောင်းကောင်းတွေ ဖြစ်စေတဲ့ ကံတွေ လုပ်တာပဲ။ ခံစားချက်ကောင်းကို ဖြစ်စေတဲ့ ကံတွေဟာ ကုသိုလ်ကံတွေ ဖြစ်တယ်။ သည် ကံတွေ များများလုပ်လို့  ပြည့်သွားသူဟာ အရိယာပဲ။ နည်းနည်းပဲ လုပ်နိုင်သေးလို့  မပြည့် သေးသူဟာ အရိယာ မဖြစ်သေးဘဲ အရိယာနွယ်ဝင် ပဲလို့  မှတ်ယူကြတယ်။

ဗုဒ္ဓဘာသာ သာသနာဝန်ထမ်းတွေ အားလုံးပဲ သည်အတိုင်း မှတ်ယူကြတယ်။ သည် အတိုင်းပဲ ကျင့်သုံးကြတယ်။ သည်အတိုင်း ဒကာ ဒကာမများကို ဟောပြောသွန်သင် တာ တွေလည်း လုပ်ကြတယ်။ သည်လို ဟောပြောချက်တွေနဲ့  ဒကာ ဒကာမများကို ထိန်းပေး ကျောင်း ပေးတဲ့ လုပ်ငန်း လုပ်နေခြင်းဟာ သာသနာ့ဝန်ကို ထမ်းနေခြင်း လို့ လည်း မှတ်ယူကြတယ်။ ဒကာ ဒကာမများကလည်း သာသနာ့ ၀န်ထမ်းများက သည်လို ထိန်းပေး ကျောင်းပေးတဲ့ လုပ်ငန်း လုပ်တာကို ခံယူနိုင်အောင် ရွာတိုင်း ရပ်တိုင်းရဲ့ ရွာဦးရပ်ဦးမှာ ထိန်းပေး ကျောင်းပေးသူ နေဖို့  နေစရာကို၊ ကျောင်းပေးသူ နေဖို့  ဖြစ်တဲ့ အတွက် “ ကျောင်း“ ဆိုတဲ့ အမည်တပ်ပြီး တည်ဆောက်ပေးကြတယ်။ ဆွမ်း၊ သင်္ကန်း၊ ဆေးတွေ လည်း ပေးကြတယ်။ ဒါဟာ သာသနာ့ အမွေခံနိုင်ဖို့  အရင်းအနှီး မြှုပ်နှံချက်များလို့ လည်း ဒကာ၊ ဒကာမတွေက ခံယူကြတယ်။

သူတို့ ကို ကျောင်းပေးကြသူများဟာ လွတ်မြောက်သူတွေလား၊ လည်ပတ်နေသူတွေလား သူတို့ မသိကြဘူး။ သူတို့ ကိုကျောင်းပေးနေတဲ့လမ်းကကော လည်လမ်းလား၊ လွတ်လမ်း လား လည်းသူတို့ မသိကြဘူး။ သူတို့ ကို ကျောင်းပေးနေကြတဲ့ သာသနာ့ ၀န်ထမ်းများက လည်း သူတို့ ကျောင်းပေးနေတဲ့လမ်းဟာ လွတ်လမ်းအမှတ်နဲ့  ကျောင်းပေးနေပေမယ့် လည်လမ်းဖြစ်နေတာ မသိသူများ ဖြစ်ကြတယ်။

Website counter

Back to TOP